Healthy Life Ad
Q & A

ထိပ်ကပ်နာဖြစ်ခြင်း

—၊ ပါမောက္ခဦးမောင်မောင်ခိုင် (နား၊ နှာခေါင်း၊ လည်ချောင်းအထူးကု ဆရာဝန်ကြီး) နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—

Q. ထိပ်ကပ်နာက ဘာလို့ဖြစ်ရတာပါလဲ ဆရာ။

A. ထိပ်ကပ်နာဆိုတာက ဆေးပညာအရ Sinusitis ကို ခေါ်တာပါ။ လေအိတ်ရောင်ရမ်းတဲ့ ရောဂါဖြစ်ပါတယ်။ အဓိကကတော့ ဘက်တီးရီးယားပိုးဝင်လို့ ဖြစ်ရတာပါ။ တခြားအကြောင်းတွေလည်း ရှိပါသေးတယ်။ သွားပိုးစားတဲ့သူတွေ၊ အပေါ်သွား၊ အံသွားတွေ ပိုးစားတဲ့အခါ သွားထဲကပိုးကနေ တိုက်ရိုက်ရောက်ပြီး ထိပ်ကပ်နာဖြစ်တတ်ပါတယ်။

Q. ထိပ်ကပ်နာဖြစ်ရင် ဘယ်လိုလက္ခဏာတွေ ဖြစ်တတ်ပါသလဲ ဆရာ။

A. ထိပ်ကပ်နာဖြစ်ရင် လေအိတ်ရောင်တယ်။ လေအိတ်ရောင်တဲ့အခါ ခေါင်းကိုက်မယ်၊ မျက်နှာတစ်ခြမ်းကိုက်မယ်၊ နှာခေါင်းပိတ်မယ်၊ နှာရည်တွေကျမယ်၊ နှာရည်တွေကလည်း အ၀ါတွေ၊ အစိမ်းတွေ ကျမယ်၊ နှပ်ပုပ်တွေထွက်မယ် . . ဒီလိုလက္ခဏာလေးတွေ ပြတတ်ပါတယ်။ အဲဒီလိုဖြစ်လာရင် ပဋိဇီဝပိုးသတ်ဆေးတွေပေးပြီး ကုသမှုခံယူရပါမယ်။

Q. ထိပ်ကပ်နာရောဂါက မျိုးရိုးလိုက်တတ်ပါသလား ဆရာ။

“ ပုံမှန်ကတော့ နှာစေးအအေးမိရင် နှာခေါင်းပိတ်တတ်ပါတယ်။ နှာခေါင်းထဲမှာရှိတဲ့ အမြှောင်းတွေကြီးလာလို့ နှာခေါင်းပိတ်တာပါ။ ဒါက ပုံမှန်နှာစေးလို့ဖြစ်တဲ့ နှာခေါင်းပိတ်တာပါ။ ထိပ်ကပ်နာဖြစ်ရင် နှပ်ကအ၀ါတွေ၊ အစိမ်းတွေထွက်မယ်၊ နှပ်အပုပ်တွေထွက်မယ်၊ ပြည်တွေထွက်မယ်၊ အနံ့နံမယ်။ ရိုးရိုးနှာစေးတဲ့သူက အဲဒီလိုမထွက်ပါဘူး။”

A. ထိပ်ကပ်နာက မျိုးရိုးလိုက်တတ်တာ မဟုတ်ပါဘူး။

Q. ထိပ်ကပ်နာဖြစ်သူတစ်ယောက်က နှာခေါင်းကို မှုတ်မှုတ်ထုတ်တတ်ပါတယ်။ အဲဒါကို လိုက်လုပ်ရင်းနဲ့ ထိပ်ကပ်နာဖြစ်တတ်ပါသလား ဆရာ။

A. ထိပ်ကပ်နာဖြစ်လို့ မှုတ်မှုတ်ထုတ်တာ မဟုတ်ပါဘူး။ အဓိက လူနာက နှာခေါင်းပိတ်လို့ လေကိုမှုတ်မှုတ်ထုတ်ရင်းနဲ့ အကျင့်ပါသွားတာပါ။ ထိပ်ကပ်နာကြောင့် နှာခေါင်းပိတ်လို့ မှုတ်ထုတ်တာမဟုတ်ပါဘူး။

Q. နှာခေါင်းပိတ်တာနဲ့ ထိပ်ကပ်နာကို ဘယ်လိုခွဲခြားလို့ ရနိုင်ပါသလဲ ဆရာ။

A. ပုံမှန်ကတော့ နှာစေးအအေးမိရင် နှာခေါင်းပိတ်တတ်ပါတယ်။ နှာခေါင်းထဲမှာရှိတဲ့ အမြှောင်းတွေ ကြီးလာလို့ နှာခေါင်းပိတ်တာပါ။ ဒါက ပုံမှန်နှာစေးလို့ဖြစ်တဲ့ နှာခေါင်းပိတ်တာပါ။ ထိပ်ကပ်နာဖြစ်ရင် နှပ်က အ၀ါတွေ၊ အစိမ်းတွေထွက်မယ်၊ နှပ်အပုပ်တွေထွက်မယ်၊ ပြည်တွေထွက်မယ်၊ အနံ့နံမယ်။ ရိုးရိုးနှာစေးတဲ့သူက အဲဒီလို မထွက်ပါဘူး။

Q. ထိပ်ကပ်နာဖြစ်မှန်း သေချာအောင် ဘယ်လိုစစ်ဆေးသိရှိနိုင်ပါသလဲ ဆရာ။

A. လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေဖြစ်တဲ့ ဓာတ်မှန်ရိုက်တာ၊ CT Scan ရိုက်တာတို့ လုပ်ရပါမယ်။

Q. ထိပ်ကပ်နာကို ကြာရှည်ခံစားနေရရင် သက်သာအောင် ဘယ်လိုလုပ်နိုင်ပါသလဲ ဆရာ။

A. ထိပ်ကပ်နာမှာနှစ်ပိုင်းရှိပါတယ်။ Acute လို့ခေါ် တဲ့ လတ်တလောဖြစ်တဲ့ ထိပ်ကပ်နာနဲ့ Chronic လို့ခေါ်တဲ့ နာတာရှည်ထိပ်ကပ်နာဆိုပြီး နှစ်မျိုးရှိပါတယ်။ Acute လို့ခေါ်တဲ့ လတ်တလောဖြစ်တဲ့ ထိပ်ကပ်နာကိုတော့ ပဋိဇီဝပိုးသတ်ဆေးပေးပြီး ကုသလို့ရပါတယ်။ နာတာရှည်ထိပ်ကပ်နာဆိုရင်တော့ ပဋိဇီဝပိုးသတ်ဆေးပေးရုံလောက်နဲ့ မရတော့တဲ့အခါကျတော့ ခွဲစိတ်ကုသမှု ပေးရပါတယ်။

Q. ထိပ်ကပ်နာနဲ့ ပတ်သက်ပြီး အများပြည်သူကို ပညာပေးလိုတာရှိရင် သိပါရစေဆရာ။

A. ထိပ်ကပ်နာကြာရှည်ဖြစ်နေတဲ့သူတွေအနေနဲ့ ပျောက်ကင်းအောင် ကုလို့ရပါတယ်။ လတ်တလောဖြစ်တဲ့ ထိပ်ကပ်နာဆိုရင် ပဋိဇီဝပိုးသတ်ဆေးပေးရုံနဲ့ ပျောက်ပါတယ်။ လိုအပ်ရင်တော့ ခွဲစိတ်ကုသမှု ခံယူလို့ရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Most Popular

Healthy Life Ad
Healthy Life Ad
To Top