Healthy Life Ad
Health Tips

အဆီလောင်ကျွမ်းနှုန်း မြန်ဆန်ပြီး အသည်းသန့်စင်စေမည့် အစာလေးမျိုး

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)


(၁) ဂရိတ်ဖရု
လတ်လတ်ဆတ်ဆတ်ညှစ်ပြီး ဖျော်ထားတဲ့ ဂရိတ်ဖရုဖျော်ရည်မှာ အင်တီအောက်ဆီးဒင့်နဲ့ ဗီတာမင်စီ ပါဝင်တာကြောင့် အသည်းရဲ့ သဘာဝသန့်စင်စေတဲ့ဖြစ်စဉ်ကို အားကောင်းစေပါတယ်။


(၂) ချင်း(ဂျင်း)
ချင်း(ဂျင်း)မှာအစွမ်းထက်အင်တီအောက်ဆီးဒင့်ပါဝင်တာကြောင့် ဖရီးရယ်ဒီကယ်တွေနဲ့ မကောင်းတဲ့ အဆိပ်အတောက်တွေကို တွန်းလှန်ပေးပါတယ်။


(၃) နနွင်းမှုန့်
နနွင်းမှုန့်မှာ ရောင်ရမ်းမှုကျစေတဲ့ အစွမ်းရှိပါတယ်။ ဒါ့အပြင် အင်ဇိုင်းတွေရဲ့ လုပ်ဆောင်မှုကို အားကောင်းစေတဲ့အတွက် အသည်းကနေ ကင်ဆာဖြစ်စေတဲ့ ဓာတ်တွေကို တွန်းထုတ်ပေးနိုင်ပါတယ်။


(၄) မုန်လာဥနီနှင့် ဥနီ (Beets)
စားနေကျ အစားအသောက်ထဲ မုန်လာဥနီနဲ့ ဥနီ(Beets)တွေ ထည့်စားတာကြောင့် အသည်းကို သိသိသာသာ လှုံ့ဆော်ပေးပြီး အထွေထွေကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top