ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း) မေး ။ မှဲ့ကင်ဆာ(Malignant Melanoma) အကြောင်း သိပါရစေ ဆရာမ။ ဖြေ ။ မှဲ့ကင်ဆာဆိုတာ အတွေ့နည်းပေမယ့် အရေပြားမှာ ဖြစ်ရင် အန္တရာယ်များလွန်းတဲ့ အရေပြား ကင်ဆာတစ်မျိုးပါ။ ရောင်ခြယ်မှုန်ထုတ်ပေးတဲ့ အရေပြားဆဲလ်တွေမှာ...
ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား) စိုးရိမ်စိတ်လွန်ကဲခြင်းရောဂါနဲ့ အကြောက်လွန်ကဲခြင်းရောဂါမှာ ကုသတဲ့ စိတ်ကုထုံးတွေအကြောင်းကို သူနာပြုအေမီနဲ့ ဆက်လက်ဆွေးနွေးနေပါတယ်။ စာရေးသူက နိဒါန်းစကားပြောပါတယ်။ “ အခုအထိ ကျွန်တော်တို့ ဆွေးနွေးခဲ့တဲ့ စိုးရိမ်စိတ်လွန်ကဲရောဂါနဲ့ ကြောက်စိတ်လွန်ကဲရောဂါတွေ မှာ လူနာ ခံစားရတဲ့...
၊ စူး ၊ (ဆေးဝါးတက္ကသိုလ်) ဖရုံစေ့ကို သရေစာအဖြစ် စားပေးတာကြောင့် အောက်ပါကျန်းမာရေးအကျိုးကျေးဇူး ငါးရပ်ကိုရရှိစေမှာဖြစ်ပါတယ်။ (၁) နှလုံးကျန်းမာရေးကို အကောင်းဆုံးဖြစ်အောင် ထိန်းသိမ်းပေးပါတယ် ဖရုံစေ့မှာ မဂ္ဂနီဆီယမ်သတ္တုဓာတ်ပါဝင်တဲ့အတွက် နှလုံးကျန်းမာစေပါတယ်။ မဂ္ဂနီဆီယမ်က နှလုံးခုန်နှုန်းပုံမမှန်တာကို တည်ငြိမ်စေပြီးသွေးတိုးတာ၊ နှလုံးအမောဖောက်တာ (Heart Attack)နဲ့...
၊ ကိုထက် ၊ အခုအခါ အသက် ၄၃ နှစ်အရွယ်ရှိ ရော့ဘ်မူးဘယ်ရီက ၂၀၁၂ မှာ အူမကြီးကင်ဆာအဆင့် (၄) ခံစားခဲ့ရသူဖြစ်ပြီး အူမကြီး၊ ပြန်ရည်ကျိတ်နဲ့အသည်းတွေအထိ ကင်ဆာပြန့်နှံ့နေခဲ့ပါတယ်။ ရော့ဘ်ကို အူမကြီးဖြတ်ထုတ်ပြီး ကင်ဆာဆေးသွင်းကုထုံးနဲ့ ဓာတ်ရောင်ခြည်ကုထုံးကို နှစ်ကြိမ်စီပြန်လုပ်ဆောင်ရမယ်လို့ ဆရာဝန်တွေကဆိုပါတယ်။...
မေး ။ သမီးသိချင်တာလေးမေးချင်လို့ပါဆရာ။ သမီးတို့လက်ထပ်ထားတာသိပ်မကြာသေးပါဘူး။ သမီး အမျိုးသားအင်္ဂါက အတူနေပြီး စပ်ပြီးနာနေတာ နှစ်ပတ်လောက်ရှိနေပါပြီ ဆရာ။ အဲ့ဒါဘာကြောင့် ဖြစ်ရတာလဲသိချင်လို့ပါဆရာ။ နောက်ပြီးဘာတွေ ဖြစ်လာနိုင်ပါသလဲ သိချင်ပါသေးတယ်။ SL (FB) ဒေါက်တာမိုးအောင်ကျော်နိုင်(အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။ ဖြေ...
ယေဘုယျအားဖြင့် ကျန်းမာတဲ့သွားဖုံးဆိုတာ ပန်းရောင်သမ်းနေပါတယ်။ သွားဖုံးက အရောင်ဖျော့တော့နေပြီ ဆိုရင်တော့ ပုံမှန်သွားဖုံးအရောင်ဖြစ်အောင် အိမ်တွင်းကုထုံးလေးတွေကို ပြုလုပ်ပေးသင့်နေပါပြီ။ – သံဓာတ်ချို့တဲ့သည့် သွေးအားနည်းရောဂါ သွေးထဲမှာ သွေးနီဥအလုံအလောက်မရှိတဲ့အခါ သွေးအားနည်းရောဂါ တစ်မျိုးဖြစ်တတ်ပါတယ်။ အဲဒီအခါ သွားဖုံးတွေ အရောင်ဖျော့တော့တတ်ပြီး လျှာက နီမြန်းရောင်ရမ်းလာတတ်ပါတယ်။ သွေးအားနည်းရောဂါ...
ရေက လူ့ခန္ဓာကိုယ်အတွက် အလွန်အရေးပါတဲ့အရာဖြစ်ပြီး ရေသောက်တာကြောင့် ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများစွာထဲက ၁၀ ချက်ကို မျှဝေပေးလိုက်ပါတယ်။ (၁) ခံတွင်းအနံ့ဆိုးထွက်တာကို ဖြေရှင်းပေးနိုင်ပါတယ်။ (၂) ကိုယ်ခံအားစနစ်ကို အားကောင်းစေပါတယ်။ (၃) အူမကြီးကင်ဆာ၊ ဆီးအိတ်ကင်ဆာစတဲ့ ကင်ဆာဖြစ်နှုန်း လျော့ကျစေပါတယ်။ (၄) ခန္ဓာကိုယ်အပူချိန်ကို...
၊ စူး ၊ (ဆေးဝါးတက္ကသိုလ်) အေးမြတဲ့ ဆောင်းနံနက်ခင်းမှာ လယ်သမားတစ်ယောက်က သူ့လယ်ကွင်းထဲဖြတ်ပြီး လမ်းလျှောက်နေပါတယ်။ တစ်နေရာမှာ မြွေတစ်ကောင်က အအေးဒဏ်ကြောင့် အေးခဲပြီး တောင့်တင်းနေတာကို တွေ့လိုက်ရပါတယ်။ ဒီမြွေသေတော့မယ်ဆိုတာကို လယ်သမားက သိလိုက်တယ်။ ဒါပေမဲ့ သူက မြွေကိုကောက်ယူပြီး ပြန်နွေးသွားအောင်...
ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း) မေး. ဆီးချိုရောဂါရှိသူတွေ ဘယ်အချိန်မှာ လေဖြတ်နိုင်ခြေ များပါသလဲ ဆရာ။ ဖြေ. ဆီးချိုသက်တမ်းရင့်လာရင် လူနာအများစုက ဆီးချိုထိန်းတာ မကောင်းတတ်ကြတော့ပါဘူး။ အဲဒါကြောင့် ဆီးချိုသက်တမ်းရင့်လာတဲ့အခါမှာရော ဆီးချိုကိုထိန်းတာ မကောင်းတဲ့အခါမှာရော လေဖြတ်နိုင်ခြေများတတ်ပါတယ်။ ဆီးချိုရောဂါနဲ့တွဲပြီး သွေးတိုးရောဂါ၊ အဆီများတာတွေ...