Healthy Life Ad
Q & A

ကိုယ်ဝန်ဆောင်ချိန် ၀မ်းချုပ်လိုက်၊ ၀မ်းလျှောလိုက် ဖြစ်နေလို့ပါ . . .

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး) မှ ဖြေကြားပေးပါသည်။

Q. ကိုယ်ဝန်ဆောင်တာ ငါးလရှိပါပြီ။ ၀မ်းချုပ်လိုက်၊ ၀မ်းလျှောလိုက် ဖြစ်နေလို့ပါ။ ၀မ်းမှန်အောင် ဘယ်လိုနေထိုင် ဆင်ခြင်သင့်ပါသလဲရှင့်။
MiMi(FB)

A. တချို့ကိုယ်ဝန်ဆောင်တွေ မကြာခဏ ၀မ်းချုပ်တတ်ပါတယ်။ ဒီလိုဝမ်းချုပ်တတ်ရင် ဟင်းသီးဟင်းရွက်၊ သစ်သီးစတာတွေကို တစ်နေ့ ၆-၈ ကြိမ် စားပေးရပါမယ်။ ရေဆိုလည်း တစ်နေ့ခြောက်ခွက်ကနေရှစ်ခွက် သောက်ပေးရပါမယ်။ ၀မ်းချုပ်တာကို ပေါ့ပေါ့ဆဆနေလို့တော့ မရပါဘူး။ ၀မ်းချုပ်တာ ကြာလာတဲ့အခါ Pile လို့ခေါ်တဲ့ လိပ်ခေါင်းဖြစ်လာတတ်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်တဲ့အချိန် သွေးကြောတွေက နည်းနည်းကြီးလာပြီး သွေးခဲပိတ်တာတွေ ဖြစ်တတ်ပါတယ်။ ခြေသလုံးမှာ သွေးကြောလေးတွေ ထုံးသလို စအိုထဲမှာရှိတဲ့ သွေးကြောတွေကလည်း နည်းနည်းဖောင်းကားလာတာကြောင့် ၀မ်းချုပ်တာဖြစ်ပါတယ်။ ဒါကြောင့် သတိထားဖို့တော့ လိုပါတယ်။

နောက်ပြီး ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ ၀မ်းလျှောတာ ဖြစ်တတ်ပါတယ်။ ဒီလိုဝမ်းလျှောရင်တော့ ဟင်းသီးဟင်းရွက်တွေကို အများကြီးစားစရာ မလိုတော့ပါဘူး။ ၄ ကြိမ်လောက်စားပေးရင် ရပါပြီ။ ဓာတ်ဆားရည်တော့ သောက်ရပါမယ်။ သိပ်များလာရင်တော့ ဆရာဝန်နဲ့ ပြသရမှာပါ။ ကိုယ့်သဘောနဲ့ကိုယ် ပိုးသတ်ဆေးတွေသောက်တာ ရှောင်ရပါမယ်။ ကိုယ်ဝန်သုံးလအတွင်းဆို ဆရာမတို့က ဘယ်ပဋိဇီဝပိုးသတ်ဆေးမှ မသောက်ခိုင်းပါဘူး။ ကလေးဦးနှောက်ဖွံ့ဖြိုးမှု ထိခိုက်မှာစိုးလို့ပါ။ ဖျားတယ်ဆိုရင်တော့ ပိုးသတ်ဆေးမပေးပါဘူး။ ပါရာစီတမောလောက်ပဲ သောက်ခိုင်းပါတယ်။ ဒါကြောင့် ပထမဆုံး ကိုယ်ဝန်ယူတဲ့သုံးလက အရမ်းအရေးကြီးပါတယ်။ ဒီအချိန်မှာ သေချာဂရုတစိုက်မရှိရင် ကိုယ်ဝန်ပျက်ကျသွားနိုင်လို့ပါ။

Most Popular

Healthy Life Ad
To Top