Healthy Life Ad
Health Tips

မိဘများသို့ သတင်းစကား

(၁) ကလေးကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို အချိန်မှန် ကျွေးရပါမယ်။

(၂) ကလေးကို ဗီဒီယိုဂိမ်းနဲ့ တီဗီကြည့်ချိန် ကန့်သတ်ပေးပါ။ ဒါမှမဟုတ် ဂိမ်းကစားခွင့်မပြုပါနဲ့။

(၃) ညတိုင်း အိပ်ချိန် ၈-၁၀ နာရီခန့် ထားပေးပါ။ ကလေးကို အိပ်ရေး၀၀ အိပ်ပျော်အောင် ကျင့်ပေးရပါမယ်။

(၄) ကလေးတွေက အိမ်စာကို ဘယ်လိုပြုလုပ်သလဲ၊ အချိန်မှန်မှန် ပြုလုပ်ရဲ့လားဆိုတာကို အမြဲဆန်းစစ်ပေးပါ။

(၅) အားတဲ့အခါတိုင်း ကလေးတွေကို အချိန်ပေးပါ။ ကလေးတွေနဲ့အတူ ဆော့ကစားပေးပါ။

(၆) ကျောင်းမှာ ကလေးရဲ့ ဆရာတွေကို တွေ့ ဆုံပါ။ မိဘ-ဆရာ စုံညီအစည်းအဝေးလုပ်တိုင်း သွားတွေ့ပေးပါ။

(၇) ကလေးကို စည်းကမ်းသတ်မှတ်ထားပါ။ ပျော်အောင်ထားပါ၊ ဒါပေမဲ့ စည်းကမ်းသတ်မှတ်ချက်ကို ဖောက်ဖျက်ပြီး အလိုမလိုက်သင့်ပါဘူး။

Most Popular

Healthy Life Ad
To Top