Healthy Life Ad
Health Tips

သင့်အိမ်ထဲမှာ ခြင်မရှိစေရန် လုပ်ဆောင်နိုင်မည့် အလွယ်နည်းများ

စူး (ဆေးဝါးတက္ကသိုလ်)

အိမ်ထဲ၊ အခန်းထဲမှာ ခြင်တွေရှိပြီး ခြင်အကိုက်ခံရတာက တကယ်အခံရခက်တဲ့ ဝေဒနာပါ။ ခြင်ကိုက်ခံရတာ ကြောင့် ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါစတဲ့ ကျန်းမာရေးပြဿနာတွေလည်း ရရှိစေတဲ့အတွက် ခြင်ပြေးစေဖို့နဲ့ ခြင်အကိုက်မခံရစေဖို့ လုပ်ဆောင်သင့်ပါတယ်။

(၁) တမာဆီအနံ့ဟာ အိမ်ထဲ၊ အခန်းထဲက ခြင်တွေကို ပြေးစေတဲ့ အစွမ်းရှိတာကြောင့် ခိုအောင်းနေတဲ့ ခြင် တွေရှိရင်တောင် ထွက်သွားစေပါတယ်။ တမာဆီနဲ့ အုန်းဆီကို ဆတူရောပြီး ထိရောက်တဲ့ ပိုးသတ်ဆေး အဖြစ် အသုံးပြုကာ ခြင်ကိုက်နိုင်တဲ့ သင့်ခန္ဓာကိုယ် အရေပြားပေါ် ပွတ်လိမ်းပေးလိုက်ပါ။

(၂) ခြင်ပြေးစေမယ့် တခြားသဘာဝနည်း လမ်းတစ်ခုက Tulsi ဆိုတဲ့ အပင်ကို ပြတင်းပေါက်နားမှာ စိုက်ထား ဖို့ပဲ ဖြစ်ပါတယ်။ ဒါဆိုရင် ခြင်တွေ ပေါက်ပွားမှာ မဟုတ်တော့ပါဘူး။

(၃) သံပယိုဆီနဲ့ ယူကလစ်ဆီတို့ကို ရောပြီး အရေပြားပေါ် လိမ်းထားလိုက်ရင် ခြင်တွေ ခပ်ဝေးဝေးကို ပြေး သွားပါလိမ့်မယ်။

(၄) ပရုတ်ဟာ အိမ်ထဲမှာ ခြင်တွေကို သေစေနိုင်ပြီး အလွယ်တကူ ရရှိနိုင်တဲ့ ပါဝင် ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ အလုံပိတ်ထားတဲ့ အခန်းထဲမှာ ပရုတ်ကို မီးရှို့လိုက်တာကြောင့် ခြင်တွေကို ပြေးစေပါတယ်။

(၅) ကြက်သွန်ဖြူက အနံ့ပြင်းပေမယ့် ခြင်တွေကို တကယ်ပြေးစေပါတယ်။ ကြက်သွန်ဖြူကို ညက်အောင် ထောင်းပြီး ရေထဲထည့်ပြုတ်ကာ အခန်းထဲမှာ အနည်းငယ်စီ ပက်ဖျန်းထားရမှာပါ။

Most Popular

Healthy Life Ad
To Top