မိန်းမဖြစ်သူသည် မိမိကိုယ်ကိုယ်မှန်ထဲကြည့်ပြီး ယောက်ျားဖြစ်သူကို ပြောသည်။
” ကျွန်မအသားလည်း မည်းလာတယ်.. ၀လည်း ၀လာတယ်.. ရုပ်လည်း ကျလာပြီး ကြည့်ရဆိုးလာလို့ စိတ်ဓာတ်တောင်ကျလာပြီ. . . ရှင် . .ကျွန်မ အားတက်အောင် ကောင်းကွက်လေး ဘာလေးရှာပြီး အား ပေးပါဦးတော်”
“ စိတ်ဓာတ်မကျပါနဲ့ မိန်းမရာ . . မင်းမှာ အမြင်အာရုံကောင်းတဲ့ မျက်လုံးတစ်စုံနဲ့ အမှန်အတိုင်း သိသေးတဲ့ ဦးနှောက်ကျန်ပါသေးတယ်”