Healthy Life Ad
Health Tips

ခြေထောက်၊ တင်ပါးနှင့် ဒူးနာကျင်မှုတို့ကို သက်သာစေမည့် လေ့ကျင့်ခန်း

၊ လရိပ်မေ ၊

အမေရိကန်က လူဦးရေ ၁၅ ရာခိုင်နှုန်းနဲ့ ၂၅ ရာခိုင်နှုန်းကြားဟာ ဒူးနာတဲ့ ဝေဒနာခံစားနေရပါတယ်။ အဲဒီလို ခံစားရတဲ့အခါ နာကျင်မှုအမြန်ဆုံးသက်သာစေဖို့ ရိုးစင်းလွယ်ကူတဲ့ လေ့ကျင့်ခန်းတွေရှိပါတယ်။


လေ့ကျင့်ခန်း (၁) ခြေဖနောင့်မြှင့်ခြင်း

ကုလားထိုင်တစ်လုံးကိုယူပြီး ကျောမီနောက်မှာ ရပ်ပါ။

– ခြေထောက်တစ်ဖက်ကို မြှင့်လိုက်ပါ။

– ထောက်ထားတဲ့ ခြေထောက်ရဲ့ ဖနောင့်ကို ဖြည်းဖြည်းချင်း မြှင့်ပေးပါ။

– ပြီးရင် ဖနောင့်ကို ကြမ်းပေါ်ပြန်ချပါ။

– ခြေထောက်တစ်ဖက်ကို ၁၀-၁၅ကြိမ် ပြုလုပ်ပေးရပါမယ်။

ဒီလေ့ကျင့်ခန်းက ခြေကျင်းဝတ်ကို သန်စွမ်းစေပြီး ဒူးတစ်ဝိုက်ကြွက်သားတွေကို သန်မာစေပါတယ်။


လေ့ကျင့်ခန်း (၂) ခြေချောင်းဖြင့် လမ်းလျှောက်ခြင်း

တောက်တိုမယ်ရအလုပ်တွေလုပ်ရင်း လေ့ကျင့်နိုင်တဲ့နည်းပါ။ ခြေချောင်းထိပ်တွေနဲ့ဖိပြီး ခပ်မြန်မြန်လျှောက်ပေးရမှာပါ။ ဒီနည်းက ခြေသလုံးကြွက်သားကို သန်စွမ်းစေပြီး ခြေချောင်းတွေကို လေ့ကျင့်ခန်းလုပ်ဖြစ်စေပါတယ်။

– ခြေထောက်ညောင်းတဲ့အထိ ဒါမှမဟုတ် ၅-၁၅ မိနစ်ခန့် လမ်းလျှောက်ပေးရပါမယ်။


လေ့ကျင့်ခန်း (၃) ခြေကျင်းဝတ်လှည့်ခြင်း

ခြေကျင်းဝတ်အလုပ်လုပ်ဖြစ်စေဖို့ အောက်ပါလေ့ကျင့်ခန်းလုပ်သင့်ပါတယ်။

– ထိုင်ရင်း ဒါမှမဟုတ် မတ်တပ်ရပ်ရင်း ခြေထောက်တစ်ဖက်ကို မြှင့်လိုက်ပါ။

– ခြေဖမိုးကို စက်ဝိုင်းပုံစံ ဖြည်းဖြည်းချင်း လှည့်လည်ပေးပါ။

– ခြေထောက်တစ်ဖက်ကို အတွင်းစက်ဝိုင်းထဲ ၁၀ ကြိမ်၊ အပြင်စက်ဝိုင်းထဲ ၁၀ ကြိမ်ပြုလုပ်ပေးပါ။


လေ့ကျင့်ခန်း (၄) မျှော့ကြိုးကွင်းဆွဲခြင်း

ဒီလေ့ကျင့်ခန်းလုပ်ဖို့ မျှော့ကြိုးကွင်းလိုပါတယ်။

– ခြေထောက်တစ်ချောင်းမှာ ကွင်းကို ချိတ်ပါ။

– တခြားခြေထောက်ကို အဲဒီကွင်းချိတ်ထားတဲ့ ခြေထောက်အောက်မှာထားပြီး ဒူးကို ဖြည်းဖြည်းချင်းကွေးပါ။

– ကွင်းချိတ်ထားတဲ့ ခြေထောက်ကို ဖြည်းဖြည်းချင်းဆွဲပါ။

– ခြေထောက်တစ်ဖက်ကို ၁၀-၁၅ ကြိမ် ပြုလုပ်ပေးပါ။

ဒီလေ့ကျင့်နည်းက ခြေသလုံးကြွက်သားတွေနဲ့ ပေါင်ကြွက်သားတွေကို သန်စွမ်းစေပါတယ်။


လေ့ကျင့်ခန်း (၅) ခြေချောင်းလှုပ်ရှားခြင်း

ခြေချောင်းတွေကို သန်စွမ်းစေတဲ့နည်းပါ။

– ခြေချောင်းတွေကို သူ့အလိုလို ကွေးလိုက်ပါ။

– ကြမ်းပေါ်မှာ တဘတ်စထားပြီး ခြေချောင်းတွေနဲ့ ကုပ်ယူပေးပါ။

– တဘတ်ကိုခြေချောင်းနဲ့ကုပ်ယူပြီး အနီးရှိခြင်းတောင်းထဲ ထည့်ပေးပါ။

တစ်ဖက်စီပြောင်းလုပ်ပေးပါ။


လေ့ကျင့်ခန်း (၆) ဘောလုံးပေါ်ဖိခြင်း

ခြေထောက်ညောင်းညာမှုကို ပြေလျော့စေပါတယ်။

– တင်းနစ်ဘောလုံးတစ်ခုကို ရှာပါ။

– ထိုင်ခုံပေါ်ထိုင်ပါ။

– ဘောလုံးကို ခြေဖ၀ါးအောက်ထားပြီး ခြေချောင်းတွေဆီ လှိမ့်လိုက်၊ နောက်ပြန်ဆုတ်လိုက်လုပ်ပေးပါ။

– နှိပ်နယ်ပေးသလို ဖြစ်စေပါတယ်။

နောက်တစ်ဖက်ပြောင်းလုပ်ပါ။


အကြံပြုချက်

ခြေထောက်ကို နှိပ်နယ်ပေးပါ။

– တစ်နေ့လုံးအလုပ်လုပ်ပြီး ခြေဖ၀ါးတွေ နာကျင်နေရင် ပုံမှာပြထားတဲ့အမှတ်နှစ်နေရာမှာ လက်မနှစ်ဖက်ဖိပြီး ညင်ညင်သာသာ နှိပ်နယ်ပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top