ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့်(အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီး)နှင့်တွေ့ဆုံဆွေးနွေးခြင်း ယခင်တစ်ပတ်မှအဆက် ကလေးမွေးပြီး ဆီးချိုထိန်းရတဲ့အခါ မိခင်တွေက ကလေးမွေးပြီးတော့ ဆီးချိုဖြစ်လို့ ဆေးတွေသောက်တယ်၊ အစားအသောက်နဲ့ ထိန်းတယ်ဆိုတော့ ကလေးကို နို့တိုက်တဲ့အခါ ကလေးက အာဟာရလုံလုံလောက်လောက် မရတာမျိုးဖြစ်နိုင်လားလို့ တွေးပူတတ်ကြပါတယ်။ အဲဒီလိုမျိုးတော့ မဖြစ်ပါဘူး။ ဘာလို့လဲဆိုတော့ မိခင်ကို အချိုမပါတဲ့...
ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီး)နှင့်တွေ့ဆုံဆွေးနွေးခြင်း – ကိုယ်ဝန်ဆောင်ချိန် ဆီးချိုရှိရင် ကလေးကိုရော ထိခိုက်နိုင်သလား ကိုယ်ဝန်ဆောင်ချိန် ဆီးချိုရှိတာကို မသိလိုက်လို့ ကုသမှုမခံယူလိုက်ရဘူးဆိုရင် ကလေးမှာ ပုံမှန်မဟုတ်တာတွေဖြစ်ပြီး မွေးလာတတ်ပါတယ်။ ဥပမာ Bifida လိုမျိုး ရောဂါဖြစ်ပြီး မွေးလာတတ်ပါတယ်။ နောက်ပြီး ကလေးမွေးပြီးပြီးချင်း...
ပါမောက္ခဦးကိုကို(ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း) မေး ။ ဆီးချိုသွေးချိုရောဂါ ကုသရာမှာ ထားရှိတဲ့ ရည်မှန်းချက်တွေကို သိပါရစေဆရာ။ ဖြေ ။ ဆီးချိုသွေးချိုရောဂါ ကုသရာမှာ သွေးတွင်း သကြားဓာတ်ကို HbA1c က ၆ ဒသမ ၅-၇ ရာခိုင်နှုန်း၊ အစာမစားခင်...
ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့်(အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီး)နှင့်တွေ့ဆုံဆွေးနွေးခြင်း ကိုယ်ဝန်ဆောင်နဲ့ ဆီးချိုသွေးချိုအကြောင်း ဆွေးနွေးမယ်ဆိုရင်တော့ အရင်ဆုံးဆီးချိုရောဂါအကြောင်း ပြောရပါမယ်။ ဆီးချို ဘာကြောင့်ဖြစ်တာလဲ ဆိုတော့ သွေးထဲမှာ ဂလူးကို့စ်လို့ခေါ်တဲ့ အချိုဓာတ်များလို့ပါ။ ဂလူးကို့စ်ကို ခန္ဓာကိုယ်ရဲ့ အာဟာရအနေနဲ့ အသုံးချတဲ့အခါ ခန္ဓာကိုယ်မှာ အင်ဆူလင်ဆိုတဲ့ ဟော်မုန်းတစ်မျိုးလိုပါတယ်။ အင်ဆူလင်ကို မုန့်ချိုအိတ်က...
မေး. သွေးတိုးရောဂါ၊ ဆီးချိုရောဂါတို့လို အခြေခံကျန်းမာရေး ပြဿနာရှိသူတွေအနေနဲ့ ဘယ်လိုအချိန်မှာ ဆံပင်အရောင်မဆိုးဘဲ ရှောင်သင့်ပါသလဲရှင့်။ ပါမောက္ခဒေါ်မြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ဖြေ. သွေးတိုးနေချိန်၊ ဆီးချိုတက်နေချိန်မှာ ဆံပင်အရောင် မဆိုးသင့်ပါဘူး။ ဦးရေပြား ပေါက်ပြဲပြီး အနာဖြစ်နေရင်၊ နှင်းခူ၊ ယားနာ၊...
ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း) မေး. ဆီးချိုသွေးချိုရောဂါအတွက် အစာအာဟာရနဲ့ ထိန်းချုပ်ဖို့က အရေးကြီးပါသလား ဆရာ။ ဖြေ. ဘယ်လိုဆီးချိုသွေးချိုရောဂါ အမျိုးအစားပဲဖြစ်ဖြစ်၊ အင်ဆူလင်ထိုးဆေး ဒါမှမဟုတ် ဆီးချိုထိန်းတဲ့ သောက်ဆေးတွေနဲ့ ကုသနေတာပဲဖြစ်ဖြစ် အစာအာဟာရနဲ့ ထိန်းချုပ်ကုသဖို့ကလည်း မဖြစ်မနေ လိုက်နာကျင့်သုံးဖို့ လိုအပ်ပါတယ်။...
၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်) ညဘက် ညဉ့်နက်သည်အထိ ပါတီပွဲတွင် ပျော်ပါးပြီး နံနက်စာမစားဘဲနေခြင်းသည် ကျန်းမာရေးကို သိသာစွာထိခိုက်စေနိုင်ကြောင်း သိပြီးဖြစ်ပါလိမ့်မည်။ ယခုလေ့လာမှုအရ ညဥ့်နက်မှ အိပ်ရာဝင်သူတို့သည် ဆီးချိုရောဂါဖြစ်နိုင်ခြေ မြင့်မားကြောင်း သိရသည်။ ညဥ့်နက်သည်အထိ မအိပ်ဘဲနေခြင်းဖြင့် ခန္ဓာကိုယ်ဇီဝနရီကို အဟန့်အတားဖြစ်စေပြီး...
၊ ကိုထက် ၊ ဒီနေ့ခေတ်မှာ အရွယ်ရောက်လူဦးရေရဲ့ ၅၆ ရာခိုင်နှုန်းနဲ့ ၈၆ ရာခိုင်နှုန်းအကြားဟာ အထိုင်များတဲ့ နေထိုင်မှုပုံစံရှိနေတယ်လို့ လေ့လာမှုအရ သိရပါတယ်။ အထိုင်များတာကြောင့် နှလုံးရောဂါနဲ့ ဆီးချိုရောဂါဖြစ်နိုင်ခြေတိုးစေတယ်လို့ လေ့လာမှုအရ သိပြီးဖြစ်ပါတယ်။ မတ်တပ်မရပ်ဘဲ ကြာကြာထိုင်တာကြောင့် ခြေသလုံးကြွက်သားတွေ တည်ငြိမ်နေပါတယ်။...
ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း) မေး ။ HbA1cဆိုတာ ဘာကို ခေါ်တာပါလဲ ဆရာ။ ဖြေ ။ HbA1c ဆိုတာ ဟေမိုဂလိုဘင် A1c ကို ဆိုလို တာဖြစ်ပြီး သွေးတွင်း သကြားဓာတ်အားလုံးကို ရက်၉၀(သုံးလ)နဲ့ စားပြီး...
ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း မေး. ဆီးချိုရောဂါရှိသူတွေက တစ်နေ့ကို ကစီဓာတ် ဘယ်လောက်ပမာဏ စားသင့်ပါသလဲ ဆရာမ။ ဖြေ. ဆီးချိုသွေးချိုရောဂါသည်တွေ အစာစားတဲ့အခါ ဆင်ဆင်ခြင်ခြင်စားနိုင်မှ ဆီးချိုကျမှာဖြစ်ပါတယ်။ အဓိက ကစီဓာတ်လို့ခေါ်တဲ့ ကာဗိုဟိုက်ဒရိတ်ကိုပဲ လျှော့ပေးရပါမယ်။ အစားအသောက်မှာပါတဲ့...