Healthy Life Ad
Uncategorized

ဓာတ်မတည့်မှုဖြစ်ခြင်း (Allergy)

—–၊ ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး) ၊—–

Q. အခုနောက်ပိုင်းမှာ ဓာတ်မတည့်မှုဖြစ်တာတွေက အရင်နဲ့စာရင် ပိုများလာပါသလား ဆရာမ။

A. အခုခေတ်မှာ ဓာတ်မတည့်မှုဖြစ်တာ (Allergy)တွေက တော်တော်များလာပါတယ်။ ကလေးလေးတွေမှာဆိုရင် ကြက်ဥနဲ့မတည့်တဲ့ Allergy၊ အခွံမာအစေ့အဆန် (Nuts)တွေနဲ့ မတည့်တဲ့ Allergy တွေက သိပ်ကိုများလာပါတယ်။ သူများနိုင်ငံတွေနဲ့စာရင် ဆရာမတို့နိုင်ငံမှာ ဒီဓာတ်မတည့်မှုတွေက နည်းပါသေးတယ်။ ဒါပေမဲ့ အရင်တုန်းကနဲ့စာရင်၊ အနည်းဆုံး လွန်ခဲ့တဲ့ ငါးနှစ်နဲ့ယှဉ်လိုက်မယ်ဆိုရင် အခုအချိန်မှာ ဓာတ်မတည့်မှုဖြစ်တာ ပိုများလာပါတယ်။

“ ကလေးတွေမှာ ဓာတ်မတည့်မှုဖြစ်တာတွေ ဘာကြောင့် ပိုများလာသလဲဆိုတော့ Nutrigenomic ပြော ရမယ်ဆိုရင် မေမေတွေပဲဖြစ်ဖြစ်၊ ဖေဖေတွေပဲဖြစ်ဖြစ် ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံ (Healthy Lifestyle)မရှိခဲ့လို့ပါပဲ။ အရင်တုန်းကတော့” . . .

Q. ဓာတ်မတည့်မှုဖြစ်တာတွေက ဘာကြောင့် ပိုများလာရတာပါလဲ ဆရာမ။

A. ကလေးတွေမှာ ဓာတ်မတည့်မှုဖြစ်တာတွေ ဘာကြောင့် ပိုများလာသလဲဆိုတော့ Nutrigenomic အရပြောရမယ်ဆိုရင် မေမေတွေပဲဖြစ်ဖြစ်၊ ဖေဖေတွေပဲဖြစ်ဖြစ် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံ (Healthy Lifestyle) မရှိခဲ့လို့ပါပဲ။ အရင်တုန်းကတော့ ဓာတ်မတည့်မှုဖြစ်တာနဲ့ မျိုးရိုးဗီဇကဆိုရင် ဘာမှမဆက်စပ်ဘူးလို့ လူတွေက ပြောကြပါတယ်။ မဟုတ်ပါဘူး။ အခုနောက်ပိုင်း တချို့သော သုတေသနစာတမ်းတွေအရ မျိုးရိုးဗီဇက ပြောင်းလဲလာတယ်၊ DNA Sequences တွေမှာ ကိုယ်ရဲ့နေထိုင်စားသောက်မှုပုံစံအတိုင်း ပြောင်းလဲလာတယ်ဆိုတာကို အများကြီး တွေ့ရပါတယ်။ မေမေတစ်ယောက်က ကိုယ်ဝန်မရှိခင်က သူကိုယ်တိုင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံ မရှိဘူး၊ ဓာတုပစ္စည်းပါဝင်မှုများတဲ့ အစားအသောက်တွေကို အများကြီးစားသောက်ထားတယ်၊ အချိုရည်တွေအများကြီး စားသောက်ထားတယ်ဆိုရင် သူရဲ့ အစာအိမ်အူလမ်းကြောင်းမှာ ဘက်တီးရီးယားပိုးလေးတွေက ပြောင်းလဲလာပါတယ်။ အဲဒီကနေ စနစ်အားလုံး ပြောင်းလဲရာက ဒီအင်န်အေတချို့အပိုင်းတွေမှာ အပြောင်းအလဲလေးတွေရှိလာတယ်။ အဲဒီအပြောင်းအလဲတွေကြောင့် သူက မွေးလာတဲ့ ကလေးတွေမှာ ဓာတ်မတည့်မှု(Allergy) ဖြစ်တာတွေ ပိုများလာပါတယ်။

Q. ကလေးတွေ ဓာတ်မတည့်မှုဖြစ်နှုန်း လျော့ကျစေဖို့ ဘယ်လိုအကြံပြုချက်တွေကို ပေးလိုပါသလဲ ဆရာမ။

A. အကြံပေးချင်တာက အထူးသဖြင့် မိခင်လောင်းတွေအနေနဲ့ ကိုယ်ဝန်မဆောင်ခင်ကတည်းက ကျန်းမာရေးနဲ့အညီ စားသောက်ပေးကြပါ၊ ကျန်းမာရေးနဲ့အညီ နေထိုင်ပေးကြပါလို့ အကြံပြုချင်ပါတယ်။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဓာတုပစ္စည်းပါတာ များများစားတာ၊ အချိုရည်များများသောက်တာတို့ကို ရှောင်ရှားပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အနေအထိုင်၊ အပြုအမူ၊ အစားအသောက်တွေကို ပြောင်းလဲစားသောက်ပေးကြပါ။ ဒီလိုနေထိုင်စားသောက်မယ်ဆိုရင် နောက်လာမယ့် မျိုးဆက်ဟာ ကျန်းမာသန်စွမ်းတဲ့ ကလေးလေးတွေ မွေးလာမယ်၊ မျိုးဗီဇနဲ့ပတ်သက်တဲ့ ရောဂါတွေဖြစ်တာ နည်းသွားပါမယ်။

“ ကလေးတွေမှာ ဓာတ်မတည့်မှုဖြစ်တာတွေ ဘာကြောင့် ပိုများလာသလဲဆိုတော့ Nutrigenomic ပြော ရမယ်ဆိုရင် မေမေတွေပဲဖြစ်ဖြစ်၊ ဖေဖေတွေပဲဖြစ်ဖြစ် ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံ (Healthy Lifestyle)မရှိခဲ့လို့ပါပဲ။ အရင်တုန်းကတော့” . . .

Most Popular

Healthy Life Ad
To Top