၊ စူး ၊ (ဆေးဝါးတက္ကသိုလ်) တစ်နေ့မှာ ဆိတ်နှစ်ကောင်က မြစ်တစ်စင်းပေါ်က ကျဉ်းမြောင်းပြီး ကြံ့ခိုင်အားနည်းလှတဲ့ တံတားတစ်စင်းကိုဖြတ်ဖို့ ကြိုးစားကြတယ်။ ဆိတ်တွေသွားတဲ့ လားရာကမတူပါဘူး။ ဆိတ်တစ်ကောင်က တောင်အရပ်ကလာပြီး တစ်ကောင်က မြောက်အရပ်ကလာတယ်။ နောက်ဆုံးတော့ တံတားအလယ်မှာ သူတို့တွေ့ဆုံကြပါ လေရော။ ထုံးစံအတိုင်း...
စူး ( ဆေးဝါးတက္ကသိုလ် ) မူလတန်းဆရာမက သူ့အတန်းမှာ ဂိမ်းတစ်ခုကစားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဆရာမက တပည့်လေးတွေကို အာလူးအနည်းငယ်ပါတဲ့ ပလတ်စတစ်အိတ်တစ်လုံးယူခဲ့ဖို့ ပြောလိုက်ပါတယ်။ အာလူးတစ်လုံးစီမှာ ကလေးတွေမုန်းတဲ့ လူတစ်ယောက်နာမည်ပေးရမယ်တဲ့။ အဲဒီတော့ ကလေးတစ်ယောက်က သူ့ပလတ်စတစ် အိတ်ထဲမှာ သူမုန်းတဲ့ လူအရေအတွက်နဲ့ညီတဲ့...
သင့်ဘ၀မှာ မက်ချင်တဲ့အိပ်မက် ဒါမှမဟုတ် ရည်မှန်းချက်ပန်းတိုင်ရှိရင် အဲဒီအိပ်မက်ကိုအကောင်အထည်ဖော်ဖို့ ဘယ်တော့မှအသက်မကြီးသေးပါဘူး။ အခုမှမက်တဲ့ အိပ်မက်အသစ်ဆိုရင်လည်း ရဲရဲကြီးအကောင်အထည်ဖော်လိုက်ပါ . . .
၊ စူး ၊ (ဆေးဝါးတက္ကသိုလ်) ရေသည်တစ်ဦးမှာ ရေအိုးကြီးနှစ်လုံးရှိပါတယ်။ သူကရေအိုးတစ်လုံးကို လက်ကသယ်ပြီး နောက်တစ်လုံးကို ပခုံးပေါ်သယ်ခဲ့ပါတယ်။ အိုးတစ်လုံးမှာအက်ရာရှိပြီး နောက်တစ်လုံးကလုံးဝကောင်းတဲ့အတွက် သူ့သခင်ရဲ့အိမ်ရောက်တဲ့အခါ အိုးတစ်လုံးထဲကရေအပြည့်ကိုဖြည့်၊ အက်ရာရှိတဲ့နောက်တစ်လုံးထဲက ရေနည်းနည်းကိုဖြည့် . . အဲသလိုလုပ်ခဲ့ပါတယ်။ အဲဒီလိုပုံစံနဲ့လုပ်လာတာ နှစ်နှစ်နီးပါးရှိလာတော့ ကောင်းတဲ့အိုးက...
၊ စူး ၊ (ဆေးဝါးတက္ကသိုလ်) ရှေးရှေးတုန်းကအလွန်ပျင်းရိပြီး အလွန်ဆင်းရဲတဲ့ကိုပေါဆိုတဲ့ လူတစ်ဦးရှိသတဲ့ . . ။ သူကအလုပ်ကို ကြိုးကြိုးစားစားမလုပ်ချင်ဘူး၊ ဒါပေမဲ့တစ်နေ့ကျရင် ချမ်းသာကြွယ်ဝတဲ့သူတစ်ဦး ဖြစ်လာရမယ်ဆိုတဲ့ စိတ်ကူးယဉ်အိပ်မက်ကိုသာ မက်နေလေ့ရှိတယ်။ အလုပ်မလုပ်ချင်တဲ့ကိုပေါဟာ သူတစ်ပါးစွန့်ကြဲပေးကမ်းလာအောင် တောင်းရမ်းပြီးအစာစားရတော့တယ်။ တစ်နေ့မနက်ခင်းမှာ ကိုပေါတစ်ယောက်တောင်းရမ်းရင်း...
၊ စူး ၊ (ဆေးဝါးတက္ကသိုလ်) တစ်ခါတုန်းက အလွန်အိုမင်းနေပြီဖြစ်တဲ့ ခြင်္သေ့ကြီးတစ်ကောင်ရှိခဲ့တယ်။ သူက သူ့အစာအတွက် ဘယ်သားကောင်ကိုမှ အမဲမလိုက်နိုင်လောက်အောင် အိုမင်းနေခဲ့ပါပြီ။ တစ်နေ့တော့ သူတွေးတယ် . .” ငါ့ဝမ်းပူဆာမနေသာတော့ဘူး၊ တစ်ခုခုလုပ်မှပဲ . . မဟုတ်ရင် အစာငတ်ပြီးငါသေတော့မယ်...
၊ စူး ၊ (ဆေးဝါးတက္ကသိုလ်) ကားမတော်တဆထိခိုက်မှုကြောင့် ဘယ်ဘက်လက်ဆုံးရှုံးသွားခဲ့ပေမယ့် ၁၀ နှစ်အရွယ်ကောင်လေးက ဂျူဒိုအားကစားလေ့ကျင့်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကောင်လေးက ဂျပန်ဂျူဒိုဆရာကြီးတစ်ဦးနဲ့ သင်ခန်းစာတွေကိုစတင်လေ့လာခဲ့ပါတယ်။ ကောင်လေးကအားကစားကို ကောင်းကောင်းလုပ်ဆောင်ခဲ့ပေမယ့် ထရိန်နင်သုံးလကျော်တဲ့အထိ ဘာကြောင့်တိုက်ကွက်တစ်မျိုးတည်းကိုပဲ သင်ပေးနေရသလဲဆိုတဲ့ အကြောင်းရင်းကို သူနားမလည်ခဲ့ပါဘူး။ “ ဆရာ...
၊ စူး ၊ (ဆေးဝါးတက္ကသိုလ်) အမျိုးသားတစ်ယောက်က ပါကင်ထုပ်ရာမှာသုံးတဲ့ ရွှေရောင်စက္ကူ ယူဆော့တယ်ဆိုပြီး လေးနှစ် အရွယ်သမီးလေးတစ်ဦးကို ရိုက်နှက်အပြစ်ပေးခဲ့ပါတယ်။ တကယ်တော့ သမီးလေးက ခရစ္စမတ်သစ်ပင်မှာ ချိတ်ဆွဲဖို့ ဘူးငယ်လေးတစ်ခုကို ရွှေရောင်စက္ကူနဲ့ ပတ်ဖို့ ကြိုးစားခဲ့တာပါ။ ခရစ္စမတ်နေ့ မနက်ခင်းမှာ သမီးလေးက...
မေး. ဖေ့စ်ဘွတ်မှာ သတင်းတစ်ပုဒ် တွေ့လိုက်ရလို့ပါ။ လူတစ်ယောက်ကတစ်နေ့မှာ နေမကောင်းဖြစ်သတဲ့။ သူဟာအာတွေခြောက်ပြီး အမြဲရေဆာ၊ ထမင်းလည်း အမြဲဆာနေသလို တုန်နေသတဲ့။ချွေးစေးတွေ ပြန်၊ ဆီးကခဏခဏသွားတာနဲ့ ဆရာဝန်ပြပြီး စစ်ဆေးကြည့်တော့ ဆီးချိုရောဂါ ဖြစ်နေပါသတဲ့။ ဒီလိုနဲ့ဆေးစားလာတာ ၂ နှစ်လောက် ကြာပါတယ်။ အသက်...
၊ စူး ၊ (ဆေးဝါးတက္ကသိုလ်) သာယာတဲ့နေ့လေးတစ်နေ့မှာ ကိုမော်ဟာ သူ့လက်စွပ်လေးပျောက်သွားလို့ တခြားအဖော်တွေနဲ့ အတူ တရားရုံးကို ရောက်လာခဲ့ပါတယ်။ “တရားသူကြီး. . သူတို့နဲ့အတူရှိနေတုန်းမှာပဲ ကျွန်တော့်ရဲ့ လက်စွပ်လေးပျောက်သွားခဲ့ပါတယ်၊ ကျွန်တော့်ဖခင်က အဲဒါလေးကို လက်ဆောင်ပေးထားတာဖြစ်လို့ တန်ဖိုးထားတဲ့ ပစ္စည်းလေးပါ ....