Healthy Life Ad
Health Tips

အဆီပိုတွေ လောင်ကျွမ်းသွားစေမည့် လေ့ကျင့်ခန်းများ

အနည်းငယ်ပြင်းထန်တဲ့ လေ့ကျင့်ခန်းလှုပ်ရှားမှုတွေ ပြုလုပ်မှသာ ခန္ဓာကိုယ်ရှိ အဆီပိုတွေ လောင်ကျွမ်းကုန်မှာ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ဖို့ အချိန်များများမပေးနိုင်သူတွေအတွက် နည်းလမ်းမှန်မှန်နဲ့ နေ့စဉ် အချိန် ၁၅ မိနစ်လောက်ပေးရုံနဲ့ အဆီပိုတွေ လောင်ကျွမ်းစေမယ့် လေ့ကျင့်ခန်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေ မပြုလုပ်ခင် သွေးပူလေ့ကျင့်ခန်း ၅ မိနစ်ခန့် ပြုလုပ်ပေးသင့်ပါတယ်။ ခြေ၊ လက်၊ ခါးနဲ့ လည်ပင်းအကြောလျှော့ လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးထားသင့်ပါတယ်။

alignnone size-medium wp-image-55294
လေ့ကျင့်ခန်း (၁)

ခြေချောင်းတွေကို ရှေ့သို့ထုတ်ထားပြီး ခြေထောက်နှစ်ဖက်ကို ချဲပြီးရပ်ပါ။ ဒူးတွေကို ၉၀ ဒီဂရီခန့်ကွေးပြီး ဆောင့်ကြောင့်ထိုင်တဲ့ပုံစံ ပြုနေပါ။ လက်နှစ်ဖက်ကို ရှေ့သို့ဆန့်ထားလိုက်ပါ။ ထိုပုံစံအတိုင်း လက်တွေကို အပေါ်သို့မြှောက်လိုက်ပြီး ခြေထောက်ကိုဆန့်ထုတ်ကာ အပေါ်သို့ခုန်လိုက်ပါ။ ထို့နောက် ဖြည်းဖြည်းညင်သာစွာ ပြန်ကျပြီး မူလပုံစံအတိုင်း ပြန်နေလိုက်ပါ။ ဒီနည်းအတိုင်း ၁၂ ကြိမ် ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

alignnone size-medium wp-image-55292
လေ့ကျင့်ခန်း (၂)

လက်ထောက်မှောက်အနေအထား နေပေးပါ။ ခါးနဲ့လည်ပင်းကို ဖြောင့်ဖြောင့်ထားပါ။ ဝမ်းဗိုက်ြွကက်သားတွေကို တင်ထားပေးပါ။ အသက်ကိုရှုသွင်းလိုက်ပြီး ဘယ်လက်ကို ညာပုံခုံးကိုထိအောင် ကွေးလိုက်ရမှာ ဖြစ်ပါတယ်။ အသက်ရှုထုတ်ပြီး လက်ကိုပြန်ချလိုက်ပါ။ ဒီအတိုင်း ၁၂ ကြိမ် ပြုလုပ်ပေးပြီး နောက်လက်တစ်ဖက်ပြောင်းကာ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

alignnone size-medium wp-image-55293
လေ့ကျင့်ခန်း (၃)

ခြေနှစ်ဖက်ကိုစုပြီး ဆောင့်ကြောင့်ထိုင်လိုက်ပါ။ နောက်ကျောနဲ့လည်ပင်းကို ဖြောင့်ဖြောင့်ထားပါ။ လက်နှစ်ဖက်ကို အရှေ့ကြမ်းပြင်ကိုထောက်ထားပြီး ခြေထောက်အဖျားကို အားပြုနေပါ။ ခြေထောက်ကိုဆန့်ထုတ်ပြီး မြင့်မြင့်ခုန်လိုက်ပါ။ ပြန်ကျလာချိန်မှာ မူလအနေအထားအတိုင်းနေပြီး နောက်တစ်ကြိမ် ပြန်ခုန်ပါ။ ဒီနည်းအတိုင်း ၁၂ ကြိမ် ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

alignnone size-medium wp-image-55296
လေ့ကျင့်ခန်း (၄)

လက်ထောက်မှောက်အနေအထား နေပေးပါ။ လက်နှစ်ဖက်ကိုကွေးပြီး တံတောင်တွေနဲ့ ထောက်ထားပေးရမှာ ဖြစ်ပါတယ်။ ထိုအနေအထားတိုင်း ညာဖက်ဒူးကိုကွေးပြီး ရှေ့သို့တိုးလိုက်ပါ။ ပြီးနောက် မူလအနေအထားပြန်နေပါ။ ဒီနည်းအတိုင်း၁၂ ကြိမ်ပြုလုပ်ပြီး ခြေထောက်တစ်ဖက်ပြောင်းကာ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

alignnone size-medium wp-image-55298
လေ့ကျင့်ခန်း (၅)

တစ်ဝက်ဆောင့်ကြောင့်ထိုင် အနေအထားနေပေးပါ။ ထို့နောက် လက်ကိုလွှဲကား အားပြုပြီး ဘေးတိုက်ညာဖက်သို့ ခုန်လိုက်ပါ။ ထို့နောက် တခါ ဘယ်ဘက်ကိုခုန်ပါ။ ဒီအတိုင်း ၁၂ ကြိမ်ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

alignnone size-medium wp-image-55297
လေ့ကျင့်ခန်း (၆)

လက်ထောက်မှောက်လေ့ကျင့်ခန်း ပြုလုပ်တဲ့အတိုင်း နေပေးပါ။ ခါး၊ နောက်ကျောနဲ့ လည်ပင်းတွေကို ဖြောင့်ဖြောင့်ထားပေးပါ။ ထိုအနေအထားအတိုင်း ညာဖက်လက်ကိုမြှောက်ပြီး ဘေးသို့ဆန့်တန်းလိုက်ပါ။ ညာခြေထောက်ကိုလဲ ဘေးသို့ကားလိုက်ပြီး ခန္ဓာကိုယ်ဟန်ချက်ကို ထိန်းထားပါ။ ထို့နောက် နောက်တစ်ဖက်ပြောင်းလုပ်ပေးပါ။ ဒီနည်အတိုင်း ၁၂ ကြိမ်ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

alignnone size-medium wp-image-55295
လေ့ကျင့်ခန်း (၇)

တစ်ဝက်ဆောင့်ကြောင့်ထိုင် အနေအထားနေပါ။ လက်တွေကို ရှေ့တွင်ထားထားပါ။ အသာအယာခုန်လိုက်ပြီး ဒူးနှစ်ဖက်ကိုကွေးကာ လက်ဖြင့်ဆွဲထိန်းပြီး ရင်ဘတ်နားသို့ကပ်လိုက်ပါ။ ထို့နောက် ပြန်အကျမှာ မူလအနေအထားအတိုင်း နေပါ။ ဒီနည်းအတိုင်း ၁၂ ကြိမ် ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top