Healthy Life Ad
Health Tips

အကြိုဆီးချိုရောဂါမှ ဆီးချိုရောဂါ ဖြစ်မလာစေရန် လိုက်နာသင့်သည့် နည်းလမ်းများ

စူး(ဆေးဝါးတက္ကသိုလ်)

အခုအခါ ကမ္ဘာတစ်ဝန်းမှာ ဆီးချိုရောဂါ ဖြစ်နှုန်း တိုးနေပါတယ်။ ခန္ဓာကိုယ်ထဲမှာ အင်ဆူလင်ဓာတ် ထုတ်လုပ်မှု လျော့နည်းလို့ပဲ ဖြစ်ဖြစ်၊ အင်ဆူလင်ရဲ့ အာနိသင်လျော့နည်းလို့ပဲဖြစ်ဖြစ်သွေးထဲမှာ သကြားဓာတ်တွေများပြား နေပြီး ဖြစ်ပေါ်လာတဲ့ နာတာရှည်ရောဂါကို ဆီးချို သွေးချိုရောဂါလို့ ခေါ်ပါတယ်။မှန်ကန်တဲ့လူနေမှုစားသောက် ပုံတွေနဲ့ ဆီးချိုရောဂါကို ကာကွယ်လို့ရပါတယ်။

ဆီးချိုရောဂါ မဖြစ်စေဖို့ ချိုလွန်း၊ အဆီများလွန်း၊ ငန်လွန်းတဲ့အ စားအသောက်တွေကို မစားရပါဘူး၊ ဟင်းသီးဟင်း ရွက်တွေကို များများစားရပါမယ်၊ ရေများများသောက်ရပါ မယ်၊ကိုယ်အလေးချိန်တက်မလာအောင် ထိန်းရပါမယ်၊ ဆေးလိပ်နဲ့ အရက်သောက်တာကို ရှောင်ရပါမယ်။စိတ် ဖိစီးမှုတွေများရင်လည်း ဆီးချိုဖြစ်နိုင်ပါတယ်။

ဒီအချက်တွေအပြင် သင့်မှာ အကြိုဆီးချိုရောဂါဖြစ်နေပြီလို့သိရှိ လာရင် ဆီးချိုရောဂါ ဖြစ်မလာစေဖို့ အောက်ပါအချက်တွေကို လိုက်နာရမှာ ဖြစ်ပါတယ်။

(၁)ကိုယ်အလေးချိန်များနေလျှင် လျှော့ချပါ
အဝလွန်နေရင် ဒါမှမဟုတ် ကိုယ်အလေးချိန်များနေရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်စား သောက်ရင်း ခန္ဓာကိုယ်အလေးချိန်ရဲ့ ၇ ရာခိုင်နှုန်းလောက် လျှော့ချနိုင်ရုံနဲ့ ဆီးချိုသွေးချို ရောဂါဖြစ်နှုန်းကို ၅၈ ရာခိုင်နှုန်း လျော့ကျစေပါတယ်။

(၂)လေ့ကျင့်ခန်း များများ လုပ်ပါ
တစ်နေ့တာမှာ ခန္ဓာကိုယ်ကို လှုပ်ရှားမှုများများ လုပ်ဖြစ်အောင် လေ့ကျင့်ပေးပါ။ဒါမှမဟုတ် ထိုင်ချိန်မိနစ်၂၀ ကြာတိုင်း ခဏတာ လမ်းထလျှောက်လိုက်ပါ။

(၃)ပန်းသီးရှလကာရည် သောက်ပါ
ပန်းသီးရှလကာရည်(City Martဆိုင်တွေမှာ Apple Cider Vinegarအမည်နဲ့ ဝယ်ယူရရှိနိုင်)ကို အစာစားပြီး နောက် ဒါမှမဟုတ် အိပ်ရာမဝင်ခင် သောက်ပေးပါ။

(၄)ယောဂကျင့်ပါ သို့မဟုတ် တရားထိုင်ပါ
စိတ်ဖိစီးမှုများရင် သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေတဲ့အတွက် ယောဂကျင့်စဉ်ကျင့်တာ ဒါမှမဟုတ် တရားထိုင်တာတွေလုပ်ဆောင်ပြီး စိတ်ဖိစီးမှုကို လျှော့ချသင့်ပါတယ်။

(၅)အိပ်ရေးဝ၀ အိပ်စက်အနားယူပါ
အိပ်ရေးဝ၀ အိပ်စက်အနားယူတာကြောင့် သွေးတွင်းသကြားဓာတ်ကို ဟန်ချက်ညီအောင် ထိန်းချုပ်ပေးနိုင်ပါ တယ်။

Most Popular

Healthy Life Ad
To Top