Healthy Life Ad
Q & A

မွေးရာပါ မျက်လုံးအားနည်းလို့ပါ . . .

မေး ။ ကျွန်တော်က မွေးရာပါ မျက်လုံးအားနည်းပါတယ်။ အလင်းရောင်များလွန်းတာ၊ အပူဒဏ်ပြင်းတဲ့ အခါမျိုးတွေမှာ တစ်ခါတလေ မျက်လုံးတောင်ဖွင့်ဖို့ ခက်ခဲတာမျိုးတွေဖြစ်ပါတယ်။ မျက်စိအားကောင်းအောင် မျက်စိအားဆေးကို ပုံမှန်သောက်ပါတယ်။ ရေရှည်မှာမျက်လုံးကျန်းမာရေးနဲ့ပတ်သက်ပြီး ဘယ်လိုဂရုစိုက်သင့်တယ်ဆိုတာ သိချင်ပါတယ်ဆရာ။

ပါမောက္ခဦးတင်ဝင်း(မျက်စိအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။
ဖြေ ။ မျက်လုံးရဲ့ အလင်းရောင်ခံနိုင်အားက လူတစ်ဦးနဲ့တစ်ဦးမှာ မတူပါဘူး။ ဒါကြောင့် ဒါကို ရောဂါတစ်ရပ်လို့တော့ သတ်မှတ်လို့မရဘူး။ မျက်လုံးမှာ မယ်လာနင် (Melanin) ဆိုတဲ့ ရောင်ခြယ်ပစ္စည်းရှိတယ်။ မျက်လုံးတစ်လုံးမှာ မယ်လနင်ရဲ့လုပ်ငန်းက အလင်းရောင်ကိုစုပ်ယူတာပါ။ မယ်လနင်က အလင်းရောင်ကို စုပ်ယူလိုက်တော့ မျက်လုံးထဲ သိပ်မ၀င်တော့ဘူး။ မျက်လုံးမှာ မယ်လနင်က ပုံမှန်ထက် နည်းနည်းလေး နည်းနေတာမျိုးဖြစ်နေနိုင်တယ်။ အဲဒါဆို အလင်းရောင်ကို ခံနိုင်ရည်နည်းတတ်တယ်။ ပြဿနာတော့မရှိပါဘူး။ ကာကွယ်တဲ့အနေနဲ့ နေပူထဲသွားတဲ့အခါ UV Filter ပါဝင်တဲ့ နေကာမျက်မှန်တပ်နိုင်တယ်။ မျက်ကပ်မှန်တပ်မယ်ဆိုရင် မြန်မာပြည်မှာဝယ်လို့ရတာက သဘာဝကျတဲ့ အညိုဖျော့ရောင်မျက်ကပ်မှန်ကို ၀ယ်တပ်လို့ရတယ်။ မျက်စိအတွက် ဗီတာမင်အားဆေးအနေနဲ့ ဗီတာမင်အေ၊ ဘီ၊ စီ၊ ဒီ၊ ဇင့်နဲ့ ဆီလီနီယမ်ပါတဲ့ အားဆေးကတော့ သောက်လို့ရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top