Healthy Life Ad
Q & A

စားအုံးဆီနဲ့ ပတ်သက်ပြီး လူတွေအကြား ကောလဟလ

မေး။ အခုဆိုရင် စားအုံးဆီနဲ့ ပတ်သက်ပြီး လူတွေအကြား ကောလဟလတွေ ပျံ့နှံ့နေသလို လူတွေကလည်း ကြောက်ရွံ့နေကြပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဆရာမတို့ရဲ့ သဘောထားအမြင်ကို သိပါရစေ ဆရာမ။
မစပယ်၊ကျောက်တံတား။

ဖြေ။ ရန်ကုန်တိုင်း စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ဆိုတာ ရှိပါတယ်။ ကျွန်မက အဖွဲ့ဝင်ဖြစ်ပါတယ်။ အဲဒီအဖွဲ့က တစ်လတစ်ခါ အစည်းအဝေး လုပ်တယ်၊ အဲဒီအဖွဲ့က ဈေးကွက်ထဲမှာ ပဲဆီအစစ်လို့ နာမည်ခံပြီး စားအုံးဆီတွေနဲ့ ရောပြီး ရောင်းနေကြတာကြောင့် ပဲဆီစစ်စစ် ရောင်းသုံးတဲ့သူတွေ၊ ပဲဆီစစ်စစ်ထင်ပြီး စားသုံးတဲ့သူတွေအတွက် နစ်နာတယ်ဆိုပြီး တင်ပြခဲ့ပါတယ်။ အဲဒါနဲ့FDAရော စားသုံးသူရေးရာ ဦးစီးဌာနကပါ ဈေးကွက်ထဲကနေ အဲဒီဆီတွေ ဝယ်လိုက်တယ်၊ ဝယ်ပြီး စစ်လိုက်တော့ တကယ်လည်း စားအုံးဆီတွေရော နေတာကို တွေ့ရပါတယ်။ ရေးထားတဲ့စာမှာ မြေပဲဆီ စစ်စစ်လို့ဆိုပေမယ့် တကယ်တမ်းမှာတော့ စားအုံးဆီ စစ်စစ်နဲ့ ရောထားတာကို တွေ့ရပါတယ်။ အဲဒါမျိုး ရောထားတာတွေ့တဲ့ ဆီတွေကို သတင်းစာထဲမှာ ကြေညာထားပါတယ်။
ဒီလို ဆီတွေစားလို့တော့ အန္တရာယ်သိပ်မဖြစ်ဘူး၊ ဘာလို့လဲဆိုတော့ ဆီက တရားဝင်သွင်းခွင့်ပြုထားတဲ့ ဆီပဲလေ။ ဒါပေမဲ့ လူတွေမှာတော့ စားအုံးဆီရောထားတဲ့ ဆီတွေကို ပဲဆီစစ်စစ်ထင်ပြီး ဈေးကြီးပေး ဝယ်ရတဲ့အတွက် နစ်နာပါတယ်။ အဲဒီဆီတွေကိုမြေပဲဆီအနံ့ ထည့်ထားပါတယ်။

ဒေါက်တာဒေါ်ဇင်ဇင်နွယ်(ညွှန်ကြားရေးမှူး)
အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန။
ရန်ကုန်ရုံးခွဲ။

Most Popular

Healthy Life Ad
To Top