Healthy Life Ad
Q & A

အဖြူဆင်းပြီး ယားယံနေလို့. . .

ဒေါက်တာမြတ်ထွဋ်ညွှန့်

မေး။ ။ အဖြူဆင်းပြီး ယားယံနေတာ ဘာဆေးသောက်ရ၊ လိမ်းရပါသလဲ။ နေရခက်နေလို့ပါ။ မေးရတာ အားတော့နာပါတယ်။
မနန်း (FB)

ဖြေ။ ။ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ အဖြူဆင်းရတဲ့ အကြောင်းများစွာရှိပါတယ်။ အဖြစ်များတဲ့ မှိုစွဲကပ်နာဖြစ်ရင်တော့ ပျစ်ပျစ်ချွဲချွဲဆင်းပြီး ယားယံတာတွေ၊ ရောင်ရမ်းတာတွေ ဖြစ်တတ်ပါတယ်။ ဘက်တီးရီးယားပိုးကြောင့် ဖြစ်ခဲ့ရင်တော့ အနံ့အသက် ညှီစို့စို့ဖြစ်ပြီး ခပ်ဖြူဖြူ တစ်ခါတလေ အ၀ါရောင်တွေ ဆင်းတတ်ပါတယ်။ ယားတာတွေ၊ နီပြီးရောင်နေတာတွေ ဖြစ်နိုင်ပါတယ်။ လိင်ကနေတစ်ဆင့် ကူးစက်တတ်တဲ့ ကလိုင်မိုင်းဒီးယားလိုရောဂါတွေမှာ စိမ်းဖန့်ဖန့်ခပ် ၀ါဝါတွေဆင်းပြီး ဆီးသွားတဲ့အခါ နာကျင်တာ၊ ယားယံတာတွေရှိပါတယ်။ အဖြူဆင်းတဲ့ အကြောင်းရင်းကိုလိုက်ပြီး ထိရောက်စွာ ကုသဖို့လိုပါတယ်။

အိမ်ထောင်ဖက်ကိုပါ ပြသပြီး အတူတူ ကုသဖို့လိုပါတယ်။ တချို့ အဖြူဆင်းခြင်းတွေဟာ တခြားအရေးကြီးတဲ့ အခြေအနေတစ်ခုခုကြောင့်လည်း ဖြစ်နိုင်သေးတဲ့အတွက် ကိုယ့်ဘာသာဆေးဝယ်မသောက်၊ ဆေးဝယ်မထည့်သင့်ပါဘူး။ ဆပ်ပြာအနုစားနဲ့ ရေခပ်နွေးနွေးသုံးပြီး ဆေးကြောပေးတားမျိုး၊ ခြောက်သွေ့သန့်ရှင်းအောင် ထားခြင်းမျိုး၊ ရောဂါဖြစ်နေစဉ် နဲ့ ကုသနေစဉ်မှာ လိင်ဆက်ဆံတာရှောင်ကြဉ်ခြင်း မျိုးလုပ်ပေးပါ။ အတွင်းထိ ဆေးကြောတာတွေ၊ ကိုယ်တိုက်ဆပ်ပြာလို ပုံမှန်ဆပ်ပြာသုံးပြီး ဆေးကြောတာတွေ ရှောင်ပါ။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top