Healthy Life Ad
Health Tips

ပိန္နဲသီးနဲ့ ပိန္နဲစေ့ စားသင့်သလား . . .

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး)

ပိန္နဲသီးက ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာထဲမှာ ပါဝင်ပါတယ်။

ကယ်လိုရီပါဝင်မှု

ပိန္နဲသီးမှာ ကယ်လိုရီပါဝင်မှုများပါတယ်။ ပိန္နဲသီးတစ်မြွှာမှာ ၁၅၅ ကယ်လိုရီလောက် ပါဝင်ပါတယ်၊ ကာဗိုဟိုက်ဒရိတ်က ၁၄၄ ဂရမ်ပါဝင်ပါတယ်။ ကောင်းတဲ့အဆီလည်း ပါဝင်ပါတယ်။ ကယ်လိုရီများတဲ့အတွက် သာမန်လူတွေကတော့စားလို့ရပါတယ်။ ပိန္နဲသီးအရသာက ချိုတယ်။ ကာဗိုဟိုက်ဒရိတ် ပါဝင်မှုလည်းများပါတယ်။ အဲဒီအတွက် ဗိုက်ဆာနေတဲ့အချိန်မှာ ပိန္နဲသီးစားလိုက်ရင် ဗိုက်ပြည့်စေပါတယ်။ ပြောရမယ်ဆိုရင် ပိန္နဲသီးတစ်မြွှာစားတာက ငှက်ပျောသီးတစ်လုံးစားတာထက် ကယ်လိုရီပိုရစေပါတယ်။ ပိန္နဲသီးမှာ ဗီတာမင်နဲ့ သတ္တုဓာတ်အစုံအလင် ပါဝင်ပြီးပါဝင်မှုက များပါတယ်။ ပရိုတင်းဓာတ်နဲ့ ရေဓာတ်လည်း ပါဝင်နေပါတယ်။ အမျှင်ဓာတ်လည်း ပါဝင်မှုများပါတယ်။

ကိုယ်အလေးချိန်များသူတို့အတွက်

ပိန္နဲသီးမှာ ကယ်လိုရီပါဝင်မှုများတဲ့အတွက် တစ်ခါစားရင် ပိန္နဲသီးနှစ်မြွှာထက်ပိုမစားသင့်ပါဘူး။ အစာကြေခဲတဲ့ သဘောရှိတဲ့အတွက် ဗိုက်ပြည့်နေတတ်ပါတယ်။

ဆီးချိုရောဂါရှိသူတို့အတွက်

ဆီးချိုရောဂါရှိသူတွေကတော့ ပိန္နဲသီးတစ်မြွှာပဲစားသင့်ပါတယ်။

ကောင်းကျိုးများ

(၁) ဗီတာမင်စီပါဝင်တာကြောင့် ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားပိုးဝင်တဲ့အန္တရာယ်ကို ကာကွယ်ပေးနိုင်ပါတယ်။

(၂) ပဲနို့မှာပါဝင်တဲ့ အိုက်ဆိုဖလေဗုန်းဓာတ်လည်းပါဝင်ပြီး အင်တီအောက်ဆီးဒင့်လည်းပါတဲ့အတွက် ကင်ဆာဆဲလ်နဲ့ မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကို ချေဖျက်ပေးပါတယ်။ အဲဒီအတွက်ကင်ဆာကို ကာကွယ်ပေးပါတယ်။

(၃) အမျှင်ဓာတ်ပါဝင်မှုများတဲ့အတွက် ၀မ်းမှန်မှန်သွားစေပါတယ်။

(၄) ဗီတာမင်အေကစပြီး အကုန်ပါဝင်တဲ့အတွက် အာဟာရဓာတ်ရရှိစေပါတယ်။

(၅) ပိန္နဲသီးမှာ ဖရက်တို့စ်နဲ့ ဆူးခရို့စ်တို့လို သကြားဓာတ်တွေပါဝင်တာကြောင့် စွမ်းအင်မြန်မြန်ရစေပါတယ်။

(၆) မဂ္ဂနီဆီယမ်လည်း ပါဝင်တာကြောင့် အရိုးပါးအရိုးပွရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။

(၇) ပန်းနာရင်ကျပ်ရောဂါရှိသူတွေလည်း စားလို့ရပါတယ်။

(၈) အသက်ရှူလမ်းကြောင်းပိုးဝင်တာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

(၉) အိုမီဂါ၃ ဖက်တီးအက်စစ်လည်း ပါဝင်တဲ့အတွက် ကောင်းကျိုးရှိပါတယ်။

ပိန္နဲစေ့ကို ပြုတ်စားနိုင်သလား

ပိန္နဲစေ့ပြုတ်ကလည်း ကျက်အောင်ပြုတ်ပြီး စားလို့တော့ရပါတယ်။ ပိန္နဲစေ့ကလည်း ကယ်လိုရီ ပါဝင်မှုများပါတယ်။

ပိန္နဲသီးကို အခုနောက်ပိုင်းဆေးတွေသုံးပြီး မှည့်အောင်လုပ်လေ့ရှိတဲ့အတွက် အဲဒါကိုတော့ သတိပြုဆင်ခြင်သင့်ပါတယ်။ ဆေးထိုးလိုက်ရင် ဓာတုပစ္စည်းတွေဝင်သွားတဲ့အတွက် ကောင်းကျိုးထက် ဆိုးကျိုးကိုဖြစ်စေလို့ပါ. . .

သတိပြုရန်

ပိန္နဲသီးကို အခုနောက်ပိုင်းဆေးတွေသုံးပြီး မှည့်အောင်လုပ်လေ့ရှိတဲ့အတွက် အဲဒါကိုတော့ သတိပြုဆင်ခြင်သင့်ပါတယ်။ ဆေးထိုးလိုက်ရင် ဓာတုပစ္စည်းတွေဝင်သွားတဲ့အတွက် ကောင်းကျိုးထက် ဆိုးကျိုးကို ဖြစ်စေလို့ပါ။ ပိန္နဲသီးနဲ့ ပိန္နဲစေ့ပြုတ်ကိုများများစားရင် ရင်ပြည့်ပြီး အစာမကြေဖြစ်တတ်လို့ အလွန်အကျွံမစားသင့်ပါဘူး။ နည်းနည်းပဲစားသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top