Healthy Life Ad
Health Tips

လမ်းလျှောက်ခြင်းအစွမ်း

လမ်းလျှောက်တာက အလွယ်ကူဆုံး၊ အထိရောက်ဆုံးနဲ့ အန္တရာယ်အကင်းဆုံးလေ့ကျင့်ခန်း တစ်ခုဖြစ်တယ်ဆိုတာ သင်သိပါရဲ့လား။

လမ်းလျှောက်တာကြောင့် ရရှိနိုင်တဲ့ကောင်းကျိုးတွေက-

– စိတ်ဖိစီးမှု လျော့ကျစေပါတယ်။

– ဆေးလိပ်ပြတ်အောင် ကူညီပေးပါတယ်။

– နှလုံးကို သန်စွမ်းစေပါတယ်။

– ခြေထောက်ကိုနှိပ်နယ်ပေးသလို သွေးလှည့်ပတ်မှုကောင်းစေပါတယ်။

– ကြွက်သားတွေကို သန်စွမ်းကျန်းမာစေပါတယ်။

– သွေးတွင်း မကောင်းတဲ့ကိုလက်စထရောကို လျော့ကျစေပါတယ်။

– ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်မှုစနစ်ကို မှန်ကန်ကောင်းမွန်စေပါတယ်။

လမ်းလျှောက်တာကို တစ်နေ့ မိနစ် ၃၀ခန့် နေ့စဉ်မှန်မှန်လုပ်ဆောင်ပေးရင် ကျန်းမာရေးကိုကောင်းမွန်စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top