မေး. အခုခေတ်မှာ ဆီးချို၊ သွေးတိုး၊ ကင်ဆာ၊ နှလုံးရောဂါစသဖြင့် အဖြစ်များတယ်လို့သိရတယ် ခင်ဗျ။ အသက်ကြီးသူတွေတင်မက ငယ်တဲ့သူတွေလည်း အဖြစ်များတယ်ဆိုလို့ ဘယ်လိုကာကွယ်ရမလဲ ပြောပြပေးပါဦး။ မမြင့်အေး၊ မြင်းခြံ။ ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ဖြေ. ဆီးချိုသွေးချိုရောဂါ၊...
ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) လေဖြတ်တာ ဘယ်လိုသိနိုင်မလဲ လေဖြတ်ခြင်း (stroke) ဆိုတာ ဘာလဲဆိုတာ နားလည်ဖို့လိုပါတယ်။ ဦးနောက်ရဲ့ သွေးကြောတစ်ခုခု ပိတ်ဆို့သွားလို့ပဲဖြစ်ဖြစ်၊ သွေးကြောပါးနေတဲ့နေရာက ပေါက်သွားလို့ပဲဖြစ်ဖြစ် သွေးမစီးတော့လို့သက်ဆိုင်ရာ ဦးနောက်အပိုင်းဟာ အလုပ်မလုပ်တော့တာကို လေဖြတ်တယ်လို့ခေါ်ပါတယ်။ သွေးကြောပိတ်တာနဲ့ အဲ့ဒီဦးနောက် အစိတ်အပိုင်းဟာ...
ပါမောက္ခဒေါ်သန်းသန်းအေး(ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) သွေးတွင်းအဆီများခြင်းနှင့် လေငန်းရောဂါ(Dyslipidaemia) သွေးတွင်းအဆီတွေထဲက လေငန်းရောဂါကို ပိုဖြစ်စေတဲ့အဆီကတော့ ကိုလက်စထရော (Cholesterol) ဒါမှမဟုတ် ကိုလက်စထရောတွေကို သယ်ဆောင်ထားတဲ့ ပရိုတင်း LDL တွေပဲ ဖြစ်ပါတယ်။ Lipid profile ခေါ် သွေးတွင်းအဆီဓာတ်မျိုးစုံကို ဓာတ်ခွဲဆန်းစစ်ကြည့်ရင် သိနိုင်ပါတယ်။...
ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) အသည်းအဆီဖုံးတာကို ဘယ်လိုသိနိုင်သလဲ အာထရာဆောင်း (Ultrasound) ခေါ် တယ်လီဗီးရှင်းဓာတ်မှန် ၊ စီတီ CT ခေါ်ကွန်ပျူတာဓာတ်မှန်၊ အမ်အာအိုင် MRI ခေါ် သံလိုက်ဓာတ်မှန်တွေကိုသုံးပြီး အသည်းမှာ အဆီဖုံးတာရှိ၊ မရှိ ရောဂါရှာဖွေနိုင်ပါတယ်။ အသည်းရောင်ရင်တော့...
ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) လူနာတွေ ၀မ်းဗိုက်ပိုင်းကို အာထရာဆောင်း Ultrasound ရိုက်ရင် အများဆုံးတွေ့ရတတ်တာကတော့ အသည်းအဆီဖုံးတယ်ဆိုတဲ့ အဖြေပဲ ဖြစ်ပါတယ်။ လူတော်တော်များများက ဒီရောဂါကိုကြားဖူးကြပါလိမ့်မယ်။ အဆီတွေ အသည်းကလာပ်စည်းတွေထဲမှာ စုဆောင်းပြည့်နှက်နေပြီး အသည်းကလာပ် စည်းတွေပျက်စီးလာပြီး အသည်းကိုထိခိုက်စေတဲ့ အခြေအနေကို အသည်းအဆီဖုံးတယ်လို့...
ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း) မေး။ ။ ဆီးချိုရောဂါနဲ့ သွေးတိုးရောဂါရှိရင် အရက်ကို ဘယ်လိုဆင်ခြင်သင့်ပါသလဲ ဆရာ။ ဖြေ။ ။ အရက်က သွေးတိုးရောဂါကို ဒုက္ခပေးပါတယ်။ နိုင်ငံခြားတိုင်းပြည်တွေက ရာသီဥတုအေးတဲ့အတွက် အရက်မသောက်နဲ့လို့ ဆရာဝန်တွေကပြောလို့ မရပါဘူး။ သူတို့ဆီမှာက လူတွေကိုအရက်မသောက်...
ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း) မေး။ ။ ဆီးချိုသွေးချိုရောဂါအတွက် အစာအာဟာရနဲ့ ထိန်းချုပ်ဖို့က အရေးကြီးပါသလား ဆရာ။ ဖြေ။ ။ ဘယ်လို ဆီးချိုသွေးချိုရောဂါ အမျိုးအစားပဲ ဖြစ်ဖြစ်၊ အင်ဆူလင် ထိုးဆေး ဒါမှမဟုတ် ဆီးချိုထိန်းတဲ့ သောက်ဆေးတွေနဲ့ ကုသနေတာပဲ...
ပါမောက္ခဦးကိုကို ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း ယခင်တစ်ပတ်မှအဆက် မေး. အင်ဆူလင်ကို ဘယ်အချိန် ထိုးရမလဲဆရာ။ ဖြေ. အမျိုးအစား(၁) ဆီးချိုရောဂါရှိသူတွေက ရောဂါ စဖြစ်တာနဲ့ အင်ဆူလင်ဆေးထိုးရပါတယ်။ ဖြေ. အမျိုးအစား(၂) ဆီးချိုရောဂါရှိသူတွေက ဆေးသောက်ပေမယ့် အင်ဆူလင် ထုတ်နိုင်စွမ်းမရှိတော့ တဲ့ အခြေအနေရောက်ရင်...
ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း) မေး. ဆီးချိုရောဂါနဲ့ အ၀လွန်ခြင်းဆက်စပ်မှုကို ရှင်းပြပေးပါ ဆရာ။ ဖြေ. ဆီးချိုရောဂါမှာ အမျိုးအစား(၁) ဆီးချိုရောဂါနဲ့ အမျိုးအစား(၂)ဆီးချိုရောဂါဆိုပြီး နှစ်မျိုးရှိပါတယ်။ အကြမ်းဖျင်းအားဖြင့် အမျိုးအစား(၁) ဆီးချိုရောဂါရှိသူတွေက အသက်ငယ်ပြီး ပိန်ကြပါတယ်။ အမျိုးအစား(၂) ဆီးချိုရောဂါရှိသူတွေက ၀ပြီးအသက်ကြီးကြပါတယ်။...
မေး. ဆီးချိုသွေးချိုရောဂါမရှိတဲ့လူက ရိုးရိုးသကြားမသုံးဘဲ ဆီးချိုသမားတွေသုံးတဲ့ သကြားသုံးရင် ဘာအန္တရာယ်များရှိနိုင်မလဲခင်ဗျာ။ အငယ်ကြီး (FB) ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။ ဖြေ. ဆီးချိုမရှိဘဲ ဆီးချိုသမားတွေစားတဲ့ သကြားစားနိုင်ပါတယ်။ ဒါပေမဲ့ တချို့အချိုခဲအမျိုးအစားတွေဟာ သဘာဝအတိုင်း ထုတ်လုပ်ထားတာမဟုတ်ဘဲ ဓာတုနည်းနဲ့ စီမံထားတာမျိုးဆိုရင် ရေရှည်မှာမကောင်းပါ။ (Healthy...