—–၊ ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီး) ၊—–
Q. ဆီးချိုရောဂါကြောင့် အရေပြားယားယံတတ်ပါသလား။
A. ဆီးချိုသွေးချိုတက်ရင် အရေပြားယားယံတတ်ပါတယ်။ ဆီးချိုသွေးချိုရှိသူတွေက အရေပြား ပိုးဝင်လွယ်ပါတယ်။ အရေပြားခြောက်သွေ့ပါတယ်။ သွေးလည်ပတ်မှုက သာမန်နဲ့မတူဘဲ မှိုရောဂါဝင်လွယ်တာနဲ့ ပွေး၊ ၀ဲ စတာတွေ ၀င်လွယ်တာတွေ ဖြစ်တတ်ပါတယ်။ ပိုးဝင်လွယ်ပါတယ်။ ဒါကြောင့် သူများတွေထက် ပိုယားတတ်ပါတယ်။