Healthy Life Ad
Q & A

မြင်ကွင်းတစ်နေရာတည်းကွက်ပြီး မမြင်ခြင်း

—–၊ ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—–

Q. မျက်စိမြင်ကွင်း တစ်နေရာတည်းမှာ ကွက်ပြီး မမြင်ရတာက ဘာကြောင့် ဖြစ်တတ်ပါသလဲ ဆရာ။

A. မျက်စိမြင်ကွင်း (Field of Vision) မှာ တစ်နေရာတည်းကွက်ပြီး ကောင်းကောင်းမမြင်တာကို ဆေးပညာအရ Scotoma လို့ခေါ်ပါတယ်။ ဒီလို တစ်နေရာတည်းမှာကွက်ပြီး ကောင်းကောင်းမမြင်ဘူးဆိုရင် အဓိကအနေနဲ့ အကြောင်းနှစ်ခုကြောင့် ဖြစ်နိုင်ပါတယ်။

(၁) စက္ခုအာရုံကြော (Optic Nerve) မကောင်းတာလား၊ ဒါမှမဟုတ်

(၂) မက်ကူလာ (Macula) မကောင်းတာလား စတဲ့ အကြောင်းရင်းနှစ်ခုထဲက တစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။ ဒီနှစ်ချက်ကို စဉ်းစားရပါတယ်။

တချို့လူနာတွေကျတော့လည်း ရောဂါအနုစား ရေတိမ် (Early Glaucoma) ဖြစ်တာကြောင့်လည်း တစ်နေရာတည်းမှာကွက်ပြီး မမြင်တာမျိုးဖြစ်တတ်ပါတယ်။ ဒါကို နံပါတ် ၃ အချက်လို့လည်း ပြောလို့ရပါတယ်။

Q. မြင်ကွင်းတစ်နေရာတည်းမှာ ကွက်ပြီးမမြင်ရတာက ဘာအကြောင်းကြောင့် ဖြစ်ရတာလဲဆိုတာကို ဘယ်လိုရှာဖွေဆန်းစစ်လို့ ရပါသလဲ ဆရာ။

“ စက္ခုအာရုံကြောကြောင့် မြင်ကွင်းတစ်နေရာတည်းမှာကွက်ပြီး မမြင်တာဆိုရင်လည်း ကုလို့ရနိုင်ပါတယ်။ ဒီရောဂါမှာလည်း ရောဂါရဲ့ သဘာဝအပေါ်မှာမူတည်ပြီး ကုသလို့ရတာရှိသလို ကုသလို့ မရတာလည်းရှိပါတယ်။ စောစောက ပြောခဲ့သလိုပဲ လုံးဝပျောက်အောင် မကုနိုင်တော့ဘူးဆိုရင်တော့ ရောဂါအခြေအနေကို ပိုမဆိုးသွားအောင်ပဲ ထိန်းပေးရပါတယ်။”

A. လူနာတစ်ယောက်က မြင်ကွင်းတစ်နေရာတည်းမှာကွက်ပြီး မမြင်တာမျိုးဖြစ်ပြီဆိုရင် ဒီအကြောင်းရင်းသုံးခုထဲက ဘယ်အကြောင်းရင်းကြောင့် ဖြစ်တာလဲဆိုတာကိုသိဖို့ Fundus ကိုကြည့်ရပါတယ်။ Fundus ကို Opthalmoscope နဲ့ ကြည့်လို့ရပါတယ်။ ဒါမှမဟုတ် Slit- Lamp + 78 ဒီဂရီ၊ + 90 ဒီဂရီခံပြီး ကြည့်လို့လည်းရပါတယ်။ ပိုပြီးခေတ်မီလာတဲ့ ကိရိယာဖြစ်တဲ့ OCT (Optical Coherent Tomography) နဲ့ ကြည့်လို့လည်း ရပါတယ်။

Q. မြင်ကွင်းတစ်နေရာတည်းမှာကွက်ပြီး မမြင်တာကို ကုသလို့ရပါသလား ဆရာ။

A. ရောဂါရှာဖွေပြီးလို့ မက်ကူလာကြောင့် မြင်ကွင်းတစ်နေရာတည်းမှာကွက်ပြီး မမြင်တာဆိုရင် ကုလို့ရနိုင်ပါတယ်။ ဆိုလိုတာက ကုလို့ရနိုင်တဲ့ အခြေအနေရှိသလို မရနိုင်တဲ့ အခြေအနေလည်း ရှိတယ်။ လူနာရဲ့ ကံအပေါ်မှာလည်း မူတည်သလို လူနာလာပြတဲ့အချိန်၊ ဖြစ်တဲ့ ရောဂါအခြေအနေ စတာတွေအပေါ်မှာ မူတည်ပါတယ်။ တကယ်လို့ လုံးဝမပျောက်တဲ့ အခြေအနေမှာဆိုရင် ပိုမဆိုးသွားအောင် တားဆီးပေးရတာမျိုး ရှိပါတယ်။

စက္ခုအာရုံကြောကြောင့် မြင်ကွင်းတစ်နေရာတည်းမှာ ကွက်ပြီး မမြင်တာဆိုရင်လည်း ကုလို့ရနိုင်ပါတယ်။ ဒီရောဂါမှာလည်း ရောဂါရဲ့ သဘာဝအပေါ်မှာမူတည်ပြီး ကုသလို့ရတာရှိသလို ကုသလို့ မရတာလည်း ရှိပါတယ်။ စောစောကပြောခဲ့သလိုပဲ လုံးဝပျောက်အောင် မကုနိုင်တော့ဘူးဆိုရင်တော့ ရောဂါအခြေအနေကို ပိုမဆိုးသွားအောင်ပဲ ထိန်းပေးရပါတယ်။

ရေတိမ်က ဖြစ်ပြီဆိုရင်တော့ တစ်ကြိမ်ဖြစ်ပြီးပြီဆိုရင် မပျောက်တော့ပါဘူး။ ရေတိမ်က တစ်ကြိမ်ဝင်ပြီးပြီဆိုရင် ရောဂါအခြေအနေကို ပိုဆိုးမသွားအောင် ကုသမှုပေးရပါတယ်။

Most Popular

Healthy Life Ad
To Top