– ဒေါက်တာတင့်ဆွေ ၁။ ဆရာရှင့် သိချင်တာလေးရှိလို့ မေးခွင့်ပြုပါဦးရှင် Face mask တပ်တာ အမှန်တပ်နည်းလေးသိချင်ပါတယ်ရှင် အချို့တွေက အတွင်းကအဖြူကို အပြင်မှာထားရမယ်ပြောကြပါတယ်ရှင့်။ အချို့တွေကတော့ အရောင်ပါတာကို အပြင်မှာတပ်ရတယ် ပြောပါတယ်ရှင်။ ပြန်လည် ဖြေကြားပေးပါဦးရှင်။ ၂။ ဒွိဟဖြစ်နေလို့ပါ ဆရာရှင့်။...
စေတနာအလွန်ကောင်းသော ပရဟိတသမားကြီးနဲ့ လူတချို့စကားပြောနေကြလေသည်။ “ ကျွန်တော် လူပျိုဘ၀ထဲက လူသားတိုင်းအပေါ်မှာ စေတနာမေတ္တာအပြည့်ထားပြီး ကူညီမှုတွေ ပြုလုပ်ခဲ့ပါတယ်” “ဒါဆို ဦးလေးက အခုချိန်ထိ လူဆိုးလူကောင်းမခွဲဘဲ လူတိုင်းပေါ်မှာ စေတနာအပြည့် ထားခဲ့တယ်ပေါ့လေ” “ အဲ .. အိမ်ထောင်ကျပြီးနောက်ပိုင်းမှာတော့ တစ်ယောက်လျော့သွားတယ်ဗျ”...
အစာအိမ်အက်စစ်ဟာ အစာကြေညက်ဖို့အတွက် အလွန်အရေးပါတာ မှန်ပေမယ့် ပုံမှန်ထက်အလွန်များတာမျိုး မဖြစ်သင့်ပါဘူး။ ပူစပ်လွန်းတဲ့ အစာတွေကို ရှောင်ပါ။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ များများစားပြီး အဆိပ်တွေကို ဖယ် ရှားသန့်စင်ပါ။ တစ်ကြိမ် အစာစားတိုင်း အစာကို နည်းနည်းနဲ့ ပေါ့ပေါ့ပါးပါးစားပါ။ ညဥ့်နက်မှ အစာမစားပါနဲ့။...
ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား) နွေရာသီရောက်ရင် သြစတြေးလျနိုင်ငံမှာ (Bushfire)လို့ခေါ်တဲ့ မီးလောင်မှုအပါအ၀င် မီးလောင်မှုအားလုံးပေါင်း တစ်နှစ်အတွင်းမှာ ၅၀၀၀၀ ကျော် ဖြစ်ပွားတယ်လို့ ခန့်မှန်းထားပါတယ်။ မီးလောင်မှုစတင်ဖြစ်ပွားတဲ့ အကြောင်းရင်းတွေကို လေ့လာတဲ့အခါ ၁၃ ရာခိုင်နှုန်းက ရှို့မီးဖြစ်ကြောင်း တွေ့ရှိရတယ်။...