ပါမောက္ခဦးကိုကိုမောင် မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆရာဝန်ကြီး မေး . ဘာကြောင့်သွားကျဲရပါသလဲ ဆရာ။ ဖြေ . ဒီအတိုင်းပုံမှန်ဆိုရင် သွားတွေကပုလဲလုံးလေးတွေ စီထားသလိုဖြစ်နေပါတယ်။ လူတိုင်းကလည်း အဲဒီလိုသွားလေးတွေစီပြီး ညီနေတာကိုတပ်မက်ကြပါတယ်။ ဒါပေမဲ့ ဘယ်လိုဖြစ်နေသလဲဆိုတော့ မေးရိုးကကြီးတယ်၊ ပေါက်လာတဲ့သွားက သေးတယ်ဆိုရင် မေးရိုးနဲ့သွားအချိုးအစားမညီတဲ့အခါမှာ သွားလေးတွေသေးနေတဲ့အတွက်...
မေး. ကျွန်တော် သွားဆရာဝန်ဆီသွားပြတော့ သွားအတွင်းပိုင်းတွေ ပွနေပြီလို့ ပြောပါတယ်။ အချွန်နဲ့ ခြစ်တဲ့အခါ သွားအလယ်သားက ကြွေထွက်လာပါတယ်။ အဲဒါကိုစားပြီး ပြန်ဖြည့်ပေးလိုက်ပါတယ်။ သွားအတွင်းသားတွေ ပွနေတယ်ဆိုတာ ဘာကြောင့်ဖြစ်ရပါသလဲ ဆရာ။ ကိုဝေယံ၊ ဒေါပုံ။ ပါမောက္ခဦးကိုကိုမောင် မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆရာဝန်ကြီးမှ ဖြေကြားပေးပါသည်။...
ပါမောက္ခဦးကိုကိုမောင် မေးရိုးနှင့်ခံတွင်း ခွဲစိတ်ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း မေး. သွားဖုံးတွေက ဘာကြောင့် နိမ့်ကျရတာပါလဲဆရာ။ ဖြေ. သွားဖုံးနိမ့်တယ်ဆိုတာ သွားဖုံးက အလိုလို နိမ့်သွားတာတော့ မဟုတ်ပါဘူး။ သွားဖုံးနိမ့်ရတာက သွားဖုံးရောဂါကို စဖြစ်စေတဲ့ Biofilm လို့ခေါ်တဲ့ အမြှေးပါးလေးတွေက သွားမှာကပ်နေတယ်၊ ပါးစပ်ထဲမှာ...
မေး. သွားနုတ်တာ၊ အကြောထုတ်တာ၊ ကျောက်ခြစ်တာတွေကို ပြီးစီးအောင်မလုပ်ခဲ့ရင် နောက်ဆက်တွဲ ဆိုးကျိုးဖြစ်တတ်တယ်ဆိုတာ ဘယ်လိုဆိုးကျိုးတွေ ဖြစ်တတ်ပါသလဲ ဆရာ။ ဦးသန့်ဇင်၊ ကျောက်တံတား။ ပါမောက္ခဦးကိုကိုမောင် (မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ဖြေ. ကုသမှုတစ်ခုဆိုတာ ပြီးဆုံးအောင်လုပ်မှ အကျိုးရှိပါတယ်၊ ကုသမှုမပြီးဆုံးဘူးဆိုရင် ဘယ်လိုမှအကျိုးမရှိတဲ့အပြင်...
ဇွန်ခိုင်ဦး ( ဆေးဝါးတက္ကသိုလ် ) ကွမ်းယာကို ရေရှည်စားသုံးသူများ ကွမ်းဖြတ်မည်ဟု ဆုံးဖြတ်ပြီးလျှင် သွားဂျိုးများ၊ ကျောက်များကပ်ငြိခြင်းနှင့် သွားအရောင်စွန်းထင်ခြင်းတို့အတွက် သေချာကုသမှုခံယူလိုက်ပါက မူလသွားအတိုင်း ပြန်လည်ရရှိစေနိုင်ကြောင်း မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆရာဝန်ကြီး ပါမောက္ခဦးကိုကို မောင်က Healthy life ဂျာနယ်သို့ ပြောကြားခဲ့သည်။...
မေး – ကွမ်းဝါးတဲ့ သွားနဲ့ ဓာတ်ရောင်ခြည်ထိထားတဲ့ သွားမှာ ဘယ်အရာက ကင်ဆာအဖြစ် မြန်စေပါသလဲ ဆရာ။ ဦးပီတာ၊ ကျောက်တံတား ။ ပါမောက္ခဦးကိုကိုမောင် (မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆရာဝန်ကြီး) မှ ဖြေကြားသည် ၊၊ ဖြေ – ကွမ်းစားတဲ့အတွက်...
မေး. ကိုယ်ဝန်ဆောင်ချိန်မှာ သွားနုတ်လို့ရပါသလား။ ကိုယ်ဝန်ဆောင်ချိန်မှာ သွားနဲ့ပတ်သက်ပြီး သတိထားသင့်တဲ့အချက်တွေကို သိချင်ပါတယ်ရှင့်။ ခင်ခင်ဆွေ၊ ပြည်။ ပါမောက္ခဦးကိုကိုမောင် မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆရာဝန်ကြီးမှ ဖြေကြားပေးပါသည်။ ဖြေ. ကိုယ်ဝန်ဆောင်တာက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်အရ မျိုးဆက်ပွားဖို့ဖြစ်နေတဲ့သဘောပါ။ ကိုယ်ဝန်ဆောင်ပြီဆိုရင် အရေးကြီးတာက ကိုယ်ဝန်စရှိပြီဆိုတာနဲ့ သွားဆရာဝန်တွေနဲ့ပြဖို့လိုပါတယ်။...
၊ ငွေကြယ်စင်ယံ ၊ သွားပိုးစားတဲ့အခါ သွားနဲ့ခံတွင်း ကျန်းမာစေဖို့အတွက် အောက်ပါအိမ်တွင်းကုထုံးတွေကို လုပ်ဆောင်ပေးရပါမယ်။ (၁) ဖလိုရိုဒ်ပါတဲ့ ခံတွင်းသန့်စင်ဆေးကို သုံးပါ။ (၂) ကြက်ရိုးစွပ်ပြုတ် သောက်ပါ။ (၃) ဆားရေနွေး ငုံပြီး ပလုတ်ကျင်းပေးပါ။ (၄) လေးညှင်းဆီကို သွားပေါ်မှာ...
မေး။ ။ ဘယ်လို အစားအသောက်တွေက သွားတွေကို ထိခိုက်စေနိုင်ပါသလဲ။ သွားခိုင်ခံအောင် ဘယ်လို လုပ်သင့်ပါသလဲ။ သင်းသင်းနွယ်၊ သာကေတ။ ပါမောက္ခဦးကိုကိုမောင် မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆရာဝန်ကြီးမှ ဖြေကြားပေးပါသည်။ ဖြေ။ ။ သွားကျန်းမာချင်ရင် သွားဖုံးကောင်းဖို့လိုတယ်၊ သွားပျက်စီးစေတာ အချိုပဲ၊ အချိုဆိုတဲ့...
ပါမောက္ခဦးကိုကိုမောင် မေးရိုးနှင့် ခံတွင်း ခွဲစိတ်ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း မြန်မာလူမျိုးအများစုကြား မှားယွင်းနေသော အယူအဆ -သွားတွေကို ဖွဲပြာ၊ ဆား၊ မီးသွေးခဲတွေနဲ့ တိုက်ပေးရင် သွားပိုဖြူတယ် . . . အမှန်က မလုပ်သင့်ပါဘူး။ ဖွဲပြာနဲ့ အိုးကို တိုက်ရင်တောင်...