Healthy Life Ad
Health Tips

မှတ်ဥာဏ် ကောင်းမွန်စေကြောင်း ဆရာဝန်အများစု အတည်ပြုထားသည့် နည်းလေးသွယ်

၊ ငွေကြယ်စင်ယံ ၊

မှတ်ဥာဏ်ဆိုတာ လူတွေနဲ့ အတူတွဲပါနေတဲ့ ဒိုင်ယာရီစာအုပ်ပဲ ဖြစ်ပါတယ်။ အဲဒီစာအုပ်ထဲမှာ လေ့လာသင်ယူထားတဲ့ အရာတွေ ရှိပါတယ်။ မှတ်ဥာဏ်ကောင်းမွန်စေတဲ့ သိပ္ပံနည်းကျလေ့လာထားတဲ့ နည်းလမ်းလေးခုကို ဆရာဝန်တချို့က အတည်ပြုလက်ခံထားပါတယ်။

(၁) အေရိုးဗစ်လေ့ကျင့်ခန်း
လွန်ခဲ့တဲ့နှစ်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ရပ်အရ အသက် ၅၀ကျော်အရွယ်တွေအနေနဲ့အေ ရိုးဗစ်လေ့ကျင့်ခန်းကို ခြောက်ပတ်ကြာ ပြုလုပ်ပြီးချိန်မှာ မှတ်ဥာဏ်သိသိသာသာ ကောင်းမွန်လာ တယ်လို့သိရပါတယ်။ “အေရိုးဗစ် လေ့ကျင့်ခန်း ပြုလုပ်တာက ဦးနှောက်ရဲ့ အရှေ့ပိုင်းနေရာကို သွေးလှည့်ပတ်မှုကောင်းစေတာကြောင့် မှတ်ဥာဏ်ကို သိသိသာသာ ကောင်းမွန်စေတာ ဖြစ်ပါတယ်”လို့ အာရုံကြောသိပ္ပံဂျာနယ်မှာ ဖော်ပြထားပါတယ်။

(၂) ဗိုက်အဆီ လျှော့ချခြင်း
ဝမ်းဗိုက်အဆီများတာက မေ့လျော့တာနဲ့ ဆက်စပ်နေတဲ့ သူငယ်ပြန်မှတ်ဥာဏ်လျော့နည်းရောဂါကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဗိုက်အဆီလျှော့ချပြီး ၀မ်းဗိုက်ချပ်ရပ်အောင် လေ့ကျင့်ခန်း ပြုလုပ်ပေးပါ။

(၃) ဦးနှောက်ဂိမ်း ကစားခြင်း
လေ့လာမှုတွေအရ မှတ်ဥာဏ်ကို သုံးရတဲ့ဂိမ်းတွေက ဦးနှောက်ရဲ့ မှတ်မိနိုင်စွမ်းနဲ့ ပြဿနာ ဖြေရှင်းနိုင်စွမ်းကိုတိုးစေတယ်လို့ သိရပါတယ်။ ဒီဂိမ်းတွေကဥာဏ်ပညာကိုတိုးစေတာ မဟုတ်ပါဘူး။ မှတ်ဥာဏ်စွမ်းရည်ကိုကောင်းစေတာ ဖြစ်ပါတယ်။ ဒီလိုအရည်အချင်းရှိတာကြောင့် အရာရာကို ပြန်လည်မှတ်မိနိုင်စွမ်း ပိုမိုကောင်းမွန်မြန်ဆန်စေပါတယ်။

(၄) အရက်လျှော့သောက်ခြင်း
အာရုံကြောဆိုင်ရာ ဂျာနယ်ရဲ့ လေ့လာမှုအရ အမျိုးသားတွေက အမျိုးသမီးတွေထက် အရက် သောက်တာကြောင့် မှတ်ဥာဏ်ကို ပိုမိုထိခိုက်စေတယ်လို့သိရပါတယ်။ တစ်နေ့ အရက်နှစ်ခွက်ခွဲ ကျော်သောက်တဲ့ သက်လတ်ပိုင်း အမျိုးသားတွေက အရက်အနည်းငယ်ပဲသောက်သူ အမျိုးသားတွေထက် ခြောက်နှစ်ကျော်အကြာမှာ မှတ်ဥာဏ်ကျဆင်းမှုလက္ခဏာတွေကို ပိုမိုပြလွယ်တယ်လို့ လေ့ လာမှုမှတ်တမ်းတွေအရသိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top