Healthy Life Ad
Health Tips

မကြာခဏဖြစ်တတ်သည့် ဝေဒနာတို့ကိုဖြေရှင်းနိုင်မည့် အစာများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

လူ့စိတ်ဆိုတာ အမြဲလိုလို ပြောင်းလဲနေတတ်ပါတယ်။ စိတ်ညစ်နေတဲ့အချိန်ရှိသလို ပျော်ရွှင်နေတဲ့ အချိန်လည်းရှိမှာပါ။ ဘယ်အချိန်ပဲဖြစ်ဖြစ် စိတ်နှလုံးအေးချမ်းတည်ငြိမ်မှုရရှိစေဖို့ ဘယ်အချိန်မှာ ဘယ် လိုအစားအစာကို စားသင့်တယ်ဆိုတာ သိထားသင့်ပါတယ်။

စိတ်စွမ်းအား ပြည့်ဝလိုလျှင်
နေ့တိုင်းလိုလို အလုပ်တွေလုပ်ရတာ ပင်ပန်းသလိုခံစားနေရပါသလား။ သင့်မှာ သံဓာတ်အလုံအ လောက်မရရှိတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အထူးသဖြင့် သင်က လစဉ်ရာသီသွေးဆင်းနေသူ အမျိုးသမီးဖြစ်ရင် သံဓာတ်ချို့တဲ့နေတာဖြစ်နိုင်ပါတယ်။

ဘာစားသင့်သလဲ
အနီရောင်အသား၊ ငါးနဲ့ ၀က်သားတွေကို များများစားပါ။ ဒါတွေက အကောင်းဆုံးတိရစ္ဆာန်ထွက် သံဓာတ်အရင်းအမြစ်တွေ ဖြစ်ပါတယ်။ တိရစ္ဆာန်အ သည်းမှာ သံဓာတ်အများဆုံးပမာဏပါဝင်ပေမယ့် သင့်မှာကိုယ်ဝန်ရှိနေရင် မစားသင့်ပါ။ သင်က သက်သတ်လွတ်စားသူဖြစ်ရင် ပဲပုပ်စေ့၊ ပဲနီလေး၊ ဟင်းနုနယ်နဲ့ အားဖြည့်ကွေကာတွေလို သံဓာတ်အများအပြားပါဝင်တဲ့ အပင်ထွက်အစားအစာတွေကို စားပေးနိုင်ပါတယ်။ သံဓာတ်ကို ခန္ဓာကိုယ်ကနေ စုပ်ယူအား ကောင်းစေဖို့ လိမ္မော်ရည်တစ်ခွက်နဲ့ တွဲဖက်မှီဝဲပါ။ သင်က လစဉ်ရာသီသွေးဆင်းများသူ ဖြစ်ရင် တခြား အမျိုးသမီးတွေထက် သံဓာတ်ကို ပိုမိုလိုအပ်နိုင်ပါတယ်။

ပူပင်စိတ်များနေလျှင်
အခွံချွတ်ထားတဲ့ ကောက်နှံစာ(ဥပမာ- ပေါင် မုန့်ဖြူ၊ ထမင်းဖြူ)နဲ့ သကြားပါတဲ့ ကော်ဖီတွေက သွေးတွင်းသကြားဓာတ်ကို ကမောက်ကမဖြစ်စေပြီး ကတုန်ကယင်ဖြစ်စေနိုင်ပါတယ်။


ဘာစားသင့်သလဲ
သွေးတွင်းသကြားဓာတ်အပြောင်းအလဲ မဖြစ် စေဖို့ အဆီနည်းအသား၊ ကျန်းမာရေးနဲ့ ညီညွတ် တဲ့အဆီနဲ့ အခွံချွတ် မထားတဲ့ ကောက်နှံစာ(ဥပမာ-ဆန်လုံးညို၊ ပေါင်မုန့်ညို)တို့ကို စားသင့်ပါတယ်။ သစ်သီးဝလံတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ ပဲသီးတို့ ကိုလည်း စားပေးဖို့လိုပါတယ်။

မကြာခဏ မေ့လျော့နေလျှင်
ကားသော့၊ အိမ်သော့တွေကို ဘယ်နေရာမှာ ထားမိမှန်း မသိတော့တာမျိုး မကြာခဏ ဖြစ်နေပါသလား။ ဒါက ဦးနှောက်အားကောင်းစေတဲ့ အာဟာရဖြစ်တဲ့ အိုမီဂါသရီးဖက်တီးအက်ဆစ်နဲ့ ဗီတာမင် B12 တို့ ချို့တဲ့တာကြောင့် ဖြစ်ရတာပါ။
အိုမီဂါသရီးနဲ့ ဗီတာမင် B12 တွေက ဦးနှောက် ထဲရှိ နူရွန်တွေကို စွမ်းအားကောင်းအောင် လုပ် ဆောင်နေပါတယ်။ ဗီတာမင် B12ချို့တဲ့တာက ဇဝေဇ၀ါဖြစ်တာ၊ ထုံကျဉ်တာနဲ့ ညောင်းညာနုံးနယ်တာတွေနဲ့ ဆက်စပ်မှုရှိနေပါတယ်။ အမေရိကန်လူမျိုး ၁၅ရာခိုင်နှုန်းဟာ ဗီတာမင် B12 စုပ်ယူနိုင်စွမ်းမှာ အ ခက်အခဲရှိတာကြောင့် ချို့တဲ့နေပါတယ်။

ဘာစားသင့်သလဲ
အဆီများတဲ့ ငါးတွေဖြစ်တဲ့ မက်ကရယ်ငါး၊ ထရောက်ငါး၊ ဟာအင်းငါး၊ တူနာငါးနဲ့ ဆယ်လ်မွန်ငါးတွေမှာ အိုမီဂါသရီးဖက်တီးအက်ဆစ်ပါဝင်တာ ကြောင့် ဦးနှောက်ကို ကျန်းမာစေပါတယ်။ ဗီတာ မင် B12 အများအပြားရရှိဖို့အတွက် တိရစ္ဆာန်ထွက်အသည်း၊ ဒိန်ချဉ်၊ ဒိန်ခဲ၊ ဥအမျိုးမျိုးတွေကို စားပေးနိုင်ပါတယ်။

မကြာခဏ ကြွက်တက်နေလျှင်
ခက်ခဲကြမ်းတမ်းတဲ့ အလုပ်တွေကို လုပ်ဆောင်ပြီး ချိန်မှာအနည်းငယ်ပင်ပန်းတာက ပုံမှန်ပဲ ဖြစ်ပေမယ့် ကြွက်တက်နေတယ်ဆိုရင်တော့ ပိုတက်စီယမ်နဲ့ မဂ္ဂနီစီယမ်လို ဓာတ်ဆားတွေလျော့နည်းနေတာကြောင့် ဖြစ်နိုင်ပါတယ်။ ချွေးထွက်များပြီး ဆိုဒီယမ်နဲ့ ပိုတက် စီယမ်တို့လျော့နည်းနေရင် ကြွက်သားတွေကျုံ့ဆန့်မှု ဖြစ်ကာ ခြေသလုံးနဲ့ ခြေထောက်တွေ နာကျင်မှုဖြစ် နေနိုင်ပါတယ်။

ဘာစားသင့်သလဲ
ငှက်ပျောသီးဟာ ပိုတက်စီယမ်ပါဝင်မှုအများဆုံး သစ်သီးတစ်မျိုးဖြစ်ပါတယ်။ ဆီးသီးနဲ့ လိမ္မော်ရည်တွေမှာလည်း ပိုတက်စီယမ်ပါဝင်နေပါတယ်။ မဂ္ဂနီစီယမ်ဓာတ်ရဖို့အတွက် အခွံမာသီး၊ ဟင်းနုနယ်ရွက်နဲ့ အခွံချွတ်မထားတဲ့ ကောက်နှံစာတွေကို စားပေးပါ။ ရေဓာတ်ခမ်းခြောက်တာကြောင့်လည်း ကြွက်တက်တာကို ဖြစ်စေနိုင်တာကြောင့် ရေကို အလုံအလောက်သောက်ပေးဖို့ မမေ့သင့်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top