မေး ။ အကြောဆေးကို ခဏခဏသွင်းဖြစ်ပါတယ်။ အဲဒီလို ခဏခဏသွင်းရင် ဘာဖြစ်တတ်ပါသလဲ။ ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။ ဖြေ ။ အကြောဆေးဆိုရာမှာ ဘာဆေးတွေလဲဆိုတာ မပါတဲ့အတွက် ဂလူးကို့စ်သက်သက်လား၊ ဒါမှမဟုတ် ဂလူးကို့စ်နဲ့တွဲပြီး ဗီတာမင်တွေပါသလား။ သွင်းတဲ့ဆေးအပေါ်...
ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) (၁) ဆေးထိုးအပ်နဲ့ ဆေးထိုးကိရိယာတွေ မသန့်ရှင်းတာကြောင့် (Unsterilized Syringes And Needles) ပဲဖြစ်ဖြစ်၊ ပိုးမသတ်ဘဲ တစ်ဦးသုံးပြီးသားအပ်နဲ့ တခြားသူတွေကို သုံးမိလို့ပဲဖြစ်ဖြစ်၊ ဆေးရည်တစ်ပုလင်းထဲက ဆေးကို အများအတွက်သုံးရရင် ထိုးပြီးသားအပ်နဲ့ ဆေးစုပ်ယူမိတာကြောင့်ပဲဖြစ်ဖြစ် ရောဂါပိုးတွေကူးစက်စေနိုင်ပါတယ်။...
ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) မနေ့က နောက်ထပ်ဖြစ်ရပ်လေးတစ်ခုကို လူနာဒေါ်စမ်းရီထံက စိတ်မကောင်းစွာ ကြားသိရတာလေးလည်း ပြောပြလိုက်ပါတယ်။ “ အဒေါ်တို့တောမှာ နေမကောင်းဖြစ်တိုင်း ဆေးထိုးကြသလား” လို့ ဆရာမက မေးကြည့်လိုက်တော့- ” ဆေးမထိုးရင် ရောဂါမပျောက်နိုင်ဘူး၊ ကုလို့ မရနိုင်ဘူးလို့ အများစုက...
ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) ဒီဆေးထိုးတာနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ခြောက်လက ဆေးရုံတက်တဲ့ လူနာတစ်ယောက်ရဲ့အဖြစ်လေးကို သွားသတိရမိပါတယ်။ လူနာအမည်က ကိုအေးမြင့်ဖြစ်ပြီး အသက်က ၃၅နှစ်ပါ။ အဖြစ်ကတော့ ဗိုက်နာလို့ ဆေးရုံရောက်လာတာဖြစ်ပြီး ခွဲစိတ်ဆရာဝန်နဲ့ တွဲဖက်ကြည့်ရှု စောင့်ရှောက်ပေးရတာပါ။ သွေးချိုတက်နေလို့ ခွဲစိတ်ကုသမှုမခံယူမီနဲ့ ခွဲစိတ်ကုသနေစဉ်အတွင်း စောင့်ရှောက်ပေးဖို့ပဲဖြစ်ပါတယ်။...
ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) အမြန်အဖျားကျတာကို လိုလားသူတွေအတွက် အဖျားကျဆေးအပြင် အရောင်ကျဆေးတွေ ထည့်ထိုးမိရင် သွေးချိုတက်တဲ့အပြင် တခြားဆိုးကျိုးတွေ ရရှိနိုင် . . . ဆေးခန်းပြရင် ဆေးထိုးလိုက်မှာပဲဆိုတာ လူနာအတော်များ သိပြီးဖြစ်ပါတယ်။ ဆေမထိုးဘဲ ကုချင်တယ်လို့ ငြင်းဆိုတဲ့လူနာလည်း အလွန်ရှားပါတယ်။...
ယခင်က အားဆေးထိုးမှ အားရှိသည်ဟူသော အယူအဆတစ်ရပ် လူအများကြား ပျံ့နှံ့ခဲ့ရာ အားဆေးထိုးခြင်းနှင့် အားဆေးသောက်ခြင်းသည် အမှန်တကယ်တွင် ကွာခြားချက် သိပ်မရှိကြောင်း ဆီးချိုနှင့် အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး ပါမောက္ခဦးကိုကိုက ဆိုသည်။ “အားဆေးထိုးတာနဲ့ အားဆေးသောက်တာက အမှန်တကယ်တော့ သိပ်မကွာပါဘူး။ အားဆေးထိုးတယ်...