Healthy Life Ad
Health Tips

ခါးနောက်ကျောသန်စွမ်းစေမည့် လေ့ကျင့်ခန်း

ကိုထက်

နောက်ကျောရှိ အရိုးနဲ့ြွကက်သားတွေ သန်မာနေခြင်းကလည်း ခန္ဓာကိုယ်အတွက် များစွာအရေးပါပါတယ်။ ခန္ဓာကိုယ်အချိုးအစားကျကျနဲ့ ပိုကြည့်ကောင်းစေမှာလည်း ဖြစ်ပါတယ်။ အားကစားခန်းမသွားပြီး လေ့ကျင့်ခန်းမလုပ်နိုင်သူတွေအတွက် အိမ်မှာနေရင်း ပြုလုပ်ပေးနိုင်မယ့် နောက်ကျောသန်စွမ်းစေမယ့် လေ့ကျင့်ခန်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ဒီလေ့ကျင့်ခန်းလုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ အသင့်အတင့်အလေးချိန်ရှိတဲ့ အလေးမဝိတ်တုံးတစ်စုံ၊ လေဝင်လေထွက်ကောင်းပြီး အလင်းရောင်ကောင်းစွာရမယ့် အခန်းတစ်ခန်းနဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်တို့ လိုအပ်ပါတယ်။ တစ်နည်းကို ၁၀ မိနစ်ခန့် ပြုလုပ်ရမှာဖြစ်ပြီး ၃ မိနစ်ပြုလုပ်ပြီးတိုင်း ၁ မိနစ်ခန့် နားပေးပါ။ ရက် ၃၀ အနည်းဆုံး ပြုလုပ်ပေးမှသာ ထိရောက်မှုရှိမှာဖြစ်ပြီး ၁ ပတ်ကို ၁ ရက်နားပေးဖို့ လိုပါတယ်။

alignnone size-medium wp-image-54585
အဆင့် (၁) အခြေခံလေ့ကျင့်ခြင်း

သာမန် ထိုင်ထလေ့ကျင့်ခန်းကဲ့သို့ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ ခြေနှစ်ဖက်ကို အနည်းငယ် ခွာထားရပါမယ်။ လက်နှစ်ဖက်ကိုလဲ ရှေ့သို့ဆန့်ထုတ်ပြီး အနည်းငယ်ချဲပေးထားရပါမယ်။ ခါးကို ဖြောင့်ဖြောင့်ထားပြီး ဒူးမှကွေးပြီး ထိုင်ပေးပါ။ ပြီးမှ ပြန်ထပါ။ ခန္ဓာကိုယ်ဟန်ချက်ကို ခြေနှစ်ဖက်လုံးပေါ်မှာ ညီမျှအောင် နေဖို့အရေးကြီးပါတယ်။ ခြေတစ်ဖက်ထဲအပေါ်ကို ပိုပြီးအားရောက်နေတာမျိုး မဖြစ်ပါစေနဲ့။

alignnone size-medium wp-image-54586
အဆင့် (၂) ဝိတ်တုံးဖြင့် လေ့ကျင့်ခြင်း

ပထမဦးစွာ မတ်မတ်ရပ်တဲ့အနေအထား နေရပါမယ်။ ခြေနှစ်ဖက်ကို ပုခုံးနှစ်ဖက်ထက် ပိုကျယ်အောင် ချဲထားရပါမယ်။ အလေးတုံးကို လက်နှစ်ဖက်မှာ တစ်ခုစီကိုင်ထားပြီး နောက်ကျောနဲ့ လက်တွေကို ဖြောင့်ဖြောင့်ထားပါ။ ထိုအနေအထားအတိုင်း ထိုင်ထလေ့ကျင့်ခန်းကို ပြုလုပ်ပေးပါ။ အလေးချိန်အသင့်အတင့်ရှိတဲ့ ဝိတ်တုံးနဲ့ ပြုလုပ်ပေးပြီး နောက်ပိုင်းမှာ အလေးချိန်တိုးပြီး ပြုလုပ်သွားနိုင်ပါတယ်။

alignnone size-medium wp-image-54587
အဆင့် (၃) အဆင့်မြှင့်လေ့ကျင့်ခြင်း

ပထမဦးစွာ မတ်မတ်ရပ်နေတဲ့ အနေအထားနေပါ။ ခြေနှစ်ဖက်ကိုလည်း ပခုံးနှစ်ဖက်ထက် ပိုကျယ်အောင် ချဲထားပါမယ်။ လက်နှစ်ဖက်ကို ဦးခေါင်းနောက်မှာ ကပ်ထားပြီး လက်ချောင်းတွေကို ယှက်ထားပါ။ ခေါင်းကို မတ်မတ်ထားပြီး ယှက်ထားတဲ့လက်နှစ်ဖက်ကို လည်ပင်းနေရာသို့ မရောက်လာအောင် သတိထားရပါမယ်။ တံတောင်ဆစ်တွေကို ရှေ့သို့မရောက်စေဘဲ ဘေးဘက်ကို ကားထားရပါမယ်။ ခါးကို ဖြောင့်ဖြောင့်မတ်မတ်ထားပြီး ထိုအနေအထားအတိုင်း ထိုင်-ထလေ့ကျင့်ခန်း ပြုလုပ်ပေးပါ။ နောက်ကျောကို အားပြုထားရပါမယ်။ ကိုယ်ခန္ဓာကိုလဲ ခြေထောက်နှစ်ဖက်လုံးပေါ်မှာ ဟန်ချက်ညီနေရပါမယ်။

Most Popular

Healthy Life Ad
To Top