Healthy Life Ad
Child

ကလေးတွေမှာ အဖြစ်များတာ လက္ခဏာ (၁၀) ခု (10 Common Symptoms in Infants and Young Toddlers )

ဒေါက်တာတင့်ဆွေ

1. Stomach Ache

ကလေးငိုရင် နို့ဆာတာ၊ လေနာတာဖြစ်နိုင်တယ်။ ကလေးနည်းနည်းကြီးရင် သံကောင်ဖြစ်နိုင်တယ်။ လေကြောင့်နာရင် ခါးကော့ငိုမယ်။ Colic ဗိုက်ရစ်နာတာ၊ Gastroesophageal reflux အစာခြေရည်အထက်ဆန်တာ၊ Food intolerance အစာကိုလက်သင့်မခံနိုင်တာ၊ Virus ဗိုင်းရပ်စ်တွေကနေ ဖြစ်စေနိုင်တယ်။ အန်တာ၊ ဖျားတာ၊ ၀မ်းပျက်တာတွေနဲ့ရောရင် ဆရာဝန်ပြပါ။

2. Fever ကိုယ်ပူခြင်

ကလေးငယ်ငယ်လေးတွေ နည်းနည်းကိုယ်ပူတာကိုတောင်မှ သတိထားရမယ်။ နားကိုက်တာ၊ ချောင်းဆိုးတာ၊ မဆော့ချင်-မလှုပ်ချင်ဖြစ်တာ၊ အနီစက်တွေထွက်တာ၊ အန်တာ၊ ၀မ်းလျှောတာတွေ ရှိနေ-မနေ စစ်ဆေးပါ။

3. Constipation ၀မ်းချုပ်ခြင်း

ကလေးဆိုတာ ဆီးတရွှဲရွှဲ ၀မ်းတစိုစိုနေတယ်။ ၀မ်းပျက်သလိုပဲ ချုပ်နေတာလည်း မကောင်းဘူး။ စိတ်ပူစရာ သိပ်မလိုပါ။ တကယ်ဝမ်းကမာနေပြီး သွားမရရင် ရေပိုတိုက်ပေးပါ၊ အသီးရည်တိုက်ပါ။ မရရင် ဆရာဝန်ပြပါ။ ဗိုက်နာနေပြီး အန်လာရင်တော့ အရေးကြီးတယ်။

4. Rashes အနီစက်တွေထွက်ခြင်း

ကလေးအသားအရေက သိပ်နူးညံတယ်။ အထိမခံသလို နေသေးတယ်။ မသင့်တာတွေများတယ်။ Diaper rash (ဒိုင်ယာပါ) ကနေလည်း ဖြစ်တတ်ကြတယ်။ Eczema နှင်းခူနာမဖြစ်အောင် ဆပ်ပြာပြင်းတာ မသုံးပါနဲ့။ ခေါင်းလျှော်ရည် ပြင်းတာမသုံးပါနဲ့။ ပေါင်ဒါရိုးရိုးသာသုံးပါ။ အရေပြားခြောက်မနေစေပါနဲ့။

5. Cough ချောင်းဆိုး

ကလေးတွေချောင်းဆိုးတာ အသံအမျိုးမျိုးရှိတယ်။ Seal-like barking cough ဖျံတွေလို အသံထွက်တာကို Croup ခေါ်တယ်။ နည်းနည်းကိုယ်ပူပြီး ချောင်းဆိုရင် အအေးမိတာဖြစ်နိုင်တယ်။ အပူချိန်များရင် နူမိုးနီးယား သတိထားပါ။ တုပ်ကွေးလဲ အတော်ပူတယ်။ Wheezing စီစီ၊ စီစီ အသံကြားရင် ပန်းနာဖြစ်နိုင်တယ်။ ပိုးဝင်တာကလဲဖြစ်တယ်။ Pertussis ကြက်ညှာချောင်းကို Whooping sound အသံထွက်တယ်။ ချောင်းဆိုးပျောက်ဆေးကို ကလေး ၄ နှစ်အောက်ကို ဆရာဝန်မညွှန်ဘဲ မပေးသင့်ပါ။

“ကလေးတွေချောင်းဆိုးတာ အသံအမျိုးမျိုးရှိတယ်။ Seal-like barking cough ဖျံတွေလို အသံထွက်တာကို Croup ခေါ်တယ်။ နည်းနည်းကိုယ်ပူပြီး ချောင်းဆိုရင် အအေးမိတာဖြစ်နိုင်တယ်။ အပူချိန်များရင် နူမိုးနီးယားသတိထားပါ။ တုပ်ကွေးလဲ အတော်ပူတယ်။ Wheezing စီစီ၊ စီစီ အသံကြားရင် ပန်းနာဖြစ်နိုင်တယ်။”

6. Diarrhea ၀မ်းပျက်ခြင်း

ကလေးတွေမှာ ဖြစ်တာအများဆုံးလို့ ပြောနိုင်တယ်။ Infection ရောဂါပိုးဝင်လို့၊ Food intolerance အစာကို ကိုယ်က လက်သင့်မခံနိုင်လို့၊ Fruit juice ဖျော်ရည်တွေ သောက်တာများလို့ ဆိုတာတွေကြောင့် ကလေးတွေမှာ ၀မ်းပျက်နိုင်တယ်။ ၀မ်းရပ်တဲ့အထိ ကလေးကို အိမ်မှာသာနေစေပါ။ ရေဓာတ်၊ ဆားဓာတ်ဖြည့်ပေးပါ။ နို့-နို့ထွက်အစာတွေ၊ ဖိုင်ဘာများတာတွေ၊ အဆီများတာတွေ မကျွေးသေးပါနဲ့။ မပျောက်ရင် ဆရာဝန်ခေါ်ပါ။ အဖျား ၁၀၁.၄ ကျော်ရင်၊ အန်ရင်၊ ၀မ်းထဲသွေးပါရင်၊ ၀မ်းမဲနက်နေရင်၊ ဗိုက်နာရင်၊ ၂၄ နာရီနဲ့ မသက်သာရင် ဆရာဝန်ပြပါ။

7. Teething Pain သွားနာ

၆ လလောက်မှာ ငယ်သွားစပေါက်တယ်။ ကလေးက အနေရထက်မယ်။ Rubber teething ring ကိုက်စရာ ပေးထားနိုင်တယ်။

8. Gas Pain လေနာ

Burping, crying, and flatulence အသံစူးစူးနဲ့ငိုမယ်၊ လေလဲတက်မယ်ဆိုရင် လေနာတာဖြစ်မယ်။ Colic နဲ့မတူဘူး။ (ကိုးလစ်) ဖြစ်တာက ချော့မရဘူး။

9. Stuffy Noses နှာရည်ယို

ကလေးအအေးမိရင် နှာရည်ယိုမယ်။ အသက် ၄ နှစ်အောက် ဆေးဆိုင်က အလွယ်ဝယ်ရတဲ့ဆေး ဆရာဝန်မမေးဘဲ မတိုက်ပါနဲ့။ Saline drops ဆားရည်အစက်ချဆေးသုံးတာ စိတ်ချရတယ်။ Mucus အချွဲတွေကျဲစေမယ်။ Bulb syringe နဲ့ စုပ်ထုတ်ပေးနိုင်တယ်။ Vaporizer ဖွင့်ထားပေးပါ။

10.Keeping Calm ကလေးချော့ပါ

ကလေးချော့မယ့် မိဘတွေက အရင်စိတ်အေးလက်သာရှိပါစေ။ ငါ့မှာ အစွမ်းအစရှိတယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုထားပါ။ နောက်ဆုံးမရရင် ဆရာဝန်ခေါ်လို့ရတာပဲလို့ သိထားပါ။

Most Popular

Healthy Life Ad
To Top