Healthy Life Ad
Health Tips

ဆေးစစ်ရင်း မတော်တဆတွေ့ရှိခဲ့သည့် အဆုတ်ကင်ဆာကို ကျော်လွှားအောင်မြင်ခဲ့သူ ဒေါ်မြင့်မြင့်ရီ

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

၂၀၁၇ မေလ ၂၀ ရက်နေ့တွင် သူငယ်ချင်းများနှင့်အတူ ကျန်းမာရေးစစ်ဆေးမှု ခံယူခဲ့ရာ အသက် ၄၈ နှစ်အရွယ် ဒေါ်မြင့်မြင့်ရီ၏ အဆုတ်ဘယ်ဘက်ပိုင်းတွင် မတ်စေ့အရွယ် အဖြူကွက်လေးတစ်ခုကို တွေ့ရှိခဲ့ရသည်။

“အန်တီက နဂိုကတည်းက ဘာမှမဖြစ်ဘူး၊ ကျန်းမာတယ်။ ဆေးစစ်ရင်း အဲဒီအဆုတ်မှာပါတဲ့ အကွက်လေးတွေ့တော့ ဆရာဝန်က ဒီလိုအကွက်လေးရှိတာ မကောင်းဘူး၊ ဆန့်ကြည့်လိုက်ရင် ဖြူဖြူသွားတယ်၊ အကျိတ်တစ်ခုခု ဖြစ်တတ်တယ်။ CT Scan ရိုက်သင့်တယ်လို့ ပြောတယ်။ အဲဒီနေ့က ပန်းလှိုင်မှာ ဆေးကုန်နေတာနဲ့ CT ရိုက်လို့မရခဲ့ဘူး။ အဲဒါနဲ့ တစ်ပတ်ချိန်းလိုက်တယ်။ အန်တီရဲ့မတ်က ဆရာဝန်ဆိုတော့ သူ့ဆရာမကို ပြကြည့်တော့ “အဲဒါက စိုးရိမ်ရတယ်၊ သိပ်မသင်္ကာဘူး၊ CT ရိုက်မယ့်အတူတူ ဒီမှာရိုက်မနေနဲ့။ ဘန်ကောက်မှာပဲရိုက်ပါ”လို့ အကြံပေးတယ်။ အဲဒါနဲ့ အန်တီလည်း ဘန်ကောက်ကို သွားလိုက်တယ်။

ဘန်ကောက်ကို ရောက်သွားတော့ CT Scan ရိုက်လိုက်တော့ ၂ ဒသမ ၅ စင်တီမီတာရှိတဲ့ အလုံးတွေ့တယ်။ အဲဒါဆိုရင် ကင်ဆာဟုတ်၊ မဟုတ် အသားစယူစစ်ဆေးမှု (Biopsy)ယူကြည့်ရမယ်လို့ ဆရာဝန်ကပြောတယ်။ အန်တီရဲ့အလုံးက လေပြွန်ကနေ လှမ်းပြီးယူလို့ရတဲ့ အနေအထားမှာ ရှိနေတယ်လို့ပြောတာနဲ့ စစ်လိုက်တယ်။ အဲဒီလို စစ်လိုက်တဲ့အခါ အဖြေအရ ကင်ဆာလို့အဖြေထွက်ပါတယ်”ဟု အန်တီဒေါ်မြင့်မြင့်ရီက အဆုတ်ကင်ဆာ ခရီးလမ်းအစကို ပြန်လည်ပြောပြခဲ့သည်။

ဒေါ်မြင့်မြင့်ရီ၏ ကင်ဆာအဆင့်က မည်သည့်လက္ခဏာမှ မပြသေးဘဲ အစောဆုံးအဆင့်တွင် ပြသခဲ့သဖြင့် အဆင့် 1B ဟု သိရသည်။ “ဆရာဝန်ကမေးတယ်၊ ချောင်းဆိုးလား၊ ဖျားလား၊ မောလား၊ ပိန်လား . . အန်တီက တစ်ခုမှမဖြစ်ဘူး၊ လူကအကောင်း၊ ဒါကစသိခါစပဲ၊ ကင်ဆာအကျိတ်ကို ခွဲထုတ်လိုက်ရင် ကောင်းသွားမှာလို့ ဆရာဝန်ကပြောတယ်။ ဘန်ကောက်မှာ ခွဲမယ်ဆိုရင် ထရိုင်ပေါ့နဲ့ အပေါက်ဖောက်ပြီး အဲဒီအကျိတ်လေးကိုပဲ ခွဲထုတ်မယ်၊ သိန်းလေးရာလောက် ကုန်မယ်လို့ပြောတယ်။ အန်တီရောက်ကတည်းက သူတို့ဆီမှာ စစ်ထားတဲ့ ST Scan၊ PET Scan (တခြားနေရာတွေ ပြန့်နေလား၊ မပြန့်လားသိဖို့)၊ Biopsy (အသားစ

“အန်တီက အမြဲတရားထိုင်ခဲ့တဲ့သူပါပဲ။ ဒါပေမဲ့ တကယ့်တကယ် ကိုယ်ဖြစ်တဲ့အချိန်မှာ တုန်လှုပ်ပြီး ဘန်ကောက်မှာ ဆေးစစ်တဲ့ ၇ ရက်မှာ ၇ ပေါင် ကျသွားတယ်။ ခွဲပြီးသွားတာနဲ့ နောက်ထပ် ၇ ပေါင်ထပ်ကျတယ်။ စသိတဲ့အချိန်မှာ ကိုယ်ဘယ်လောက်တရားတွေလုပ်လုပ် တုန်လှုပ်တာပါပဲ။ ဒါပေမဲ့ အန်တီ့စိတ်ထဲမှာ ဒီအကျိတ်ခွဲထုတ်လိုက်ရင် ကောင်းသွားမယ်လို့ ထင်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့” . . .

ယူခြင်း) စတဲ့ စစ်ဆေးမှုတွေ လုပ်တာနဲ့တင် သိန်းနှစ်ရာလောက်ကုန်သွားပါတယ်။ ဒီအချိန်မှာ အန်တီရဲ့မတ်က ပြောတယ်။ သူ့ဆရာတွေကပြောတယ်၊ “ဒီအကျိတ်ကို အပေါက်လေးဖောက်ပြီး ခွဲထုတ်ရင် Clear (အကုန်အစင်ပါခြင်း) မဖြစ်မှာစိုးရတယ်၊ ကျန်နေမှာစိုးရတယ်လို့ ပြောတယ်။ ဒါကြောင့် မြန်မာပြည်မှာပဲ နံရိုးနှစ်ချောင်းချိုးပြီး အကျိတ်ခွဲထုတ်တာက ပိုကောင်းမယ်၊ ဒါဆို Clear ဖြစ်တယ်”လို့ ပြောတယ်။ အဲဒါနဲ့ အန်တီဘန်ကောက်ကနေ ပြန်လာတယ်” မြန်မာပြည်ပြန်ရောက်သည့်အခါ ဒေါ်မြင့်မြင့်ရီသည် အဆုတ်နှင့် ရင်ခေါင်းခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာဦးမောင်မောင်ခင်နှင့် ပြသခဲ့ပြီး ခွဲစိတ်မှုခံယူရန် တိုင်ပင်ခဲ့ကြသည်။

“အန်တီက ဘာမှမဖြစ်ပေမယ့် ကိုယ့်ဆီမှာ ဒီကင်ဆာအကျိတ်ရှိနေတော့ ပြန့်သွားမှာစိုးရိမ်တယ်။ ဒါနဲ့ မြန်မြန်ခွဲထုတ်ချင်တာနဲ့ အာရှတော်ဝင်ဆေးရုံမှာ ၂၄-၆-၂၀၁၇ ရက်နေ့ ခွဲထုတ်လိုက်ပါတယ်။ ခွဲပြီးတော့ ဆေးရုံကိုးရက်တက်လိုက်တယ်။ အဲဒီလို ခွဲစိတ်ချိန်မှာလည်း အန်တီဘာမှမခံစားခဲ့ရဘူး။ အဒေါ်တစ်ယောက် အဆုတ်ခွဲတုန်းက ငါ . . တိုက်ပေါ်က ခုန်ချချင်တယ်၊ အရမ်းနာတာပဲလို့ ပြောဖူးတယ်။ အန်တီ့အလှည့်မှာ အဲဒီလိုဖြစ်မှာ အရမ်းစိုးရိမ်ခဲ့တယ်။ ခွဲခါနီးကျတော့ ဆရာဝန်ကြီးတစ်ယောက်က အားပေးတယ်။ “အခုခေတ်ဆေးတွေက အရမ်းကောင်းတော့ လုံးဝမနာဘူး၊ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ခေတ်မီနေပါပြီ”တဲ့။ တကယ်လည်း နံရိုးနှစ်ချောင်းချိုးပြီး အဆုတ်က ဘယ်ဘက်အပေါ်တစ်လွှာနဲ့ ကင်ဆာအကျိတ်ကို ခွဲထုတ်ရတယ်။ ခွဲပြီး ကိုးရက်ပဲဆေးရုံတက်ရတယ်။ မနာဘူး။ ကိုက်ခဲတာ၊ အော်ရတာ မရှိဘူး။ ဆရာကြီးကလည်း တော်တော်တော်ပါတယ်။ အန်တီ့အဆုတ်က နှလုံးနဲ့ နီးကပ်နေတဲ့နေရာမှာ ဖြစ်နေတာဆိုတော့ Risk များပါတယ်။ ဒါပေမဲ့ အောင်မြင်သွားပါတယ်”ဟု အန်တီဒေါ်မြင့်မြင့်ရီက ကင်ဆာအကျိတ် ခွဲထုတ်အောင်မြင်ခဲ့ပုံကို ပြောပြခဲ့သည်။

ကင်ဆာအကျိတ်ခွဲထုတ်ပြီးနောက် ကင်ဆာအထူးကု ဆရာဝန်ကြီး ပါမောက္ခဦးစိုးအောင်ထံ လွှဲပေးခဲ့ရာ EGFR စစ်ဆေးခိုင်းသဖြင့် စစ်သည့်အခါ EGFR Positive ဟု အဖြေထွက်ကြောင်းသိရသည်။ “အန်တီအနာကျက်အောင် ရက် ၂၀ လောက် စောင့်ပြီးမှ ဆရာ့ဆီသွားပြဖြစ်တယ်။ ပြတော့ အန်တီ့အဆင့်က 1B ပဲရှိတယ်။ ဆေးသွင်းစရာလည်း မလိုဘူး၊ ဘာကုထုံးမှလည်း မလိုဘူး။ ၃လ တစ်ကြိမ် Follow-up ပြပါလို့ပြောတာနဲ့ အဲဒီအတိုင်း နေခဲ့တယ်” ကြားထဲတွင် ကောင်းနေသော်လည်း ၉ လပြည့်၍ ပြန်စစ်ဆေးမှုခံယူရာတွင် CEA (ကင်ဆာဆဲလ်) အဆင့်က မြင့်တက်နေခဲ့ကြောင်း အန်တီဒေါ်မြင့်မြင့်ရီကဆိုသည်။ “CEA က နဂို ၂ ကနေ တစ်နှစ်လောက်အကြာမှာ ၉ လောက်အထိ ဖြစ်သွားတယ်။ ဒါပေမဲ့ ဆရာကြီးဦးစိုးအောင်က ဘာမှမစိုးရိမ်ရပါဘူးလို့ ပြောတယ်” တစ်နှစ်ကျော်ချိန်မှာတော့ CEA က ၂၁ အထိ မြင့်တက်သွားသဖြင့် ဘန်ကောက်တွင် PET CT ရိုက်စစ်ဆေးမှု ခံယူခဲ့သည်။

“အန်တီက အရင်စီတီအဟောင်းကျန်ခဲ့ပြီး အသစ်ရိုက်လိုက်ရတော့ အဆုတ်ခွဲထားတဲ့ နေရာနားမှာလည်း နည်းနည်းတွေ့တယ်၊ ညာဘက်အဆုတ်မှာလည်း အစက်လေးတစ်ခုတွေ့တယ်ဆိုပြီး သူက ဘယ်ဘက်ကနေ ညာဘက်ကူးသွားပြီဆိုတဲ့ မှတ်ချက်ရေးလိုက်တယ်။ ဒါပေမဲ့ ဆေးသောက်ရင် ရပါတယ်လို့ ပြောလိုက်တယ်။ ဆရာဦးစိုးအောင်နဲ့ပြတော့ ဘယ်ဘက်ကနေ ညာဘက်ကူးတယ်ဆိုရင် အဆင့် (၄)လို့ သတ်မှတ်တာ။ အခုဟာက ပိုပြီးသေချာသွားအောင် စီတီအဟောင်းနဲ့ အသစ်ရောပြီး ဆရာဦးတင့်လွင်ကို ပြန်ဖတ်ခိုင်းတယ်။ ဆရာကြီးက “အကုန်လုံး ကောင်းပါတယ်၊ ဘယ်ဘက်ကလည်း ဘာမှမဖြစ်ပါဘူး၊ ဒါပေမဲ့ CEA တက်လို့ အဆုတ်ကင်ဆာ သောက်ဆေးသောက်ပါ”လို့ အကြံပေးတယ်”

သောက်ဆေးသောက်ပြီး တစ်လကြာချိန်တွင် ပြန်စစ်ဆေးသည့်အခါ CEA အဆင့်က ၇ သို့ ကျသွားခဲ့ပြီး ပို၍နေထိုင်ကောင်းကြောင်း ဒေါ်မြင့်မြင့်ရီက ပြောသည်။

“မနက်မိုးလင်းရင် ထမင်းနဲ့ပဲပြုတ်၊ ထမင်းနဲ့ ကြက်ဥပြုတ် စသဖြင့်စားတယ်၊ အရွက် ၁၀မျိုး ရောကြိတ်ထားတဲ့ အရွက်ရည်ကို တစ်နေ့သုံးခွက်လောက် သောက်တယ်၊ အရိုးပြုတ်ရည် မနက်တစ်ခွက်-ညတစ်ခွက် တစ်ပတ်မှာလေးရက်လောက်သောက်တယ်” . . .

“ကြားထဲမှာ အန်တီက ဘာမှမခံစားရဘူး၊ ပေါ့ပေါ့ပါးပါးပဲ ဖြစ်နေတယ်၊ ဒါပေမဲ့ ၀ိတ်ကတော့ ကျသွားတယ်။ ခွဲစိတ်ပြီး ရက် ၂၀ အတွင်း အန်တီအနာလည်းကျက်တယ်၊ နေလို့လည်းကောင်းတယ်၊ ဒါပေမဲ့ အိမ်မှာပဲနေနေရတဲ့အတွက် စိတ်ဓာတ်တွေကျတယ်၊ ဒီရောဂါအကြောင်းပဲတွေးတယ်၊ ကိုယ့်ကိုယ်ကိုယ် အားငယ်တယ်၊ သေရမှာကိုအရမ်းကြောက်တယ်၊ ဟိုနားလေးက တစ်ခုခုဖြစ်ရင် ကင်ဆာထပ်ပွားနေတာလားဆိုပြီး ဖြစ်တယ်၊ ညဆိုလည်း အိပ်မပျော်ဘူး၊ ဒီအကြောင်းပဲ တွေးတွေးနေတယ်။ အဲဒါနဲ့ အန်တီက တစ်လပြည့်ရော ရုံးပြန်တက်တယ်။ မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိရုံးမှာပဲနေပြီး ညနေရုံးဆင်းအိမ်ပြန်တယ်။ ရုံးအလုပ်တွေ လုပ်လိုက်တော့ ရောဂါအကြောင်း အချိန်ပြည့် မတွေးဖြစ်တဲ့အတွက် စိတ်ပေါ့ပါးသွားတယ်။

ကင်ဆာစာအုပ်တွေ ဖတ်တယ်၊သူများပြောတာတွေ နားထောင်တယ်၊ မနက်ဆိုရင် ၁၅ မိနစ်-နာရီဝက် လမ်းလျှောက်တယ်၊ အသက်ရှူလေ့ကျင့်ခန်းလုပ်တယ်၊ ညနေ ထမင်းစားပြီးရင် တရားတစ်နာရီထိုင်တယ်။ အစားအသောက်အနေနဲ့ အချိုတွေအကုန်လုံး ရှောင်တယ်။ ကင်ဆာဆရာဝန်တွေက စားခိုင်းပေမယ့် အန်တီက မစားဘူး။ ကော်ဖီမသောက်တော့ဘူး။ မနက်မိုးလင်းရင် ထမင်းနဲ့ပဲပြုတ်၊ ထမင်းနဲ့ ကြက်ဥပြုတ် စသဖြင့်စားတယ်၊ အရွက်၁၀ မျိုး ရောကြိတ်ထားတဲ့ အရွက်ရည်ကို တစ်နေ့သုံးခွက်လောက် သောက်တယ်၊ အရိုးပြုတ်ရည် မနက်တစ်ခွက်-ညတစ်ခွက် တစ်ပတ်မှာ လေးရက်လောက် သောက်တယ်။ ဆရာကြီးပေးတဲ့ ဆေးစားတယ်။ ဒီလိုနည်းနဲ့ နေထိုင်စားသောက်ခဲ့တာ အန်တီကောင်းနေတယ်”ဟု အန်တီဒေါ်မြင့်မြင့်ရီက ဆိုသည်။

First National Insurance တွင် Admin General Manager အဖြစ် တာဝန်ထမ်းဆောင်နေသူ ဒေါ်မြင့်မြင့်ရီက ကင်ဆာမျိုးရိုးမရှိသည့်အပြင် မကောင်းသော အနံ့အသက်ရှူမိခြင်း၊ ဆေးလိပ်သောက်ခြင်း စသော ကင်ဆာဖြစ်နိုင်ခြေများသည့် အချက်များနှင့်လည်း ကိုက်ညီမှုမရှိကြောင်း ပြောပြခဲ့သည်။ “အန်တီက အသက် ၄၈နှစ်အရွယ်မှာ သူငယ်ချင်းတွေနဲ့အတူတူ ၅၀ နားကပ်လာပြီ၊ ဆေးစစ်ကြည့်ရအောင်ဆိုပြီး စစ်ရင်းတွေ့ခဲ့တာဆိုတော့ ဆေးစစ်တဲ့အကျိုးကျေးဇူးကြောင့် စောစောသိခဲ့ရတာပါ။ အခုနောက်ပိုင်း အန်တီ့ကို ဆရာဝန်တွေက အနံ့ပြင်းပြင်းတွေမသုံးဖို့၊ ခြင်ဆေးခွေမထွန်းဖို့၊ အမွှေးတိုင်အနံ့မခံဖို့ ဆင်ခြင်ခိုင်းပါတယ်။ တခြားကတော့ လူကောင်းအတိုင်း သွားလာနေထိုင်ဖို့ ပြောတယ်။ အန်တီစဖြစ်ကတည်းက အမျိုးသားကော ဆွေမျိုးတွေပါ အကုန်လိုက်လာပြီး ဂရုစိုက်ပေးကြတယ်။ အန်တီရဲ့အခြေအနေက ကင်ဆာဆေးမသွင်းရလို့လားမသိဘူး၊ တစ်လလောက်အထိပဲ အကူအညီလိုအပ်တယ်”ဟု ဒေါ်မြင့်မြင့်ရီက ဆိုသည်။

ယခုအခါ အလုပ်များကို ပုံမှန်အတိုင်း လုပ်ဆောင်နိုင်ပြီး ခရီးသွားလာခြင်းများပင် လုပ်နေနိုင်သည့် အန်တီဒေါ်မြင့်မြင့်ရီသည် ခင်ပွန်းဖြစ်သူ ဦးဆန်းတင့်အောင်နှင့် ကျန်းမာပျော်ရွှင်စွာ နေထိုင်လျက်ရှိပါသည်။

“အန်တီက အမြဲတရားထိုင်ခဲ့တဲ့သူပါပဲ။ ဒါပေမဲ့ တကယ့်တကယ် ကိုယ်ဖြစ်တဲ့အချိန်မှာ တုန်လှုပ်ပြီး ဘန်ကောက်မှာ ဆေးစစ်တဲ့ ၇ ရက်မှာ ၇ ပေါင် ကျသွားတယ်။ ခွဲပြီးသွားတာနဲ့ နောက်ထပ် ၇ ပေါင် ထပ်ကျတယ်။ စသိတဲ့အချိန်မှာ ကိုယ်ဘယ်လောက် တရားတွေလုပ်လုပ် တုန်လှုပ်တာပါပဲ။ ဒါပေမဲ့ အန်တီ့စိတ်ထဲမှာ ဒီအကျိတ်ခွဲထုတ်လိုက်ရင် ကောင်းသွားမယ်လို့ ထင်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ အန်တီတို့ အိမ်နီးနားချင်းအဒေါ်တစ်ယောက်က အသက် ၇၀ ကျော်မှာ အဆုတ်ကင်ဆာဖြစ်တာ၊ သူခွဲထုတ်လိုက်ပြီး ဘာကင်ဆာဆေးမှ မသွင်းဘူး၊ အခုထက်ထိ ကောင်းနေတုန်းပါပဲ။ အော် သူတောင်မှ ကင်ဆာဆေးမသွင်းဘဲ ကောင်းနေတာပဲ၊ ငါလည်း အသက်ရှင်မှာပဲဆိုပြီး အားတင်းခဲ့တယ်။ အန်တီ့ရုံးက မိတ်ဆွေကလည်း အသက် ၄၀ ကျော်မှာ အဆုတ်ကင်ဆာဖြစ်ခဲ့တာ၊ နှစ် ၂၀ကျော်ကြာပြီ၊ အခုထက်ထိ နေကောင်းခဲ့တာ၊ သူကလည်း အန်တီ့ကို “ပျော်ပျော်နေပါ၊ လုပ်စရာရှိတာ ပုံမှန်လုပ်သွားပါ”ဆိုပြီး အားပေးတယ်။ အန်တီလည်း အခုရောဂါကိုမေ့ထားတယ်၊ လုပ်စရာရှိတာတွေ ပုံမှန်အတိုင်း လုပ်ကိုင်နေပါတယ်။ သူများတကာတွေကိုလည်း အားပေးပါတယ်၊ ဖြစ်ခါစ တစ်လ-နှစ်လ-သုံးလလောက်ကတော့ သူသူကိုယ်ကိုယ် စိတ်ဓာတ်ကျတာပါပဲ။ နောက်ပိုင်းမှာတော့ စိတ်ဓာတ်မကျပါတော့နဲ့။ ကင်ဆာဖြစ်ပြီး နှစ်အများကြီး အသက်ရှင်ကျန်းမာတဲ့သူတွေ အများကြီးရှိနေတာပဲ၊ ကိုယ်လည်း နေနိုင်ရမယ်ဆိုတဲ့ စိတ်နဲ့အားတင်းပြီး နေထိုင်ကြပါလို့ အကြံပေးချင်ပါတယ်”ဟု ကင်ဆာဖြစ်နေသူများ၊ ကင်ဆာကုသမှု ခံယူနေကြသူများအား အန်တီဒေါ်မြင့်မြင့်ရီက အားပေးစကား ပြောကြားလိုက်ပါသည်။

(မှတ်ချက် ။ ။ ဓာတ်ပုံများကို အန်တီဒေါ်မြင့်မြင့်ရီ၏ ခွင့်ပြုချက်ဖြင့် ဖော်ပြခြင်းဖြစ်ပါသည်။ အယ်ဒီတာ)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top