Healthy Life Ad
Health Tips

အချိန်တိုအတွင်း ခန္ဓာကိုယ် သွယ်လျလှပစေမည့် လေ့ကျင့်ခန်း ၅ မျိုး

——–၊ ကိုထက် ၊———

ကြည့်ကောင်းပြီး အချိုးကျတဲ့ ကိုယ်ခန္ဓာ ပိုင်ဆိုင်နိုင်ရန်အတွက် ကျန်းမာရေးအတွက် အသင့်တော်ဆုံးနဲ့ ဘေးအန္တရာယ်အကင်းဆုံး နည်းလမ်းတွေကတော့ ကိုယ်လက်အားကစား မှန်မှန်ပြုလုပ်ပေးခြင်းသာ ဖြစ်ပါတယ်။ အိမ်တွင်းပြုလုပ်နိုင်တဲ့ နည်းလမ်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ဒီနည်းလမ်းတွေအတိုင်း လေ့ကျင့်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံလည်း ရှိမယ်ဆိုရင် အချိန်တိုအတွင်းမှာ သင့်ခန္ဓာကိုယ်ဟာ ကျစ်လစ်သွယ်လျပြီး ကြည့်ကောင်းလာစေမှာ ဖြစ်ပါတယ်။

alignnone size-medium wp-image-54931
လက်ထောက်မှောက် လေ့ကျင့်ခြင်း

မှောက်လျက်အနေအထားနေပြီး တံတောင်ဆစ်နှစ်ဖက်နဲ့ ကြမ်းကိုထောက်ထားပါ။ ခြေနှစ်ဖက်ကိုလဲ ဆန့်တန်းထားပြီး ခြေချောင်းများဖြင့် ထောက်ထားပါ။ ခန္ဓာကိုယ်အလေးချိန်ကို ခြေချောင်းတွေနဲ့ တံတောင်ဆစ်ပေါ်မှာ မျှတအောင်နေပါ။ ဦးခေါင်းကို ခန္ဓာကိုယ်နဲ့ တစ်ဖြောင့်ထဲထားပြီး ခါးကိုလဲ ကိုင်းမနေအောင် ဆန့်တန်းထားရမှာ ဖြစ်ပါတယ်။ ဒီပုံစံအတိုင်း ၁၀ စက္ကန့်ခန့် နေရမှာ ဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ အချိန်ကို ပိုတိုးပြီး ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

alignnone size-medium wp-image-54934
၃၀-၆၀-၉၀ လေ့ကျင့်ခြင်း

ကြမ်းပေါ်တွင် လှဲလျက်အနေအထား နေပါ။ လက်နှစ်ဖက်ကို ဘေးတွေချပြီး ကပ်ထားပါ။ ထိုအနေအထားအတိုင်း ခြေထောက်နှစ်ဖက်ကို ကပ်လျက်ဆန့်တန်းထားပြီး အပေါ်ကို မြှောက်လိုက်ပါ။ ခြေထောက်တွေကို ၃၀ ဒီဂရီခန့်မြှောက်ပြီး အသက်သုံးကြိမ် ရှုသွင်းလိုက်၊ ထုတ်လိုက် လုပ်ပေးပါ။ ထို့နောက် ခြေထောက်တွေကို ၆၀ ဒီဂရီခန့်အထိ ထပ်မြှင့်လိုက်ပါ။ အသက်သုံးကြိမ် ရှုသွင်းလိုက်/ထုတ်လိုက် ထပ်လုပ်ပေးပါ။ ထို့နောက် ၉၀ ဒီဂရီဖြစ်အောင် ထောင်မတ်လိုက်ပါ။ အသက်သုံးကြိမ်ရှုပြီး မူလကြမ်းပေါ်သို့ ပြန်ချလိုက်ပါ။ ဝမ်းဗိုက်တွေကို ချပ်ထားဖို့ လိုအပ်ပါတယ်။

alignnone size-medium wp-image-54930
မြွေပုံစံ လေ့ကျင့်ခြင်း

မှောက်လျက်အနေအထား နေပေးရမှာ ဖြစ်ပါတယ်။ ခြေထောက်နှစ်ဖက်ကို စုထားပြီး တံတောင်ဆစ်နှစ်ဖက်ဖြင့် ကြမ်းကိုထောက်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို မြှောက်ထားရမှာ ဖြစ်ပါတယ်။ ထို့နောက် အသက်ကို ဖြည်းဖြည်းရှုသွင်းပြီး လက်နှစ်ဖက်ကို ဆန့်လိုက်ပြီး ခန္ဓာကိုယ်ကို အပေါ်သို့ ပင့်တင်လိုက်ပါ။ ဦးခေါင်းကိုလဲ အနည်းငယ် မော့ပေးရမှာ ဖြစ်ပါတယ်။ ဝမ်းဗိုက်ကြွက်သားတွေကို တင်းနေတဲ့အနေအထားမှာ စကန့် ၃၀ ခန့် နေပါ။ ထို့နောက် ခန္ဓာကိုယ်ကို ပြန်နှိမ့်ချလိုက်ပြီး အသက်ရှုထုတ်လိုက်ပါ။

alignnone size-medium wp-image-54932
နှံကောင်ပုံစံ လေ့ကျင့်ခြင်း

မှောက်လျက်အနေအထားနေပြီး မေးစေ့ကို ကြမ်းပေါ်ထိထားရမှာ ဖြစ်ပါတယ်။ လက်နှစ်ဖက်ကို ဘေးမှာကပ်ထားရပါမယ်။ ခြေထောက်တွေကို ကပ်ပြီး ဆန့်နိုင်သလောက် ဆန့်ထုတ်ထားရပါမယ်။ ထို့နောက် အသက်ရှုသွင်းလိုက်ပြီး ခြေထောက်တွေကို အပေါ်သို့ မြှင့်တင်လိုက်ရပါမယ်။ ထို့နောက် အသက်ရှုထုတ်ပြီး ခြေထောက်တွေကို ပြန်ချပေးရပါမယ်။ ဒီနည်းအတိုင်း ခြေထောက်ကို မြှင့်လိုက်၊ ချလိုက် ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

alignnone size-medium wp-image-54933
ဖယောင်းတိုင်ပုံစံ လေ့ကျင့်ခြင်း

ဦးစွာ ကြမ်းပြေးတွင်လှဲလိုက်နေပါ။ ခြေနှစ်ဖက်ကို ဒူးထောင်ထားတဲ့ အနေအထားနေရပါမယ်။ ဝမ်းဗိုက်ကြွက်သားတွေကိုလဲ တင်းထားရပါမယ်။ ထို့နောက် ခန္ဓာကိုယ်အောက်ပိုင်း တစ်ခုလုံးကို မြင့်တင်လိုက်ပြီး ခြေနှစ်ဖက်ကိုလဲ အပေါ်သို့ ဆန့်တန်းနေအောင်နေပါ။ လက်နှစ်ဖက်ဖြင့် ခန္ဓာကိုယ်ကို ထောက်ပေးထားပါ။ ဒီအနေအထားအတိုင်း ၁ မိနစ်ခန့်နေပြီးမှ ပြန်ဖြေလျှော့ရမှာ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top