Healthy Life Ad
Health Tips

မီးဖိုချောင်မျက်နှာပြင်တွေကို ပိုးသတ်အ၀တ်နဲ့ ဘာကြောင့်သန့်ရှင်းသင့်သလဲ

၊ လရိပ်မေ ၊

– အသားစိမ်း၊ ကြက်၊ ဘဲ၊ ၀က်နဲ့ မဆေးကြောရသေးတဲ့ ဟင်းသီးဟင်းရွက်တွေမှာပါတတ်တဲ့ အီးကိုလိုင်ပိုးတွေက စဉ်းနှီတုံး၊ မီးဖိုချောင်စားပွဲ စတာတွေမှာကပ်ငြိပြီး စားသောက်မယ့် အစားအစာတွေမှာ ကပ်ငြိနေနိုင်ပါတယ်။

– ကမ်ပိုင်လိုဘက်တာ ဘက်ရီးယားပိုး ၅၀၀ ဒါမှမဟုတ် အီးကိုလိုင်ပိုး ၁၀ကောင်လောက်ကတောင် အစာအဆိပ်သင့်မှုကို ဖြစ်စေနိုင်ပါတယ်။

– အစာအဆိပ်သင့်တဲ့ ဖြစ်ရပ် ၄၀ ရာခိုင်နှုန်းဟာ အိမ်တွင်းသန့်ရှင်းရေးညံ့ဖျင်းတာကြောင့် ဖြစ်ရတယ်လို့ လေ့လာမှုအရ သိရပါတယ်။

– မီးဖိုချောင်ထဲကလူတွေ မကြာခဏ အထိတွေ့ဆုံး အသုံးအဆောင် ၅၀ ရာခိုင်နှုန်းနီးပါးဟာ အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားပိုးတွေကပ်ညိနေတတ်ပါတယ်။

ဒါကြောင့် မီးဖိုချောင်မျက်နှာပြင်တွေကို သန့်စင်ပေးဖို့ လိုအပ်တာ ဖြစ်ပါတယ်။ Dettol ပိုးသတ်အ၀တ်ကိုသုံးပြီး အသုံးအဆောင်မျက်နှာပြင်တွေကို သန့်စင်ပေးတာကြောင့် ဘက်တီးရီးယား ၉၉ ဒသမ ၉ ရာခိုင်နှုန်းအထိ ကင်းစင်စေနိုင်တယ်လို့ သန့်ရှင်းရေးကောင်စီက အကြံပြုထားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top