Healthy Life Ad
Q & A

ကိုယ်ဝန်ဆိပ်တက်ခြင်းကို ရှောင်ရှားနိုင်မည့် နေထိုင်စားသောက်မှုပုံစံ

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

Q. ကိုယ်ဝန်ဆောင်တွေ စိတ်ပူတဲ့အထဲမှာ ကိုယ်ဝန်ဆိပ်တက်တာလည်း ပါဝင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြောပြပေးပါ ဆရာမ။

A. ကိုယ်ဝန်ဆိပ်တက်တယ်ဆိုတာ အကြမ်းဖျဉ်းပြောရရင်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးတာကြောင့် နောက်ဆက်တွဲခံစားရတဲ့ ဝေဒနာဖြစ်ပါတယ်။ သွေးတိုးတဲ့အခါ ကိုယ်ဝန်အပတ်၂၀နဲ့ ၂၀ကျော်မှတွေ့ရပြီး အချင်းထဲသွေးရောက်တာ နည်းသွားကာ လမစေ့ဘဲ ကလေးမွေးရတာ၊ ပေါင်ချိန်မပြည့်ဘဲမွေးတာမျိုး ဖြစ်တတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်တွင်းမှာ သွေးကတအားတိုးနေတဲ့အတွက် သူ့ရဲ့သွေးလည်ပတ်မှုကမှားပြီး အချင်းထဲကို သွေးရောက်တာ လျော့နည်းသွားလို့ ဖြစ်ပါတယ်။ လိုအပ်တဲ့သွေးတွေ မပြည့်ဝတော့ Placenta Ambratio ရပါတယ်။ သွေးတွေဆင်းပြီး၊ စောစောစီးစီး ကလေးမွေးတာမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။ နောက်ပြီး ဒီလိုကလေးမျိုးက အသက်ရှင်ခဲ့မယ်ဆိုရင် အသက်ကြီးလာရင် နှလုံးရောဂါဖြစ်တတ်ပါတယ်။

Q. ကိုယ်ဝန်ဆိပ်တက်ရင် ဘယ်လိုလက္ခဏာတွေ ပြသတတ်ပါသလဲ ဆရာမ။

A. ရုတ်တရက်ခေါင်းကိုက်တာ၊ အမြင်တွေေ၀၀ါးနေတာ၊ ဗိုက်အပေါ်ပိုင်းနာကျင်တာ၊ အသက်ရှူကြပ်တာ၊ အန်ချင်တာ၊ ခြေထောက်တွေဖောရောင်တာ၊ တစ်ရက်-နှစ်ရက်အတွင်း ကိုယ်အလေးချိန် ရုတ်တရက်ကြီး ဆယ်ပေါင်လောက်တက်လာတာ၊ မူးမောတာ၊ အန်ချင်တာ၊ ၀မ်းဗိုက် အထက်ပိုင်းက နာတာတွေ ဖြစ်တတ်ပါတယ်။ ခြေထောက်ရောင်တဲ့အခါ သိသာပါတယ်။ တချို့ကတော့ Pulmonary Odema ဖြစ်တတ်ပါတယ်။ အဆုတ်ထဲမှာ ရေတွေရောက်နေတာကြောင့် အသက်ရှူကြပ်တာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုမျိုးခံစားရရင်တော့ ဆရာဝန်နဲ့ပြသဖို့ အရေးကြီးပါတယ်။ ဆေးရုံတက်တာ အကောင်းဆုံးပါပဲ။ ဒီလိုမျိုးဖြစ်တဲ့သူတွေ ရိုးရိုးမွေးဖို့ မသင့်တော်ပါဘူး။ ခွဲမွေးတာပဲ ကောင်းပါတယ်။

Q. ကိုယ်ဝန်ဆိပ်တက်တာက ကိုယ်ဝန်ဘယ်အချိန်မှာ အဖြစ်များပါသလဲ ဆရာမ။

A. ကိုယ်ဝန်သုံးလလောက်အတွင်းမှာပဲ Morning Sickness ဖြစ်တတ်ပေမယ့် အပတ်၂၀ကျော်တဲ့အထိတောင် အန်တာတွေ၊ အသက်ရှူကြပ်တာတွေ ဖြစ်နေရင်တော့ သတိထားရမှာပါ။ နောက်ပြီး ဆီးသွားတာ နည်းလာတယ်ဆိုရင်လည်း စိတ်ပူရပါတယ်။ ခြေတွေ၊ လက်တွေ ဖောလာတဲ့အခါလည်း သတိထားရပါမယ်။ ဒီလို ကိုယ်ဝန်ဆောင်ချိန် ရိုးရိုးဖောတာဆိုရင် ပြန်ကျတာမြန်ပါတယ်။ ဒါပေမဲ့ သွေးတိုးလို့ ဖောတယ်ဆိုရင်တော့ မကျဘဲ ဖြစ်တတ်ပါတယ်။ ဆရာဝန်နဲ့ပြသဖို့ လိုပါတယ်။

“ကိုယ်ဝန်ဆောင်တဲ့အခါ သွေးပေါင်မှန်မှန်ချိန်ပါ၊ ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။ ကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်ပါ။ လိုအပ်တဲ့ဗီတာမင်တွေမှီဝဲပြီး မတည့်ဆေးတွေ မသောက်မိအောင် သတိထားပါ။ ဆေးလိပ်သောက်တာ၊ အရက်သောက်တာတို့တော့ လုံးဝမလုပ်ရပါဘူး။ အဲဒါကြောင့် ကလေးမမွေးခင် Prenatal Care ဆိုပြီး ဆရာဝန်ထံ နှစ်ပတ်တစ်ခါ၊ ဒါမှမဟုတ် တစ်လတစ်ခါပြဖို့ အရေးကြီးပါတယ်။”

Q. ဘယ်သူတွေက အဖြစ်အများဆုံးလဲ ဆရာမ။

A. ဘယ်သူတွေမှာ အဖြစ်အများဆုံးလဲဆိုတော့ ကိုယ်အလေးချိန်များတဲ့သူတွေပါ။ ၀တဲ့သူတွေပေါ့။ နောက်ပြီး အသက် ၃၅နှစ်အထက်မှာ ကိုယ်ဝန်စဆောင်တဲ့ သူတွေမှာလည်း ဖြစ်တတ်ပါတယ်။ ကိုယ်က၀လည်းဝမယ်၊ ပထမဆုံးကလေးလည်းဖြစ်မယ်၊ အသက် ၃၅နှစ်လည်း ကျော်နေမယ်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ အစားအသောက်နဲ့ လမ်းလျှောက်တာတော့ အဓိကလုပ်ရမှာပါ။ နောက်ပြီး နဂိုကတည်းက နှလုံးမကောင်းဘူး၊ ကျောက်ကပ်မကောင်းတဲ့သူတွေမှာလည်း ဖြစ်နိုင်ပါတယ်။ သတိတော့ထားရပါမယ်။ ကိုယ်ဝန်ဆောင်ရင်း Sickle Cell Anemia ဖြစ်တဲ့သူတွေမှာလည်း ဒီလိုပြဿနာတွေ ဖြစ်နိုင်ပါတယ်။

Q. ကိုယ်ဝန်ဆိပ်တက်တော့မယ်ဆိုရင် ဘယ်လိုသတိပေးလက္ခဏာတွေ ပြတတ်ပါသလဲ ဆရာမ။

A. ဆီးထဲမှာ ပရိုတင်းတွေ ပါလာတာဟာ ကိုယ်ဝန်ဆိပ်တတ်တော့မယ်ဆိုတာ အကြိုပြတဲ့လက္ခဏာနဲ့ တူပါတယ်။ ဘာလို့လဲဆိုတော့ ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာ လျော့သွားပြီး စွန့်ထုတ်နိုင်စွမ်းတွေ ကျသွားတဲ့အတွက် ဖြစ်ပါတယ်။ ကိုယ်ဝန်ဆိပ်တက်ပြီဆိုရင် ဆရာဝန်နဲ့ စနစ်တကျတိုင်ပင်ဖို့ လိုပါတယ်။ ကိုယ့်သဘောနဲ့ကိုယ် အရင်ကသောက်ဖူးတဲ့ ဆေးတွေပဲဆိုပြီး သောက်လိုက်လို့မရပါဘူး။ ကိုယ်ဝန်ဆောင်တွေနဲ့ မတည့်တဲ့ သွေးကျဆေးကတော့ ACEI အမျိုးအစားသွေးကျဆေးရယ်၊ Renal Inhibitors တွေဖြစ်ပါတယ်။ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေကို သောက်သင့်ပါတယ်။

Q. ကိုယ်ဝန်ဆိပ်တက်တာမဖြစ်အောင် ဘယ်လိုကြိုတင်ကာကွယ်သင့်ပါသလဲ ဆရာမ။

A. ကိုယ်ဝန်ဆောင်တဲ့အခါ သွေးပေါင်မှန်မှန်ချိန်ပါ၊ ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။ ကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်ပါ။ လိုအပ်တဲ့ ဗီတာမင်တွေ မှီဝဲပြီး မတည့်ဆေးတွေ မသောက်မိအောင် သတိထားပါ။ ဆေးလိပ်သောက်တာ၊ အရက်သောက်တာတို့တော့ လုံးဝမလုပ်ရပါဘူး။ အဲဒါကြောင့် ကလေးမမွေးခင် Prenatal Care ဆိုပြီး ဆရာဝန်ထံ နှစ်ပတ်တစ်ခါ၊ ဒါမှမဟုတ် တစ်လတစ်ခါပြဖို့ အရေးကြီးပါတယ်။ အကြောင်းရင်း သေချာမသိပေမယ့် အများအားဖြင့်တော့ အမေမှာဖြစ်ဖူးရင် သမီးမှာလည်း ဖြစ်တတ်ပါတယ်။ နေထိုင်စားသောက်မှုပုံစံကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဥပမာ- ကိုယ်ဝန်ဆောင်ချိန်မှာ အဆီအအိမ့်တွေ၊ အငန်တွေ အများကြီးစားတာမျိုးဆိုရင် ဖြစ်နိုင်တယ်လို့ လေ့လာသူတွေက ယူဆထားပါတယ်။ ဒါကြောင့် Prenatal Care က အရေးကြီးတယ်လို့ပြောတာ ဖြစ်ပါတယ်။

Q. ကိုယ်ဝန်ဆိပ်တက်ခြင်းမဖြစ်အောင် ဘယ်လိုစားသောက်သင့်ပါသလဲ ဆရာမ။

A. ကိုယ်ဝန်စဆောင်တာနဲ့ Healthy Eating ဖြစ်ရပါမယ်။ အသီးအနှံများများစားပါ။ ဆားလျှော့စားပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆား (ဆိုဒီယမ်ဓာတ်)ကို ၂၃၀၀ မီလီဂရမ်ထက် ပိုမစားရပါဘူး။ ဆားလက်ဖက်ရည်ဇွန်း တစ်ဇွန်းမှာ ၆ ဂရမ်ရှိပြီး ဆိုဒီယမ်က ၂၄၀၀ မီလီဂရမ်ပါပါတယ်။ ဒါဟာ တစ်နေ့လုံးအတွက် လုံလောက်တဲ့ ဆားပမာဏဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်သည်တွေသာမက သာမန်လူတွေအတွက်လည်း ဒီပမာဏက အသင့်တော်ဆုံး ဖြစ်ပါတယ်။ တကယ်လို့များ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးတာဖြစ်ပြီဆိုရင် ဆားစားတဲ့ပမာဏကို လျှော့ချခိုင်းပါတယ်။ လက်ဖက်ရည်ဇွန်းရဲ့ သုံးပုံတစ်ပုံထိလျှော့ပြီး စားသင့်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ငါးပိရည်၊ ငါးပိထောင်း လုံးဝမစားသင့်ပါဘူး။

Q. ကိုယ်ဝန်ဆိပ်တက်တာက ကိုယ်ဝန်ဘယ်အချိန်မှာ အဖြစ်များပါသလဲ ဆရာမ။

A. ကိုယ်ဝန်ဆိပ်တက်တာကို ကြိုတင်ကာကွယ်လို့ မရပေမယ့် သွေးမတိုးအောင်တော့ လုပ်လို့ရပါတယ်။ သွေးတိုးပြီးမှ ဒီလိုအခြေအနေတွေ ဖြစ်လာတာဆိုတော့ သွေးမတိုးအောင် အဓိက တားဆီးတာဟာ ထိရောက်တဲ့ကာကွယ်မှု ဖြစ်ပါတယ်။ သွေးမတိုးအောင် ပြုလုပ်ဖို့က Healthy Eating , Healthy Living ဖြစ်အောင်နေဖို့ စားသောက်တာနဲ့ လှုပ်ရှားမှုတွေ ဆောင်ရွက်တာပဲဖြစ်ပါတယ်။ ဖြည့်စွက်စာအနေနဲ့ကတော့ သံဓာတ်ပဲပေးပါတယ်။ Prenatal Care ရှိအောင်ပြုလုပ်ရင်း ဆရာဝန်တွေနဲ့ ကြိုတင်တိုင်ပင်နိုင်ပါတယ်။ အမြဲတမ်းသွေးဖိအားကို မှန်မှန်ချိန်ပေးနေဖို့ လိုအပ်ပါတယ်။ ကိုယ်ဝန်နုစမှာ ဘာလိုပုံစံအခြေအနေမျိုးမှ မပြပေမယ့် ကိုယ်ဝန်အပတ်၂၀ ၀န်းကျင်လောက်လည်းရောက်ရော ရုတ်တရက် သွေးပေါင်ချိန်က ၁၄၀/၉၀ အထက် ရောက်သွားတာမျိုး ဖြစ်တတ်ပါတယ်။ တချို့ကျတော့ တစ်နာရီ- နှစ်နာရီလောက်ပဲ ဖြစ်ပေမယ့် တချို့ကျတော့လည်း တောက်လျှောက်ဖြစ်နေတာမျိုး ရှိပါတယ်။

Most Popular

Healthy Life Ad
To Top