Healthy Life Ad
Q & A

ရေကြီးတဲ့ဒေသမှာနေတဲ့ ဆီးချိုရောဂါရှိသူတို့အတွက် . . .

—–၊ ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေအထူးကု ဆရာဝန်ကြီး) ၊—–

Q. အခုလို ရေကြီးတဲ့အချိန်မှာ ရေကြီးတဲ့ဒေသက ဆီးချိုရှိသူတွေအနေနဲ့ ကျန်းမာရေးအတွက် ဘယ်လိုဂရုစိုက်သင့်ပါသလဲ။

A. ရေကြီးတဲ့အခါမှာ ဆီးချိုရှိသူတွေက ရေထဲစိမ်နေရတဲ့အတွက် အအေးမိတတ်တယ်။ ဒါပေမဲ့ မတတ်နိုင်ဘူး။ တတ်နိုင်သမျှ ရေနဲ့မထိတွေ့အောင်နေကြည့်မယ်။ ရုတ်တရက် ရေကြီးသွားရင် ဆေးတွေက ဘယ်နားထားမိမှန်း မသိတတ်ဘူး။ စက်တွေကလည်း ဘယ်နားရောက်လို့ရောက်မှန်း မသိတတ်ဘူး။ ဒုက္ခရောက်နိုင်ပါတယ်။ အရေးပေါ် ဆေးကုအဖွဲ့၊ ကယ်ဆယ်ရေးအဖွဲ့တွေက ရေဘေးသင့်ပြည်သူတွေထဲက ဆီးချိုသမားတွေကို ဘယ်လိုကူညီရမလဲ မေးတဲ့အခါ ဒီလိုမှာပါတယ်။

(၁) ဆီးချိုတိုင်းစက်တွေ ဆောင်ခိုင်းထားပါ။

(၂) ဆေးကို အရံသင့်ဆောင်ထားပါ။ အဲဒါတွေကို ပျောက်မသွားအောင် ထိန်းထားဖို့ပြောရပါတယ်။ ရေဘေးမှာအအေးမမိအောင် တတ်နိုင်သမျှ ကြိုးစားနေထိုင်ဖို့ ပြောချင်ပါတယ်။

Most Popular

Healthy Life Ad
To Top