ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) ယခုတလောမှာ ဆီးချိုလူနာတွေအပါအ၀င် လူနာတော်တော်များများဟာ မိမိသဘောနဲ့ သောက်နေကြတဲ့ဆေးတစ်ခုကတော့ ဗီတာမင်ဒီ Vitamin D ဆိုတဲ့ဖြည့်စွက်ဆေးတမျိုးပဲဖြစ်ပါတယ်။ ပြီးတော့ ဒီဆေးကိုသောက်လို့ရသလား။ အကြာကြီး ဆက်သောက်တာ အန္တရာယ်ရှိနိုင်လားလို့လည်း မေးကြပါတယ်။ မီဒီယာမှာ ဗီတာမင်ဒီနဲ့တကွ တခြားဖြည့်စွက်စာများစွာကို ကျန်းမာရေးအတွက်...
ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) ဆီးချိုသွေးချိုရောဂါအတွက်ရော ပရိုဘိုင်အိုးတစ်တွေက ဘာတွေအကျိုးပေးပါသလဲဆိုတာ လေ့လာကြည့်ပါမယ်။ အမေရိကန် နှလုံးအဖွဲ့ကြီးရဲ့ သိပ္ပံဟောပြောပွဲမှာ အွန်တာရီယိုး (Ontario)မှာပြုလုပ်ထားတဲ့ သုတေသနတစ်ခုကို စာတမ်းဖတ်ခဲ့ပါတယ်။ ဒီလေ့လာ ဆန်းစစ်ချက်မှာ သွေးတိုးတဲ့ လူနာ ၈၀ထဲမှ တချို့ကို သွေးတိုးအတွက် ကျန်းမာတဲ့အစားအစာဖြစ်တဲ့...
ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) – ပရိုဘိုင်အိုးတစ် Probiotics ဆိုတာ ဘာလဲ ပရိုဘိုင်အိုးတစ်တွေဟာ ဘက်တီးရီးယားပိုးတွေပဲဖြစ်ပါတယ်။ ဘက်တီးရီးယား Bacteria ပိုးလို့ ဆိုလိုက်တာနဲ့ ကြောက်စရာကောင်းတဲ့ ရောဂါဖြစ်စေတဲ့ပိုးတွေကိုပဲ မြင်ယောင်မိတတ်ကြပါတယ်။ တကယ်တော့ လူတွေကို နေကောင်းကျန်းမာအောင် ထိန်းသိမ်းပေးနေတဲ့၊ ကောင်းကျိုးပေးနေတဲ့...
ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) ယခင်တစ်ပတ်မှအဆက် အူထဲကို ပရိုဘိုင်အိုးတစ်တွေ ဘယ်လိုရောက်ရှိလာသလဲ လူတစ်ဦးစီမှာရှိတဲ့ probiotic ပိုးအမျိုးအစား၊ အရေအတွက်တွေ မတူကြပါဘူး။ ဆိုလိုတာက လူနှစ်ဦးမှာ ချွတ်စွတ်တူတဲ့ ပရိုဘိုင်အိုးတစ်အမျိုးအစား၊အရေအတွက်ရယ်လို့ မရှိနိုင်ပါဘူး။ ဒါက ဘာကြောင့်လဲဆိုတော့ လူတစ်ဦးအတွက် ဘယ်လိုပရိုဘိုင်အိုးတစ်တွေ ဘယ်လောက်ရှိမလဲဆိုတာကို...
ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) သွေးတွင်းဆိုဒီယမ်နည်းခြင်းရဲ့ ကုထုံးကတော့ ရေကိုတစ်လီတာထက်ပိုမသောက်ဖို့ တားမြစ်ခြင်း၊ လိုအပ်ပါက ဆားခဲများပြန်ကျွေးခြင်း၊ သတိလစ်နေပါက ၃% ဆားငန်ရည်အပြစ်ကို သွင်းပေးခြင်းဖြင့် သွေးတွင်းဆိုဒီယမ်ပြန်တက်လာပါက ပကတိအတိုင်းပြန်ကောင်းသွားစေနိုင်ပါမယ်။ ဒီရောဂါကိုကုသရာမှာ အထူးသတိထားရမှာကတော့ ဆိုဒီယမ်တက်အောင် ဆားရည်အပြင်းစား ၃% ကိုပေးပြီး ကုသရတဲ့အခါ...
ပါမောက္ခဒေါ်သန်းသန်းအေး(ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) ယခင်တစ်ပတ်မှအဆက် ၂။ လှည့်ပတ်နေသောသွေးပမာဏ(Blood volume)နည်းခြင်း၊ များခြင်းကို သိရှိခြင်းစနစ် သွေးကြောထဲမှာလှည့်ပတ်နေတဲ့ သွေးပမာဏ နည်းသွားရင် သွေးကြောထဲမှရေတွေကို ဆီးထဲမှ ထပ်မဆုံးရှုံးအောင် ရေတွေပြန်ထိန်းသိမ်းထားဖို့ လိုပါတယ်။ သွေးပမာဏ လျော့နေတာကို သွေးကြောထဲရှိ အာရုံခံနာဗ့်ကြော အစိတ်အပိုင်းကသိရှိပြီး ဦးနှောက်ဆီသို့...
ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) “ရေ”သည် “အသက်”ဆိုတာ လူတိုင်းနားလည်ပြီးသားဖြစ်ပါတယ်။ ဆိုလိုတာက ခန္ဓာကိုယ်မှာ ရေအလုံအလောက်ရှိမှသာ ကျန်းမာစွာ အသက်ရှင်သန်နိုင်မယ်၊ ရေမရှိရင် အသက်မရှင်နိုင်ဘူးလို့ ဆိုလိုတာဖြစ်ပါတယ်။ ဒါပေမဲ့ ခန္ဓာကိုယ်မှာ “ရေ”များတာကြောင့် “အသက်တို” ရတာလည်းရှိပါတယ်။ ကျန်းမာနေဖို့အတွက် တစ်နေ့တာ ရေကို...
ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) ဒါကြောင့် ပိန်အောင်လုပ်ပေးနိုင်တဲ့ အစွမ်းလည်းရှိမယ်၊ သွေးချိုလည်း ချပေးနိုင်တဲ့ဆေး၊ သွေးချိုအကျမလွန်နိုင်ဘဲ ပုံမှန်အထိကျပြီးရင် ထပ်မကျတော့တဲ့ ဆေးသစ်တွေ လိုပါတယ်။ ဒါ့အပြင် အပိုဆောင်းပြီး နှလုံးနဲ့ သွေးကြောတွေ မထိခိုက်ဘဲ ပိုကောင်းစေတဲ့ ဆေးမျိုး၊ ကျောက်ကပ်တွေ မပျက်အောင်...
ပါမောက္ခဒေါ်သန်းသန်းအေး(ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) အင်ဆူလင်ထိုးရင် အသက်တိုမယ်၊ သက်တမ်း ကုန်တော့မယ် ဆိုတဲ့ အယူအဆဟာ ဆီးချိုလူနာနဲ့ သူတို့မိသားစုတွေရဲ့ အသည်းနှလုံးထဲမှာ စွဲနေတတ်တဲ့ အယူအဆတစ်ခု ဖြစ်ပါတယ်။ ဒီယူဆချက်တွေ ကို လေပင့်သလို ပိုဆိုးသွားစေတာကတော့ နားမလည်တဲ့ အသိမိတ်ဆွေတွေရဲ့ အားပေးစကားတွေပဲ ဖြစ်ပါတယ်။...
ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) အမျိုးအစား(၂) ဆီးချိုသွေးချိုရောဂါအတွက် နှစ်ပေါင်းများစွာ အသုံးပြုလာခဲ့ပြီး အခုတိုင်လည်း အများဆုံးသုံးနေဆဲဖြစ်တဲ့ မူလဆေးဟောင်းတွေကတော့ မက်ဖော်မင် (Metformin)နဲ့ ဆာလ်ဖော် နိုင်းယူရရီးယား (Sulphonylurea) ဆေးအုပ်စု နှစ်ခုပဲဖြစ်ပါတယ်။ အစွမ်းထက်တဲ့ သုံးစရာ ဆီးချိုဆေးတွေရှိနေပေမယ့် ဆေးသစ်တွေဘာလို့ လိုက်ရှာနေရတာလဲ။...