Healthy Life Ad
Health Tips

ခန္ဓာကိုယ်သန်စွမ်းလိုသူတို့အတွက် အလွယ်လေ့ကျင့်ခန်း ၅ မျိုး

———၊ လရိပ်မေ ၊———

ပိန်သွယ်လွန်းနေလို့ ကြွက်သားတက်ချင်ရင်၊ ခန္ဓာကိုယ်ကို အခုထက်ပိုပြီး ကြီးထွားချင်တယ်ဆိုရင် အိမ်မှာလေ့ကျင့်ခန်းလုပ်လို့ရမယ့် အလွယ်နည်းတွေရှိပါတယ်။ ကြွက်သားကြီးထွားမှုကို လှုံ့ဆော်ပေးမယ့် လေ့ကျင့်ခန်းဖြစ်ပြီး မှန်မှန်ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။

alignnone size-medium wp-image-60202
(၁) ဘေးတိုက်ကွေးခြင်း

ဒီလေ့ကျင့်ခန်းက ခန္ဓာကိုယ်အပေါ်ပိုင်းကို လှုံ့ဆော်မှုပေးနိုင်တဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။

အဆင့် (၁) ကြမ်းပြင်ပေါ် ဘေးတစောင်းလှဲလျောင်းပြီး ခြေထောက်တွေကို ဖြောင့်ဖြောင့်ထားကာ လက်တံတောင်ဆစ်ကို ပခုံးအောက်မှာ ထောက်ထားပါ။

အဆင့် (၂) ခန္ဓာကိုယ်ကို အပေါ်မြှင့်ပြီး ၀မ်းဗိုက်ကြွက်သားကို သန်စွမ်းအောင်လုပ်ကာ ပခုံးကနေ ခြေထောက်အထိ တဖြောင့်တည်းဖြစ်နေပါစေ။

အဆင့် (၃) ဒီအနေအထားအတိုင်း နေနိုင်သလောက်နေပါ။

အဆင့် (၄) ဖြည်းဖြည်းချင်း အောက်ကို ပြန်လှဲချပြီးနောက် တစ်ဖက်ပြောင်းလုပ်ပေးပါ။

alignnone size-medium wp-image-60203
(၂) ၀မ်းဗိုက်အပေါ်ပိုင်းနှင့် အောက်ပိုင်းကြွက်သား သန်စွမ်းစေမည့် လေ့ကျင့်ခန်း

ဒီနည်းလမ်းက ရိုးစင်းသလောက် ထိရောက်မှုရှိပါတယ်။ ၀မ်းဗိုက်တစ်ခုလုံးကို သန်စွမ်းစေပါတယ်။

အဆင့် (၁) ကြမ်းပြင်ပေါ်မှာ လက်နှစ်ဖက်ချပြီး တံတောင်ဆစ်က ပခုံးအောက်ကြမ်းပြင်မှာ ထောက်ထားပါ။

အဆင့် (၂) ခန္ဓာကိုယ်ကို ဖြောင့်တန်းနေအောင်ထားပါ။

အဆင့် (၃) သင်လုပ်နိုင်သလောက် ထိန်းထားပါ။ ပြီးရင် ကိုယ်ကို ကြမ်းပြင်ပေါ်လှဲချပေးပါ။
alignnone size-medium wp-image-60204
(၃) ခါးသန်မာပြီး ၀မ်းဗိုက်ကြွက်သား သန်စွမ်းစေမည့် လေ့ကျင့်ခန်း

ဒီလေ့ကျင့်ခန်းက ခါးသန်မာပြီး ၀မ်းဗိုက်ကြွက်သားသန်စွမ်းစေမှာ ဖြစ်ပါတယ်။

အဆင့်(၁) သွေးပူသွားအောင် အသက်ပြင်းပြင်း ရှူသွင်း/ရှူထုတ်တာကို ပြုလုပ်ပေးပါ။

အဆင့် (၂) အသက်ရှူထုတ်ပါ။

အဆင့် (၃) ၀မ်းဗိုက်ကို သင်ရှပ်နိုင်သလောက် ရှပ်ပေးပါ။

အဆင့် (၄) သင်ထိန်းထားနိုင်သလောက် ထိန်းထားပေးပါ။

alignnone size-medium wp-image-60205
(၄) ထိုင်လျက်လေ့ကျင့်ခန်း

ဒီလေ့ကျင့်ခန်းက ၀မ်းဗိုက်ကြွက်သားတွေကိုဦးတည်ပြီး သန်စွမ်းစေမှာ ဖြစ်ပါတယ်။

အဆင့် (၁) ထိုင်ခုံပေါ်မှာထိုင်တဲ့ ပုံစံမျိုးနဲ့ စတင်ပါ။

အဆင့် (၂) ခြေထောက်တွေကို ဖြောင့်အောင်ထားပြီး မြှင့်ပေးပါ။

အဆင့် (၃) လက်မောင်းတွေကို ခြေတံကောက်ကြောနေရာဆီ ဆွဲထိပါ။

အဆင့် (၄) သင်လုပ်နိုင်သလောက် ထိန်းထားပါ။

alignnone size-medium wp-image-60206
(၅) ဆန့်ထုတ်ခြင်း

ဒီလေ့ကျင့်ခန်းက ခါး၊ ၀မ်းဗိုက်နဲ့ တစ်ကိုယ်လုံးကြွက်သားတွေကို သန်စွမ်းစေပါတယ်။

အဆင့် (၁) ကြမ်းပြင်ပေါ်မှာ မှောက်လျက်လှဲနေပါ။

အဆင့် (၂) ခန္ဓာကိုယ်အပေါ်ပိုင်းကို ကြမ်းပြင်ကနေ မြှင့်ပြီး ခြေထောက်နဲ့ လက်မောင်းတွေကို ဆွဲဆန့်ပေးပါ။

အဆင့် (၃) သင်ထိန်းထားနိုင်သလောက် ထိန်းထားပြီးမှ ပြန်ဖြေလျှော့ပါ။

အကြံပြုချက်

လေ့ကျင့်ခန်းကို အလွန်အကျွံပြုလုပ်ခြင်း

အပိုကိုယ်အလေးချိန်တွေတက်ပြီး ကြွက်သားသန်စွမ်းတင်းရင်းနေဖို့ဆိုရင် လေ့ကျင့်ခန်းကို အလွန်အကျွံ မလုပ်သင့်ပါဘူး။ လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ အနားယူပြီး ပြန်လည်အားဖြစ်စေမယ့် အချိန်ပေးပါ။ ဒီအတောအတွင်း ကောင်းမွန်မျှတတဲ့ အစားအသောက်တွေကို စားသောက်ပေးဖို့ လိုအပ်ပါတယ်။

Most Popular

Healthy Life Ad
To Top