Life Style
ကွမ်းနဲ့ဆေးလိပ်အစားများလို့ ဖြစ်တယ်ထင်တဲ့ လျှာကင်ဆာ ကုသအောင်မြင်ထားသူ ဦးကျော်ကျော်အောင်
ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် လျှာကင်ဆာရောဂါ စတင်ခံစားခဲ့ရပြီး ဆေးကုသမှုများ ပြီးစီး အောင်မြင်သွားပြီဖြစ်သည့် ဦးကျော်ကျော်အောင်က သူ၏ ကင်ဆာခရီးလမ်းကို ယခုလို ပြောပြခဲ့သည်။ “လျှာရဲ့ ညာဘက်ဘေးနောက်နားမှာ ၀က်ခြံလို အဖုလေး ဖြစ်နေတာပါ။ နာကျင်တာတော့ မရှိပါဘူး။...