———၊ လရိပ်မေ ၊———
တချို့ဝေဒနာ အသေးအဖွဲလေးတွေက မကြီးကျယ်ဘူးဆိုပေမယ့် ခံစားရတဲ့အခါ မသက်မသာ ဖြစ်ရတာပါပဲ။ ဆေးရုံ၊ ဆေးခန်း ပြေးရလောက်အောင် မဟုတ်ဘူးဆိုပေမယ့် ဒီဝေဒနာတွေကြောင့် စိတ်အနှောင့်အယှက်မဖြစ်ဘဲ အမြန်ဆုံးသက်သာရာရအောင် အောက်ပါ အနှိပ်ကုထုံးလေးတွေ သုံးကြည့်စေချင်ပါတယ်။
ခေါင်းကိုက်နေပါသလား
ပုံမှာပြထားတဲ့ အမှတ်နေရာကို စက်ဝိုင်းပုံစံအတိုင်း လှည့်လည်ပြီး နှိပ်ပေးရပါမယ်။
ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေရဲ့ လုပ်ငန်းဆောင်တာကို ပိုကောင်းလိုပါသလား
ပုံမှာပြထားတဲ့ အမှတ်နေရာနှစ်ခုကို ညင်ညင်သာသာလေး နှိပ်ပေးရပါမယ်။
အစာအိမ်အူလမ်းကြောင်း ပြဿနာခံစားနေရပါသလား
ပုံမှာပြထားတဲ့ အမှတ်နေရာကို နှိပ်ပေးရပါမယ်။
ရောင်ရမ်းမှုကို ခံစားနေရပါသလား
လက်ဖမိုးထောင့်ရှိ ပုံမှာပြထားတဲ့ အမှတ်နေရာကို ဖိနှိပ်ပေးရပါမယ်။
ရာသီအကြိုဝေဒနာကြောင့် ဗိုက်အောင့်နေပါသလား
ပုံမှာပြထားတဲ့ ခြေဖ၀ါးအလယ်အမှတ်နေရာ တ၀ိုက်ကို အချိန် ၂-၃ မိနစ်ခန့် နှိပ်ပေးရပါမယ်။
အအေးမိဝေဒနာ ခံစားနေရပါသလား
ပုံမှာပြထားတဲ့ အမှတ်နေရာနှစ်ခုကို တပြိုင်နက်တည်း ဖိနှိပ်ပေးရပါမယ်။
အစာမကြေသလို ခံစားနေရပါသလား
ပုံမှာပြထားတဲ့ အမှတ်နေရာကို ညင်ညင်သာသာ ဖိနှိပ်ပေးရပါမယ်။
ချောင်းဆိုးနေပါသလား
ပုံမှာပြထားတဲ့ လည်ချောင်းရှိ အမှတ်နေရာကို အလွန်ညင်ညင်သာသာ နှိပ်ပေးရပါမယ်။
အိပ်မပျော်ဘူးလား
ပုံမှာပြထားတဲ့ လက်သန်းအမှတ်နေရာကို ဖိနှိပ်ပေးရပါမယ်။