Healthy Life Ad
Health Tips

သင့်ဇီဝကမ္မဖြစ်စဉ် အားကောင်းစေပြီး ကိုယ်အလေးချိန် သွယ်လျစေမည့် သိပ္ပံနည်းကျ လေ့လာတွေ့ရှိချက်များ

၊ လရိပ်မေ ၊

ကျွန်မတို့စားသောက်တဲ့အချိန်တိုင်း စားသမျှ ကယ်လိုရီကနေ စွမ်းအင်အဖြစ်ပြောင်းလဲပေးတဲ့ ဇီဝကမ္မဖြစ်စဉ်ကို ကျေးဇူးတင်ရမလို ဖြစ်နေပါတယ်။ ခန္ဓာကိုယ်အရွယ်အစား၊ လိင်အမျိုးအစားနဲ့ အသက်အရွယ်စတဲ့ အချက်တွေအားလုံးဟာ ဇီဝကမ္မဖြစ်စဉ်မှာ အရေးပါတဲ့အချက်တွေဖြစ်ပါတယ်။ ဇီဝကမ္မ ဖြစ်စဉ်က မြန်လေလေ၊ ကယ်လိုရီပိုမိုလောင်ကျွမ်းလေလေဖြစ်ကာ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးနိုင်ပါတယ်။ ဒါကြောင့် ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေတဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။


(၁) အိပ်စက်ပါ

အိပ်ရေး၀၀ အိပ်စက်အနားယူတာနဲ့ ဇီဝကမ္မဖြစ်စဉ်အကြား ဆက်စပ်မှုရှိနေကြောင်း လေ့လာသူတွေက ဆိုပါတယ်။ အိပ်ရေးပျက်တဲ့အမျိုးသားတွေအနေနဲ့ ဇီဝကမ္မဖြစ်စဉ်က အလွန်အမင်း နှေးကွေးနေတတ်ပါတယ်။


(၂) လက်ဖက်စိမ်း လက်ဖက်ရည်သောက်ပါ

အင်တီအောက်ဆီးဒင့်ပါတဲ့ တချို့အစားအသောက်တွေကို စားတာတင်မက လက်ဖက်စိမ်းလက်ဖက်ရည်သောက်တာကြောင့်လည်း ဇီဝကမ္မဖြစ်စဉ်ကို မြန်ဆန်စေတယ်လို့ လေ့လာသူတွေက တွေ့ရှိခဲ့ပါတယ်။ လက်ဖက်စိမ်းလက်ဖက်ရည်မှာ ကယ်လိုရီပါဝင်မှုမရှိတာကြောင့် အနည်းဆုံးတစ်နေ့တစ်ခွက်တော့ သောက်သင့်ပါတယ်။


(၃) လေ့ကျင့်ခန်းကို မဖြစ်မနေလုပ်ဆောင်ပါ

ဖြည်းဖြည်းနဲ့ မှန်မှန်လုပ်ရတဲ့ လေ့ကျင့်ခန်းတွေဖြစ်တဲ့ ရွရွပြေးတာ၊ ခပ်သွက်သွက်လမ်းလျှောက်တာတို့ကို ပြုလုပ်တာကြောင့် ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေရုံသာမက လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ ကယ်လိုရီကို ခပ်ကြာကြာလောင်ကျွမ်းစေပါတယ်။


(၄) နံနက်စာကို မဖြစ်မနေစားပါ

နေ့တစ်နေ့ကို အလုပ်နဲ့မစတင်ခင် အစားအသောက်ကို အရင်စားပါ။ လေ့လာမှုတွေအရ တစ်နေ့တာ ဇီဝကမ္မဖြစ်စဉ် မြန်ဆန်ချင်တယ်ဆိုရင် နံနက်စာနဲ့ စတင်ဖို့အရေးကြီးကြောင်း သိရပါတယ်။ တကယ်လို့ ဗိုက်မဆာရင်တောင် ဒိန်ချဉ်တစ်ခွက်တော့ သောက်ပေးသင့်ပါတယ်။


(၅) အလေးမပါ

အလေးမတာကြောင့် ကြွက်သားထုထည်ကို သန်စွမ်းစေရုံသာမက အဆီကျကာကျစ်လျစ်စေပါတယ်။ အလေးမတာကြောင့် ဇီဝကမ္မဖြစ်စဉ်ကို မြန်ဆန်စေပြီး ကယ်လိုရီလောင်ကျွမ်းမှု မြင့်မားစေပါတယ်။


(၆) ရေသောက်ပါ

ရေကို အလုံအလောက်သောက်တာကြောင့် အစာကြေညက်နှုန်းကို မြန်စေပြီး ကယ်လိုရီလောင်ကျွမ်းမှုမြင့်မားစေပါတယ်။ ကယ်လိုရီလောင် ကျွမ်းဖို့အတွက် တစ်နေ့ ရေရှစ်ဖန်ခွက်သောက်ပါ။


(၇) ဟင်းခတ်အမွှေးအကြိုင်စားပါ

အမျိုးသားအများစုက ငရုတ်သီးကို ရှောင်လေ့ရှိပါတယ်။ ငရုတ်သီးမှာပါဝင်တဲ့ ကပ်ဆိုင်စင်ဓာတ်ဟာ ဇီဝကမ္မဖြစ်စဉ်ကို တိုးစေပြီး အဆီတွေကို လောင်ကျွမ်းစေတာကြောင့် ဟင်းခတ်အမွှေးအကြိုင်အဖြစ် အနည်းငယ်ထည့်စားသင့်ပါတယ်။


(၈) စက်ဘီးစီးပါ

စက်ဘီးစီးတဲ့ လေ့ကျင့်ခန်းဟာ နှလုံးသန်စွမ်း ကျန်းမာစေပါတယ်။ လေ့လာမှုတစ်ရပ်အရ ၄၅ မိနစ်ကြာ စက်ဘီးစီးတာကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို ၁၂ နာရီကျော်ကြာ မြင့်တက်နေစေတယ်လို့ သိရပါတယ်။


(၉) အာဟာရပြည့်ဝသည့် အစာကို ရွေးချယ်စားသုံးပါ

တူနာငါးနဲ့ ဂရိတ်ဖရုတို့လို တချို့အစာတွေက ဇီဝကမ္မဖြစ်စဉ်ကို မြန်ဆန်စေပါတယ်။ စားတဲ့အစာထဲမှာ ပရိုတင်းဓာတ်ဖြည့်တင်းတာကြောင့် ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပါတယ်။


(၁၀) ကော်ဖီတစ်ခွက်သောက်ပါ

နံနက်စာမှာ ကဖင်းဓာတ်ပါတဲ့ စားသောက်ဖွယ်ရာတွေကို ထည့်စားတာကြောင့် တစ်နေ့လုံး အလုပ်လုပ်ရတာ လန်းဆန်းစေပြီး နှလုံးခုန်နှုန်းမြန်ကာ ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပါတယ်။


(၁၁) အူလှိုက်သည်းလှိုက်ရယ်မောပါ

တစ်နေ့မှာ ၁၀ မိနစ်ခန့်အူလှိုက်သည်းလှိုက် ရယ်မောတာကြောင့် ခန္ဓာကိုယ်ကနေကောင်းတဲ့ဓာတ်တွေ အထွက်တိုးစေသလို ကယ်လိုရီလောင်ကျွမ်းနှုန်း မြင့်မားစေတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top