Healthy Life Ad
Life Style

နန်းမွေစံနှင့် ခဏတာ . . .

Q.လတ်တလော ဘာတွေ လုပ်နေသလဲ ညီမ။
A. လတ်တလောကတော့ ဓာတ်ပုံတွေ ရိုက်ဖြစ်ပါ တယ်။ ကြော်ငြာတွေ လက်ခံထားတာရှိတယ်။ ရုပ် ရှင်သရုပ်ဆောင်လုပ်ဖို့ လောလောဆယ်မရှိပါဘူး။ ဆရာဝန်အလုပ်က ဆက်မလုပ်ဖြစ်သေးပါဘူး။ လူ တွေက ဝေဖန်ကြတယ်။ ” ဆရာဝန် မလုပ်ဖူးလား၊ မလုပ်ဖူးလား” ဆိုပြီး ဒါက ကိုယ့်ရဲ့ Choiceပဲလေ။ ကိုယ့်ဘ၀ရွေးချယ်မှုနဲ့ ကိုယ်ပဲ။ ဒါပေမဲ့ ကိုယ်စိတ် ပါတဲ့အချိန် ပြန်လုပ်မှာ။

Q.အသားအရေကိုကော ဘယ်လိုထိန်းသိမ်းဖြစ်ပါသလဲ။
A. အသားအရေကို နေကာခရင်မ်၊ အစိုဓာတ် ထိန်းပေးတဲ့ Moisturizerလိမ်းဖြစ်ပါတယ်။ အိပ်ရေး၀၀ အိပ်ပြီး ရေများများ သောက်ပါတယ်။ ပရိသတ်ကို ပြောချင်တာက နေပူထဲထွက်ရင် နေရောင်ကာလိမ်း ဆေး လိမ်း ပြီးမှ ထွက်သင့်ပါတယ်။ နေရောင်ခြည်က အသားအရေကို ဆိုးဆိုးရွားရွား ထိခိုက်စေလို့ပါ။ အ ရေပြားကင်ဆာလည်း ဖြစ်စေတယ်၊ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကိုလည်း ဖြစ်စေပါတယ်။ ရေများ များ သောက်သင့်ပါတယ်။ အသားအရေထိခိုက်စေ တဲ့ ဆေးလိပ်ကို လုံးဝ မသောက်သင့်ပါဘူး။ ဆေး လိပ်သောက်တာက အသားအရေကို အရွယ်မတိုင် ခင် အိုမင်းစေပါတယ်။

Q. အစားအသောက်ကို ဘယ်လိုစားဖြစ်ပါသလဲ။
A. အစားအသောက်ကိုတော့ အစကတည်းက ခြေ လေးချောင်းသား မစားပါဘူး။ အခုနောက်ပိုင်း သက် သတ်လွတ်ကို မကြာခဏ စားဖြစ်ပါတယ်။ ဒါပေမဲ့ အိမ်ကိုလည်း သီးသန့်လုပ်ခိုင်းသလို ဖြစ်ပြီး ဆိုင်တွေ မှာလည်း ရှာရတာခက်တော့ ငါး၊ ပုဇွန်လောက်တော့ စားဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်များများ စားဖြစ် ပါတယ်။

Q. ကိုယ်အလေးချိန်ကိုကော ဘယ်လိုထိန်းသလဲ။ ဗိုက်လေး ချပ်နေအောင် ဘယ်လိုလိုက်နာဖြစ်ပါသလဲ။
A.ကျွန်မက ၀ိတ်အတက်အကျမများဘူး။ ၁၂၅ ပေါင်ဝန်းကျင်ပဲ။ ကျရင်လည်း နှစ်ပေါင်-သုံးပေါင် ပဲ။ တက်ရင်လည်း နှစ်ပေါင်-သုံးပေါင်ပဲ။ ဗိုက်ချပ် တာက နဂိုကတည်းက ချပ်တာပါ။ ပြီးတော့ ဓာတ်ပုံ ရိုက်ရင် အသက်ရှူအောင့် အောင့်ထားတာလည်း ပါတယ်။ လေ့ကျင့်ပြီးသားဖြစ်ပြီး ဗိုက်က ချပ်သွား တယ်။ အားကစားကတော့ ကြက်တောင်ရိုက်တယ်။ ကြက်တောင်ရိုက်ရတာ ၀ါသနာပါတယ်။

Q. Sexyဓာတ်ပုံတွေရိုက်လို့ Negative Comment တွေလာတဲ့အခါ ဖြစ်လာတဲ့ စိတ်ဖိစီးမှုကို ဘယ်လိုပြန်ပြီး ဖြေလျှော့လဲ ညီမ။
A. အရင် မော်ဒယ်လုပ်ခါစတုန်းက Negative Comment တွေကို ခံနိုင်ရည် မရှိဘူး။ အခုကြာလာ တော့ ဘာမှမဖြစ်တော့ဘူး။ ကိုယ့်တစ်ယောက်တည်း မှ မဟုတ်ဘူး။ လူတိုင်းအပေါ် Negative Comment တွေက ပိုများတယ်။ ဒါက လူတွေရဲ့ Psychologyပဲလေ။

လူတွေရဲ့ ဆိုက်ကိုကိုက အ ဆိုးနဲ့ အကောင်းဆို အဆိုးကိုပဲ ပိုမြင်ကြတာကိုး။ ဒါ ကို နားလည်ပေးလိုက်တော့

ဘယ်လိုမှ မခံစားရ တော့ဘူး။ ဒီအလုပ်ကို ဘာလို့ရွေးလဲဆိုတော့ ပျော် လို့လို့ပဲ ပြောရမှာပါ။ လှလှပပ ၀တ်စားပြီး ဓာတ်ပုံ ရိုက်ရတာလည်း ပျော်တယ်။ Sexy ပုံတွေ ရိုက်ရတာ လည်း ပျော်တယ်။

Q. ပင်ပန်းရင်ကော ဘယ်လို အနားယူတတ်သလဲ။
A. ပင်ပန်းရင် အရင်တုန်းက တစ်ခါမှ မလုပ်ဖူးတဲ့ အရာတွေ လုပ်တယ်။ တရားထိုင်တာပါ။ ၂၀၁၉က စပြီး မနက်ပိုင်းကို မိနစ် ၂၀၊ ညအိပ်ခါနီး မိနစ် ၂၀ တရားထိုင်ဖြစ်ပါတယ်။

Q. ပရိသတ်တွေကို ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လို အကြံပြုချင်ပါသလဲ။
A. ပရိသတ်တွေ ကျန်းမာရေးကောင်းအောင် အစား အသောက်ကို ဆင်ခြင်စေချင်ပါတယ်။ အရင်ဆုံး ရှောင်သင့်တာက ဆေးလိပ်၊ အရက်၊ ကွမ်း၊ မူးယစ် ဆေးဝါးတွေပါ။ ပြီးတော့ ဟင်းသီးဟင်းရွက်စားပြီး ခြေလေးချောင်းသား၊
အသားကြီး ငါးကြီးတွေ လျှော့ စားသင့်ပါတယ်။ တစ်ခါတလေ သက်သတ်လွတ် စား စေချင်ပါတယ်။ ဒုတိယအရေးကြီးတာက ကိုယ် လက်လှုပ်ရှားလေ့ကျင့်ခန်းပါ။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းကို အပြင်းအထန် လုပ်ဖို့လည်း အားမ ပေးပါဘူး။
လုံးဝ မလုပ်ဖို့လည်း အားမပေးပါဘူး။ အ သင့်အတင့် လုပ်ရင် ကျန်းမာရေးအတွက် ကောင်း မွန်စေပါတယ်။ ကိုယ့်ကိုယ်ကိုယ် အိပ်ရေးဝအောင် နေ၊ စိတ်ဖိစီးမှုနည်းအောင်နေပြီး စိတ်ကျန်းမာအောင် နေပါလို့ အကြံပြုချင်ပါတယ်။

(၂၀၁၉ မတ်လက မေးမြန်းခဲ့ခြင်းဖြစ်ပါသည်။)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top