Healthy Life Ad
Health Tips

စိတ်ကျန်းမာဖို့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရမယ့် နည်းလမ်းကောင်းများ

လရိပ်မေ

(၁) အဆိပ်သင့်စေတဲ့ လူတွေကို ရှောင်ရှားပါ။

(၂) ဘာကိုမှမတွေးဘဲ တစ်ရေးအိပ်စက်အနားယူပေးပါ။

(၃) အဆိုးမြင်အတွေးတွေကို စိန်ခေါ်ပြီး ငြင်းထုတ်ပါ။

(၄) ကိုယ်မလုပ်နိုင်တဲ့အရာတွေကို မလုပ်နိုင်ကြောင်း ယဉ်ယဉ်ကျေးကျေး ငြင်းကြည့်ပါ။

(၅) သင်လုပ်နေကျ အပြုအမူတွေကို ပြောင်းလဲပြီး အသစ်တစ်ခုခုကို စမ်းလုပ်ကြည့်ပါ။

(၆) ၀ါသနာအသစ်တစ်ခုကို အကောင်အထည်ဖော် လုပ်ဆောင်ကြည့်ပါ။

(၇) စာအုပ်ကောင်းတစ်အုပ်ဖတ်ပါ။

(၈) အချိန် ၇ မိနစ်လောက် တရားထိုင်ပါ။

(၉) စိတ်ထဲကအတွေးတွေ၊ ဖိစီးမှုတွေကို ချရေးနိုင်ဖို့ စာအုပ်တစ်အုပ် သီးသန့်ထားပါ။

(၁၀) စိတ်ထဲက အတွေးတွေကို ရှင်းထုတ်နိုင်ဖို့ လုပ်ရမယ့်စာရင်းကို ချရေးထားပါ။

(၁၁) တစ်နေ့မှာ အနည်းဆုံး တစ်နာရီလောက် အီလက်ထရောနစ်ပစ္စည်းတွေကို မသုံးသင့်ပါ။

(၁၂) သီချင်းအေးအေးချိုချိုလေးနားဆင်ပြီး လိုက်ဆိုပါ၊ ကချင်စိတ်ပေါ်လာရင် ကလိုက်ပါ။

Most Popular

Healthy Life Ad
To Top