မြို့ငယ်လေးတစ်မြို့မှာ သွားဆေးခန်းအသစ် တစ်ခန်းစဖွင့်တဲ့အခါ ကလေးငယ်တွေ ဆေးခန်းလာရမှာ မကြောက်အောင် ဆေးခန်းနာမည်ကို “ နာကျင်မှုကင်း ဝေး” လို့ ပေးထားပါသတဲ့။ တစ်ရက်ကျတော့ မြို့ခံကလေးမလေးတစ်ယောက်က တွေ့သမျှလူတွေကို ဒီဆေးခန်းက အတုကြီး . . ဆေးခန်းနာမည်က မှားနေတာလို့ လိုက်ပြောနေတော့တယ်။...
မကြာခင် မင်္ဂလာဆောင်တော့မယ့် သတို့သားလောင်းတစ်ယောက်က အိမ်ထောင်ကျတာကြာပြီဖြစ်တဲ့ သူငယ်ချင်းကို မေးပါတယ်။ “မိန်းမတွေက မင်္ဂလာဆောင်နှစ်ပတ်လည်နေ့တွေဆိုရင် အမှတ်တရရှိမှ သဘောကျတာဆို… ငါကလည်း သတိမေ့တတ်တော့ နှစ်ပတ်လည်နေ့တွေကို မမေ့အောင် ဘယ်လိုလုပ်ရမလဲ အကြံပေးပါဦး . . .” “မခက်ပါဘူးကွာ… တစ်နှစ်လောက်ပဲ မေ့ကြည့်လိုက်ပါ…...
ခွဲစိတ်ခန်းထဲက မေ့ဆေးအရှိန်ကြောင့် သတိမရတစ်ချက်၊ ရတစ်ချက်ဖြစ်နေသော ယောက်ျားဘေးတွင် မိန်းမဖြစ်သူကစောင့်လျက်ရှိသည်။ အချိန်နည်းနည်းကြာသော် ယောက်ျားဖြစ်သူ သတိတစ်ချက်ရလာသည်။ “ ယောက်ျား . . . ကျွန်မဘေးမှာရှိတယ်… ရှင်နေလို့ကောင်းရဲ့လား . . .” “အင်း … မင်းအရမ်းကိုလှနေပါလား...
လူတစ်ယောက် ရေချိန်ကိုက်ပြီး ကားကို အမြန်မောင်းလာစဉ် လူနှစ်ယောက် ကားတားနေသဖြင့် ရပ်ပေးလိုက်ပြီး လှမ်းပြောသည်။ “ကားကြုံလိုက်မလို့လား . . . ဒါနဲ့ အစ်ကိုတို့ နှစ်ယောက်က အမြွှာညီအစ်ကိုတွေလားဟင်” “ဟမ် . . . အမြွှာ မဟုတ်ပါဘူး၊...
“ဆရာ… ကျွန်တော့်ကိုကူညီပါဦး၊ ကျွန်တော်ကိစ္စတစ်ခုကိုပြန်စဉ်းစားနေတာ ဘယ်လိုမှ သတိမရတော့ဘူးဗျ၊ မှတ်ဥာဏ်တွေ အားနည်းကုန်ပြီထင်ပါတယ်ဗျာ…” “တစ်ခုနှစ်ခုလောက်ကတော့ လူတိုင်း ဒီလိုပဲသတိမေ့တတ်ပါတယ်၊ ပြန်သတိရအောင် တခြား ဆက်စပ်တဲ့အကြောင်းအရာကို အရင်စဉ်းစားပြီးမှ တဖြည်းဖြည်းပြန်တွေးယူရတယ်ဗျ…” “ဒီလိုပါ… ကျွန်တော် သူ့ကို ဘယ်နေ့ ဘယ်အချိန်က လက်ထပ်ခဲ့လဲဆိုတာလည်း မှတ်မိတယ်၊...
အမျိုးသားတစ်ယောက်က ချစ်စရာမွေးခါစကလေးလေးနှစ်ယောက်ကို လက်တစ်ဖက်စီမှာ ပွေ့လျက် ရထားဘူတာတွင် ရထားစောင့်နေသည်။ အမျိုးသမီးတစ်ယောက်ကလည်း ရထားစောင့်နေရင်း ကလေးလေးနှစ်ယောက်ကိုတွေ့ပြီး အမျိုးသားကြီးကို စကားစမြည်လာပြောလေသည်။ “ ကလေးလေးတွေက ချစ်စရာလေးတွေပါလား… သူတို့နာမည် ဘယ်လိုပေးထားလဲ…” ” မရှိဘူး..” ” နာမည်မပေးရသေးဘူးလား.. ဘယ်သူ့ကို အရင်မွေးတာလဲရှင့်…”...
ဘီယာဆိုင်တစ်ဆိုင်ထဲသို့ အသက်ကြီးကြီး လူတစ်ယောက် ၀င်လာပြီး ဘီယာမှာသောက်လေသည်။ အနည်းငယ် မူးလာချိန်တွင် ဘေးဘယ်ညာ ကြည့်လိုက်ရာ ဗလတောင့်တောင့်နှင့် လူမိုက်ပုံစံ ခပ်ကြမ်းကြမ်းတစ်ယောက်ကို လှမ်းတွေ့လိုက်သည်။ ထိုဗလကြီးထိုင်နေတဲ့ စားပွဲကိုသွားပြီး မျက်နှာချင်းဆိုင်ကာ ရန်စလေသည်။ “ကောင်လေး… ငါ မနက်က မင်းရဲ့အမေနဲ့ တွေ့ခဲ့တယ်ကွာ…...
အဒေါ်ဖြစ်သူက ဆံပင်ညှပ်သင့်၊ မညှပ်သင့် တွေဝေနေတဲ့ တူမဖြစ်သူကို အကြံပေးနေလေသည်။ “ဘာလုပ်ရမလဲ ဆုံးဖြတ်ရခက်နေရင် အကောင်းဆုံးနည်းကတော့ ကိုယ့်ယောက်ျားကို မေးကြည့်လိုက်သင့်တယ်။ ဘယ်လိုကြောင့် ဘာလုပ်သင့်တယ်ဆိုတဲ့ အမြင်ကိုလည်း မေးဖို့လိုတယ်။ သူ့ရဲ့အဖြေက အကြောင်းအကျိုးခိုင်လုံ၊ မခိုင်လုံသေချာမေးရမယ်။ ပြီးတော့ သူပြောသမျှကိုပဲ နားယောင်မနေနဲ့ ....
စကားလက်ဆုံကြနေသော အမျိုးသမီးနှစ်ယောက်ကိုကြည့်ပြီး ယောက်ျားတစ်ယောက်က နောက်တစ်ယောက်ကို ပြောနေသည်။ “ ခင်ဗျားမိန်းမ စကားပြောတဲ့ပုံက ပြုံးရွှင်ပြီး သွက်သွက်လက်လက်နဲ့ဗျာ… ကျွန်တော့် မိန်းမကိုကြည့်ပါဦး စိတ်မပါလက်မပါ ပုံစံကြီးနဲ့ . . .” “ ဒီလိုပါပဲဗျာ . . ....
အရက်သမားတစ်ယောက် အရက်မူးမူးနဲ့ ဘတ်စ်ကားပေါ်တက်လာပြီး အမျိုးသမီးကြီး တစ်ယောက်ဘေးမှာ ထိုင်လိုက်သည်။ အမျိုးသမီးကြီးက အရက်သမားကောင်လေးကို ကြည့်ပြီး စိတ်ဆင်းရဲကြီးစွာ ပြောလိုက်သည်။ ” ဒီကောင်လေးကတော့ ငရဲပြည်ကို တန်းတန်းကြီး ရောက်သွားမှာပဲ ” အရက်သမား ဗြုန်းခနဲ နေရာကထပြီး ကားသမားကို အလန့်တကြား...