ကားတစ်စီး စိတ္တဇဆေးရုံအနီးမှာ ဘီးပေါက်သွားတယ်။ ကားသမားကပေါက်နေတဲ့ ဘီးကိုဖြုတ်အပြီးမှာ ဘီးမှာတပ်တဲ့ မူလီတွေကိုတိုက်မိပြီး မြေအောက်ရေမြောင်းပေါက်ထဲကို အကုန်ကျကုန်ပါရော။ ကားသမားလည်း အပိုဘီးကိုပြန်တပ်ဖို့ စဉ်းစားရခက်သွားတယ်။ အဲဒီအချိန်မှာ ဆေးရုံခြံဝန်းထဲက စိတ်ဝေဒနာသည်တစ်ယောက်က လှမ်းပြီးအကြံပေးတယ်။ “ ဒီမှာကိုယ့်လူ.. ကျန်တဲ့ဘီးသုံးလုံးက မူလီတစ်ခုစီဖြုတ်ပြီး အဲ့ဒီဘီးကိုတပ်လိုက်လေ.. ဒါဆို...
ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး) ဘ၀မှာ ပျော်ရွှင်ရမယ် . . . ဘ၀ဆိုတာပန်းချီကားတစ်ချပ်လိုပါပဲ။ လူတိုင်း လူတိုင်းက မွေးလာတဲ့အချိန်မှာ ဘယ်သူမှ အ၀တ်အစား မပါပါဘူး။ ကြီးပြင်းလာချိန်ကျမှ အ၀တ်အစားတွေနဲ့ . . ကိုယ့်ဘ၀ကို လှပအောင် တည်ဆောက်ကျတာပါ။...
စူး ( ဆေးဝါးတက္ကသိုလ် ) ကျီးကန်းတစ်ကောင်က သစ်တောထဲနေပြီး ဘ၀မှာ ကျေနပ်မှုအပြည့်ရှိနေပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ သူကငန်းတစ်ကောင်ကို တွေ့တော့ “ ဒီငန်းက အသားဖြူလိုက်တာ၊ ငါကတော့ မည်းလွန်းတယ်၊ ဒီငန်းက ကမ္ဘာပေါ်မှာ အပျော်ဆုံး ငှက်ပဲဖြစ်ရမယ် ”လို့...
ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး) ဘ၀ရဲ့ အဓိပ္ပာယ် . . . ကျွန်တော်က အသက် ၅၆ နှစ်ရှိပါပြီ။ ကိုယ်လျှောက်လှမ်းလာတဲ့ ဘ၀က ကြာလာတာနဲ့အမျှ ဘ၀ဆိုတာ ဘာလဲ၊ ဘ၀ရဲ့ အဓိပ္ပာယ်က ဘာလဲ၊ ဘ၀ရဲ့ ပန်းတိုင်ဆိုတာ...
“ ဆရာ . . ကျွန်မယောက်ျားက အရင်က အေးအေးဆေးဆေးသမားပါ။ အခုနောက်ပိုင်း သူအလိုမကျတာရှိလာရင် အရမ်းကိုသောင်းကျန်းပြီး လက်ပါတာတွေရှိလာလို့ အကြံပေးပါဦးရှင် . .” အဖြစ်အပျက်တွေကို အနည်းငယ်မေးပြီး ဆရာဝန်က အမျိုးသမီးကို အကြံတစ်ခုပေးလိုက်ပါတယ်။ “ သူစိတ်တိုနေတယ်၊ အလိုမကျတာ...
ဘယ်လို လူအဖွဲ့အစည်းမှာနေနေ ဘယ်လို လူတွေနဲ့ပဲ တွေ့ရတွေ့ရ သင်တကယ်ပျော်ချင်တယ် ဆိုရင် ကိုယ့်စိတ်ကိုထားတတ်ဖို့ကျင့်ရပါမယ်။ (၁) တိုင်တန်းပြောဆိုခြင်း တခြားသူတွေကို မကျေမနပ်ဖြစ်ပြီး တိုင်တန်းပြောဆိုနေတဲ့ သူတွေက သူတို့ကိုယ်တိုင်လည်း ပျော်ရွှင်မှု မရကြပါဘူး။ (၂) အမြဲတမ်း မှန်ကန်နေစေလိုခြင်း ဘယ်သူ ဘာပဲလုပ်လုပ်...
– အစားအစုံအလင် ကျွေးပါ ကလေးတွေက ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကို သိပ်မစားချင်ကြပါဘူး။ အဲဒီ အပင်ထွက်အစာတွေမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါတဲ့အတွက် ကလေးကို ကြီးထွားသန်စွမ်းစေပါတယ်။ – တီဗီကြည့်ချိန်ကို ကန့်သတ်ပါ ကလေးရဲ့ တီဗီကြည့်ချိန်၊ ကွန်ပျူတာသုံးချိန်နဲ့ ဂိမ်းဆော့ချိန်တွေက တစ်နေ့မှာ နှစ်နာရီထက်...
၊ မိုးမင်းထွန်း ၊ ကမ္ဘာ့အပျော်ရွှင်ဆုံးလူသားဟာ ဘယ်သူလဲဆိုတာကို ဂူးဂဲလ်မှာရှာဖွေကြည့်ရင် မက်သယူးရီကာ့ဒ်ဆိုတဲ့နာမည်ကို တွေ့ရမှာဖြစ်ပါတယ်။ အသက် ၆၉နှစ်ရှိပြီဖြစ်တဲ့ တိဘက်ဗုဒ္ဓဘာသာဘုန်းတော်ကြီး ရီကာ့ဒ်ကို ကမ္ဘာ့အပျော်ရွှင်ဆုံးလူသားအဖြစ် သိပ္ပံပညာရှင်များက သတ်မှတ်ထားကြပါတယ်။ ၀စ်ကွန်စင်တက္ကသိုလ်မှ အာရုံကြောသိပ္ပံပညာရှင် ရစ်ချက်ဒေ့ဗစ်ဆန် ဦးဆောင်တဲ့အဖွဲ့ဟာ သူရဲ့တရားထိုင်တာနဲ့ မေတ္တာပို့သမှုတွေအပေါ်မှာ သူရဲ့ဦးနှောက်အလုပ်လုပ်ပုံကို...
ကိုထက် အလုပ်လုပ်တဲ့အခါ စိတ်ဖိစီးမှုဆိုတာ ရှိစမြဲပါ။ လုပ်ငန်းခွင်က ရလာတဲ့ စိတ်ဖိစီးမှုကို ကောင်းကောင်း ထိန်းချုပ်နိုင်ပြီး ပျော်ရွှင် ကျေနပ်စေမယ့် ရိုးစင်းတဲ့ နည်းတွေကို ရေးသားလိုက်ရပါတယ်။ – တစ်နေ့တာကို လုပ်စရာ တစ်ခုဖြင့် စတင်ပါ တစ်နေ့တာမှာ လုပ်စရာ အလုပ်တွေ၊...
– တရားထိုင်ပါ၊ ဦးနှောက်ကို ပြန်လည်တည်ငြိမ် စေပါတယ်။ – ခရီးအတွက် စီစဉ်ပါ၊ မသွားရသေးဘဲနဲ့တောင် စိတ်ကြည်နူးနေမှာပါ။ မိသားစု၊ မိတ်ဆွေသူ ငယ်ချင်းတွေနဲ့ အချိန်ဖြုန်းပါ၊ စိတ်အပန်းပြေ နေပါလိမ့်မယ်။ – အလုပ်နဲ့နီးနိုင်သမျှ နီးတဲ့နေရာကို ပြောင်းရွှေ့နေထိုင်ပါ၊ အလုပ်အသွားအပြန် ခရီးဝေးတာကြောင့်ဖြစ်တဲ့...