Healthy Life Ad
Q & A

ကင်ဆာရောဂါဝေဒနာရှင်တွေကို ဘယ်လိုအစားအသောက်တွေ အဓိကကျွေးသင့်သလဲ . . .

—–၊ ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး) ၊—–

Q. ကင်ဆာဝေဒနာရှင်တွေကို ဘယ်လိုအစားအသောက်တွေ ဦးစားပေးကျွေးသင့်ပါသလဲရှင့်။

A. (၁) ကြက်ဥ

ကြက်ဥတစ်လုံးမှာ အသားဓာတ် ၆ ဂရမ်ပါရှိပြီး ဗီတာမင်ဘီနဲ့ ဆီလီနီယမ်ဓာတ်အပြည့်အ၀ပါရှိတဲ့အပြင် ကင်ဆာဆေးသွင်းတာကြောင့်ရရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း လျော့ကျစေပါတယ်။ ဒါ့အပြင် ကြက်ဥအနှစ်တွင်လည်း ဗီတာမင် ဒီ၊ အီးနဲ့ တချို့ သောဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ကင်ဆာဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် ခန္ဓာကိုယ်ကို ခံနိုင်ရည်အား လျော့ကျစေမှုကို ကာကွယ်ပေးပါတယ်။

(၂) ချင်း (ဂျင်း)

အစာအိမ်မှာ အစာမကြေသလို ခံရခက်နေခြင်း၊ အော့အန်ခြင်းတို့ကို သက်သာစေပါတယ်။

(၃) ပူဒီနာ (ပူစီနံ)ရွက်

ကင်ဆာဆေးသွင်းချိန်မှာ စားပေးရင် ပိုကောင်းပါတယ်။ ဘေးထွက်ဆိုးကျိုးတွေကို လျှော့ချပေးပါတယ်။ အော့အန်ခြင်းကို သက်သာစေပါတယ်။

(၄) တိုဟူး၊ ပဲပုပ်စေ့နှင့် ပဲစသည့်အစားအစာများ

ဒီအစာတွေမှာ Genstein ဆိုတဲ့ ဓာတ်ပစ္စည်းပါရှိတဲ့အတွက် ကင်ဆာဆဲလ်တွေကို သေစေနိုင်တဲ့အပြင် ကင်ဆာဆဲလ်ပြန့်ပွားမှုကိုလည်း ရပ်တန့်ပေးပါတယ်။ အထူးသဖြင့် ရင်သားကင်ဆာမှာ ကင်ဆာအလုံးအရွယ်ကိုပင် သေးငယ်သွားစေပါတယ်။

(၅) ကြက်စွပ်ပြုတ်၊ ငါးစွပ်ပြုတ်၊ အသားစွပ်ပြုတ်ရည်များ၊ အသီးအရွက်စွပ်ပြုတ်ရည်များ

စွပ်ပြုတ်ရည်ကျွေးပေးခြင်းအားဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ Electolyte (သတ္တုဓာတ်တွေ)ကို ဖြည့်တင်းပေးပါတယ်။ တစ်နေ့မှာ စွပ်ပြုတ်အနည်းဆုံး(၆)ခွက်ခန့် သောက်သုံးသင့်ပါတယ်။

(၆) ဒိန်ချဉ်

ချဉ်မှာလည်း Probiotic ကောင်းတဲ့ဘက်တီးရီးယားတွေ ပါရှိသဖြင့် အူလမ်းကြောင်းအတွက် များစွာအထောက်အကူပြုပါတယ်။ ကင်ဆာဆေးတွေကြောင့် သွေးဖြူဥလျော့နည်းသွားခြင်း၊ ပိုးဝင်ခြင်း ပဋိဇီဝပိုးသတ်ဆေးများ ပေးရတဲ့အခါမှာလည်း အူလမ်းကြောင်းရဲ့  လုပ်ငန်းတာဝန် ပြောင်းလဲသွားခြင်းကို ပြန်လည်ပြုပြင်ပေးပါတယ်။ ၀မ်းလျှောတဲ့အခါဖြစ်စေ၊ ၀မ်းချုပ်တဲ့အခါဖြစ်စေ ဒိန်ချဉ်သောက်သင့်ပါတယ်။

(၇) ပဲအမျိုးမျိုး

ပဲမျိုးစုံတွင် ဗီတာမင်ဘီနဲ့ အသားဓာတ်က အပြည့်အ၀ပါရှိသဖြင့် ကင်ဆာဆေးသွင်းချိန်၊ ဓာတ်ရောင်ခြည်ပေးချိန်တွေမှာ အများအပြား စားသုံးသင့်ပါတယ်။ ကင်ဆာဆေးတွေကြောင့် ခန္ဓာကိုယ်မှာ ပျက်စီးသွားတဲ့ ဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးတဲ့နည်းနဲ့ ခန္ဓာကိုယ်ရဲ့  ခံနိုင်ရည်အားကို မြှင့်တင်ပေးပါတယ်။ အထူးသဖြင့် ရင်သားကင်ဆာနဲ့ အူလမ်းကြောင်းကင်ဆာတွေမှာ ပိုမိုစားသင့်ပါတယ်။

(၈) အစိမ်းရောင်အရွက်များ

ဟင်းနုနွယ်၊ ကိုက်လန်၊ မုံညင်းဖြူ/ စိမ်း၊ ကန်စွန်းရွက်၊ ကညွတ်စတဲ့ အရွက်တွေမှာ ဗီတာမင် အေ၊ အီး၊ ကေ စတာတွေအပြင် သံဓာတ်ပါရှိသဖြင့် သွေးအားနည်းရောဂါဖြစ်ပွားမှု၊ ဟေမိုဂလိုဘင် လျော့နည်းမှုတို့ကို လျော့ပါးစေပါတယ်။ ကင်ဆာဆေးသွင်းနေချိန်တွေမှာ ပိုစားသုံးပေးသင့်ပါတယ်။ အထူးသဖြင့် ရင်သားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာနဲ့ အဆုတ်ကင်ဆာတွေမှာ များများစားသင့်ပါတယ်။

(၉) ဖြည့်စွက်စာများနှင့် ဖြည့်စွက်ပေးခြင်း (Nutrition Supplement)

သဘာဝအစားအစာတွေကို မစားသောက်နိုင်တဲ့အခါမှာလည်းကောင်း၊ မျိုချရခက်တဲ့ ကင်ဆာဝေဒနာရှင်တွေမှာလည်းကောင်း၊ ခန္ဓာကိုယ်ကလိုအပ်တဲ့ အာဟာရဓာတ်များကို ပြည့်ဝစွာမရရှိတဲ့အခါတွေမှာ ဖြည့်စွက်စာတွေနဲ့ ဖြည့်စွက်ပေးဖို့ လိုအပ်ပါတယ်။ အချုပ်အားဖြင့်ဆိုရင် အထက်ဖော်ပြပါ အစားအစာများကို နေ့တိုင်းမစားသောက်နိုင်ခဲ့ရင် နှာခေါင်းပိုက်(Nasal Enteral Feeding) ၊ PEG (Percutaneous Endoscopic Gastrostomy Tube) တွေနဲ့ ဖြည့်ဆည်းပေးရမှာ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top