၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်) ကလေးတစ်ယောက်ရဲ့ နာမကျန်းမှုက မိဘတွေအတွက် ခက်ခဲတဲ့အတွေ့အကြုံတစ်ခုပါ။ ကလေးဆီမှာတွေ့ရတတ်တဲ့ အသေးအမွှားလက္ခဏာတွေကို အချိန်မီ သတိပြုမိရင် ဆရာဝန်ဆီ အမြန်ပြသကာ စောစောကုသနိုင်ပါတယ်။ (၁) မှဲ့ကြီးထွားခြင်း ကလေးကိုယ်ပေါ်မှာရှိတဲ့ မှဲ့က ဘယ်ခြမ်းနဲ့ ညာခြမ်း ဘက်မညီရင်၊...
ဒေါက်တာတင့်ဆွေ ၁။ မင်္ဂလာပါဆရာ ဒီနေ့မနက်က ကျွန်မ အဒေါ်ဗိုက်ခွဲပြီး ကလေးမွေးဖွားပါတယ်ဆရာ။ အသက်က ၃၉ နှစ်ပါ။ ကလေးက ၄ ပေါင်ပဲ ရှိပါတယ်ဆရာ။ လလည်းစေ့ပါတယ်ဆရာ။ ကလေးအတွက် လိုအပ်တာတွေ ညွှန်ကြားပေးစေလိုပါတယ်။ ၂။ သမီးအသက်က ၂၇ နှစ်ပါဆရာ။...
ဒေါက်တာသီရိ (MBBS,MPH,DCH) နေ့တိုင်းနေ့တိုင်း လနဲ့ချီပြီး အရမ်းငိုတဲ့က လေးလေးတွေကြောင့် ဖေဖေမေမေတို့ ဘာလုပ်ရမှန်းမသိ၊ စိတ်တွေပူ၊ ချော့မရနဲ့ ကိုယ်ပါရောငိုချင် လောက်အောင်ဖြစ်ရတဲ့ အချိန်မျိုးတွေရှိတတ်ပါတယ်။ အနောက်နိုင်ငံတွေမှာတော့ အဲ့လိုကလေးလေးတွေကို Colic Crying Baby/Unsettling Baby လို့ခေါ်ကြပါတယ်။ နှစ်ပတ်ကနေ လေးလအတွင်း...
၊ မိုးမင်းထွန်း ၊ ဗြိတိန်နိုင်ငံမှ ဆဗန်နာဆိုတဲ့ ကလေးငယ်ဟာ မွေးဖွားချိန်မှာ ကိုယ်အလေးချိန် ၁ပေါင်ကျော်သာရှိပြီး လက်ကလေးတွေက မိခင်ရဲ့လက်ထပ်လက်စွပ်ထက်တောင် သေးငယ်ကြပါတယ်။ မိခင်သွေးက အချင်းဆီ ချောချောမွေ့မွေ့မရောက်ရှိဘဲ ကလေးကြီးထွားနှုန်း ရပ်တန့်နေတာကြောင့် ကိုယ်ဝန် ၂၈ ပတ် သားအရောက်မှာ ကလေးအသက်ရှင်ဖို့...
ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း တာဝန်ခံ၊အထွေထွေရောဂါကု ဆရာဝန်)နှင့် တွေ့ဆုံဆွေးနွေးခြင်း မေး။ ။ အရွယ်ရောက်လာတဲ့အခါ ကြီးထွားဖွံ့ဖြိုးသန်စွမ်းအောင် မိဘတွေက ကိုယ့်ကလေးတွေကို ဘယ်လို စောင့်ရှောက်ပေးသင့်ပါသလဲ ဆရာ။ ဖြေ။ ။ အဓိကကတော့ ကလေးတစ်ယောက် ကြီးထွားဖွံ့ ဖြိုးသန်စွမ်းဖို့ မိခင်လောင်းဘ၀ကတည်းက စပြီး...
၊ မိုးမင်းထွန်း ၊ (Ref;DM) ဂျာမနီနိုင်ငံမှအီမီလီယာဂါဘာဆစ်ဆိုတဲ့ ကလေးငယ်ဟာ မွေးဖွားချိန်မှာ ကိုယ်အလေးချိန် ၈အောင်စသာရှိပြီးကမ္ဘာ့အသေးဆုံးကလေးအဖြစ် စံချိန်တင်နိုင်တယ်လို့သိရပါတယ်။ သားဖွားခွဲစိတ်ပညာရှင် ပါမောက္ခဒေါက်တာဆဗင်ရှီယာမီယာက မိခင်အချင်းမှာပြဿနာရှိကာ ကလေးဆီအာဟာရမရောက်ရှိတာကြောင့် မိဘတွေနဲ့တိုင်ပင်ကာ ကိုယ်ဝန် ၂၆ ပတ်သားမှာ ဗိုက်ခွဲမွေးဖွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ပုံမှန်အားဖြင့် ကိုယ်ဝန်၂၆ပတ်မှာ သားလောင်းကိုယ်အလေး...
(၁) ကလေးရဲ့ ဆံပင်ကို အုန်းဆီ၊ သံလွင်ဆီတွေ လိမ်းမပေးပါနဲ့။ ရေချိုးတဲ့အခါ အဲဒီဆီတွေက စေးကပ်ပြီး ပြောင်ဖို့ခက်ခဲပါတယ်။ (၂) ကလေးကို ရေချိုးပေးချိန်မှာ သူ့လက်ထဲ ရေစိုခံတဲ့ ကစားစရာအရုပ်လေး ပေးထားပါ။ ဒါမှ ရေချိုးချိန်မှာ သက်သောင့်သက်သာ ရှိနေမှာပါ။ (၃)...
၊ ကိုထက် ၊ တွားသွားအရွယ်ကလေးလေးတွေကို နှိပ်နယ်ပေးတာကြောင့် ကျန်းမာရေးကောင်းကျိုး ရရှိစေပါတယ်။ ကလေးကိုအစာစားခါနီးနဲ့ စားပြီးချိန်တွေမှာ မနှိပ်ပေးသင့်ပါဘူး၊ တစ်ရေးအိပ်ချင်နေချိန်မှာလည်း မနှိပ်ပေးသင့်ပါဘူး။ ကလေးကအနှိပ်ခံဖို့ အဆင်သင့်ဖြစ်နေတဲ့အချိန်မှာ ကြမ်းပြင်ပေါ် တဘတ်စောင်တစ်ထည်ခင်းပြီး ကလေးကိုဆီအနည်းငယ် လိမ်းပေးပါ။ ကလေးကိုနှိပ်ရင်း ကလေးကိုကြည့်ရတာ မသက်မသာဖြစ်နေပုံပေါ်ရင် ဒါမှမဟုတ်...
၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်) မွေးကင်းစကလေးတွေ ဖျားနေသလား၊ ကျန်းမာရေး ကောင်းနေသလားဆိုတာ မိဘအများစုက မသိနားမလည်တာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီအခါနောက် မကျသင့်ဘဲ နောက်ကျတဲ့အဖြစ်မျိုး ရှိတတ်တဲ့တွက် မွေးကင်းစကလေး ဖျားနေတဲ့ လက္ခဏာတွေကို ရေးသားလိုက်ရပါတယ်။ (၁) အအေးမိခြင်း မွေးကင်းစကလေးက...
မေး. ကျွန်မသမီးလေးက လက်သည်းကိုက်တတ်တဲ့ အကျင့်ရှိပါတယ်။ အကျင့်ပျောက်အောင် လက်သည်းနီဆိုးပေးထားတာ . . လက်သည်းနီမကျန်အောင် ကိုက်လိုက်လို့ ကျွန်မစိတ်ပူလို့ပါ။ ဘာဖြစ်တတ်ပါသလဲ။ ဒေါ်သီသီဝင်း၊ နေပြည်တော်။ ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ဖြေ. ကလေးတွေကို လက်သည်းနီ...