Healthy Life Ad
Q & A

မုန့်ချိုအိတ်လဲလို့ရသလား

မေး. Pancreas လဲလို့ရပါသလားဆရာ။ လဲလိုက်ရင်ကော ကောင်းသွားနိုင်ပါသလား။ လဲလို့ရရင် ကုန်ကျစရိတ်ဘယ်လောက်လောက်ရှိနိုင်မလဲ။
Nanda Oo (FB)

ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။

ဖြေ. Pancreas transplant (မုန့်ချိုအိတ်အစားထိုးကုသမှု)ကို pancreas နဲ့ ကျောက်ကပ်ပျက်စီးနေသူတွေမှာ ကုသလေ့ရှိပါတယ်။ ကုသလိုက်ရင် ကောင်း၊ မကောင်းဆိုတာကတော့ ဘာ့ကြောင့် ဒီကုသမှုကိုလုပ်ရတာလဲ၊ ရောဂါအခြေအနေကရော ဘယ်လိုလဲဆိုတဲ့အပေါ် မူတည်ပါတယ်။ ကုန်ကျစရိတ်ကလည်း အခြေအနေအရပ်ရပ်ပေါ် မူတည်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top