———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊——— သင့်အသားအရေရဲ့  စိုပြေမှုဟာ အသားအရေရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ လေထုရဲ့ စိုထိုင်းဆပေါ်မှာလည်း အကြီးအကျယ် မူတည်နေပါတယ်။ ဒါကြောင့် ခြောက်သွေ့အေးမြတဲ့နေရာမှာ နေထိုင်သူတွေအနေနဲ့ စိုထိုင်းဆကနည်းပြီး လေထုက ခြောက်သွေ့နေတာကြောင့် လူအများစုရဲ့ အသားအရေက ခြောက်သွေ့ယားယံနေတတ်ပါတယ်။...
—–၊ ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီး) ၊—– Q. ဘယ်လိုနေထိုင်မှုပုံစံတွေက အရေပြားခြောက်သွေ့မှုကို ဖြစ်စေပါသလဲ။ A. Lifestyle ထဲမှာ ရေကူးတဲ့သူတွေဆိုရင် အရေပြားပိုခြောက်သွေ့တတ်ပါတယ်။ ရေထဲမှာ အကြာကြီးစိမ်ပြီး အလုပ်လုပ်ရတဲ့သူဆိုရင်လည်း အရေပြားခြောက်သွေ့မှုများတယ်။ ပန်းကန်တွေအများကြီးကို လက်အိတ်မပါဘဲ ဆေးရတဲ့သူတွေမှာလည်း လက်အရေပြား...
—–၊ ပါမောက္ခ မြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—– Q. အရေပြားမှာ အနာဖြစ်တဲ့အခါ ဘယ်လိုအခြေအနေဆိုရင် ဆရာဝန်ပြသင့်ပါသလဲ။ UP (FB) A. အနာက သိပ်နာပြီး ရောင်နေရင်၊ ကိုင်ကြည့်တဲ့အခါ ပူလာပြီး ဖိကြည့်တဲ့အခါ နာနေရင်၊...
—၊ ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ် ကုသိုလ်ဖြစ်ဆေးခန်း တာဝန်ခံ)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊— Q. ဘယ်လိုအခြေအနေတွေက အရေပြားတွင်း ပိုးဝင်စေပါသလဲ ဆရာ။ A. အရေပြားတွင်း ပိုးဝင်လို့ဖြစ်တဲ့ ရောဂါတွေနဲ့ ပတ်သက်ပြီး အပိုင်းလေးပိုင်းခွဲပြီး ပြောပြချင်ပါတယ်။ ပထမတစ်ပိုင်းကတော့ ဘက်တီးရီးယားပိုးဝင်လို့ဖြစ်တဲ့ အရေပြားရောဂါပါ။...
—–၊ ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး) ၊—– Q. ကျွန်မသမီးက အခု ၁၄ နှစ်ကျော်ရှိပါပြီ။ ၀က်ခြံတွေ စထွက်နေလို့ပါ။ ဘာလို့ဖြစ်ရတာလဲ၊ အစားမှားလို့လားရှင့်။ A. ဆယ်ကျော်သက် ကလေးအတော်များများက ၀က်ခြံထွက်တဲ့ ပြဿနာကို ခံစားရပါတယ်။ အများအားဖြင့်တော့...
———၊ လရိပ်မေ ၊——— လက်ဖက်စိမ်းလက်ဖက်ရည်၊ ဗီတာမင်အီးနဲ့ တခြားအာဟာရဓာတ်တွေက သင့်အရေပြားကို ကာကွယ်ပေးပြီး သဘာဝကျကျ ကြည်လင်တောက်ပစေပါတယ်။ အရေပြားက ချောမွတ်နေပြီးသားဆိုရင် သဘာဝကျကျ တောက်ပမှုကို မြှင့်တင်ပေးနိုင်ဖို့ အောက်ပါနည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။ (၁) လက်ဖက်စိမ်းလက်ဖက်ရည် လက်ဖက်စိမ်းလက်ဖက်ရည်မှာ ပိုလီဖီနောဆိုတဲ့ အစွမ်းထက်အင်တီအောက်ဆီးဒင့်...
———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊——— အဆီများပြီး အပြစ်အနာအဆာရှိသော အသားအရေအတွက် မုန်လာဥနီဖျော်ရည် – ဗီတာမင်အေ ပါဝင်တာကြောင့် ၀က်ခြံအဖုအပိမ့်တွေမဖြစ်အောင် ကူညီပေးပါတယ်။ ဂရိတ်ဖရုဖျော်ရည်နှင့်လိမ္မော်ရည်-ဗီတာမင်စီ ပါဝင်တာကြောင့် အသားအရေရှိ အာဟာရဓာတ်တွေကို ဟန်ချက်ညီမျှစေပါတယ်။ ကီဝီသီးဖျော်ရည်-အသားအရေကို ကြည်လင်ရှင်းသန့်စေတဲ့ အင်ဇိုင်းတွေ ပါဝင်ပါတယ်။...
ဆေးလိပ်သောက်တာကြောင့် အရေပြားဆီကိုသွားတဲ့ သွေးကြောလေးတွေ ပိတ်ဆို့ကျဉ်းမြောင်းစေပါတယ်။ ကြာလာတဲ့အခါမှာ အရေပြားဟာ အာဟာရနဲ့ အောက်ဆီဂျင်ဓာတ်တွေ အလုံအလောက် မရတော့ပါဘူး။ ဒါကြောင့် ဆေးလိပ်သောက်တာ များလာတဲ့အခါ အသားအရေက ပြာနှမ်းနှမ်းဖြစ်တာ၊ အရွယ်မတိုင်ခင် အရေးကြောင်းထင်လွယ်တာတွေ ဖြစ်လာပါတယ်။ ပါးစပ်မှာတေ့ပြီး ဆေးလိပ်သောက်တာကြောင့် နှုတ်ခမ်းတစ်ဝိုက်က ကြွက်သားတွေထိခိုက်ပြီး...
မျက်နှာအသားအရေပေါ်မှာ တင်းတိပ်လို အမည်းကွက်တွေ ဖြစ်ပေါ်လာတဲ့အခါ လူအများစုက ပျောက်ကင်းသက်သာချင်ကြပါတယ်။ ပါးပြင်၊ နဖူးအလယ်၊ အပေါ်နှုတ်ခမ်းနဲ့ မျက်ခွံအပေါ်တွေမှာ အဖြစ်များပါတယ်။ အရေပြားအရောင် မည်းလာတာက ကိုယ်ဝန်ဆောင်ရတဲ့ အချိန်အတောအတွင်းမှာ အဖြစ်များပြီး ဟော်မုန်းပါတဲ့ သန္ဓေတားဆေး သောက်ရတဲ့အခါတွေမှာလည်း ဖြစ်တတ်ပါတယ်။ နေလောင်ဒဏ်ကို ကြာရှည်ခံရတာနဲ့...
—၊ ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း) ၊— Q. ခရမ်းလွန်ရောင်ခြည်အကြောင်း ရှင်းပြပေးပါ ဆရာ။ A. နေရောင်ခြည်လို့သာ ခြုံငုံပြီး ခေါ်နေကြပေမယ့် အဲဒီရောင်ခြည်ထဲမှာ လူတွေရဲ့ မျက်စိနဲ့မြင်ရတဲ့ ရောင်ခြည်တွေနဲ့အတူ မမြင်နိုင်တဲ့ ရောင်စဉ်ရောင်တန်းတွေလည်း အများကြီးပါဝင်ပါတယ်။ အဲဒီ...