Healthy Life Ad
Men

လုပ်ငန်းခွင် အောင်မြင်ရေး နည်း ၇ သွယ်

၊ ကိုထက် ၊

အလုပ်ထဲမှာ အလုပ်တွင်ကျယ်ပြီးအောင်မြင်ဖို့ရာ အောက်ပါနည်းလမ်းကောင်းတွေ လုပ်ဆောင်သင့်ပါတယ်။

(၁) လုပ်ငန်းခွင် မျှော်လင့်ချက်ကို နားလည်ပါ

ကုမ္ပဏီရဲ့ ဦးတည်ချက်နဲ့ ရည်ရွယ်ချက်တွေကိုနားလည်မှ လုပ်ရမယ့်အလုပ်က ပိုပြီး အဆင်ပြေတိုးတက်မှာပါ။

(၂) အကောင်းမြင်စိတ်ထားရှိပါ

လုပ်ငန်းခွင်မှာ အားလုံးနဲ့ အဆင်ပြေပြေနေချင်တယ်ဆိုရင် အကောင်းမြင်စိတ်ထားရှိဖို့ လိုပါတယ်။ အလုပ်ထဲက မတူကွဲပြားမှုတွေကို အကောင်းမြင်စိတ်အခြေခံပြီး ဖြေရှင်းပါ။

(၃) အသင်းဝင်ကောင်းအဖြစ်နေပါ

ကုမ္ပဏီ ဒါမှမဟုတ် အသင်းအဖွဲ့ထဲမှာ ကန့်လန်တိုက်တတ်သူမဖြစ်ဖို့နဲ့ တာဝန်ကျေကျေလုပ်တတ်သူဖြစ်ဖို့ အသင်းဝင်ကောင်းတစ်ယောက်ရဲ့ စိတ်ဓာတ်ရှိနေသင့်ပါတယ်။

(၄) အတင်းမပြောသင့်

လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေ၊ အတင်းအဖျင်းတွေပြောတာကို ရှောင်ကြဉ်ပါ။ အလုပ်နဲ့ဆိုင်လို့ ပြောစရာရှိရင် သက်ဆိုင်သူကို တိုက်ရိုက်ပြောပါ။

(၅) အမူအရာကောင်း ရှိပါစေ၊ ယဉ်ကျေးပါ

အလုပ်ထဲမှာအချင်းချင်း စကားပြောရင် ယဉ်ယဉ်ကျေးကျေးပြောပါ၊ ဖုန်းပြောရင်၊ လူအချင်းချင်းစကားပြောရင် အသံကိုနှိမ့်ပြီး ခပ်တိုးတိုးပြောပါ။

(၆) အချိန်မီ ရောက်ပါစေ

အလုပ်ကို အချိန်မီရောက်အောင်သွားတတ်တဲ့ အကျင့်မွေးမြူပါ။

(၇) ဘယ်အချိန်ပြီးရမလဲဆိုတာ သေချာမှတ်ပါ

အလုပ်တစ်ခုတာဝန်ပေးအပ်ခံရတဲ့အခါ ဘယ်အချိန် နောက်ဆုံးပြီးရမယ်ဆိုတာ သေချာမှတ်ထားပြီး အဲဒီအချိန်ဇယားအတိုင်း ဂရုစိုက်လုပ်ဆောင်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top