Healthy Life Ad
Life Style

အိချောပို၏ကျန်းမာလှပလူမှုဘဝ

– လတ်တလော အနုပညာလှုပ်ရှားမှုလေး ပြောပြ ပေးပါဦး။

ကိုမနောရဲ့ညွှန်းဖွဲ့မမှီသီချင်းလေး MTV ရိုက်နေတယ်။ ဘတ်ကီးမရုပ်ရှင်ကားကြီးကို ကိုခန့်စည်သူ နဲ့ရိုက်ထားပါတယ်။ ခေတ်သစ်ဧကရီအနုပညာကပွဲကိုလည်း စက်တင်ဘာလ ၉ ရက်နေ့မှာ အမျိုးသား ကဇာတ်ရုံမှာပြုလုပ်ခဲ့ပါတယ်။ ကျော်ကျော်နဲ့သိန်းလင်းစိုးက မင်းသားတွေပေါ့… အိချောရယ်၊ နန်းသူဇာရယ်နဲ့ ခင်ဝင့်ဝါက လူရွှင်တော်ပေါ့။

– တစ်နေ့တာ အသားအရေထိန်းသိမ်းပုံလေးကိုလည်း ပြောပြပါဦး။

အိချောက ရေများများသောက်တယ်။ နေကာခရင်မ်သေချာလိမ်းဖြစ်တယ်။ မိတ်ကပ်တွေနေ့တိုင်း လိမ်းရတော့အသားအရေမပျက်စီးအောင်တော့ သေချာဂရုစိုက်ရပါတယ်။

– ကျန်းမာရေးနဲ့အလှအပအတွက် လိုက်နာလေ့ရှိတဲ့ နည်းလမ်းလေးတွေရှိရင်လည်း ပြောပြပေးပါဦး။

အိချောက အသီးအရွက်ကြိုက်တော့ များများစားဖြစ်တယ်။ ရေများများသောက်တယ်။ မီးထိုးမှန်ထိုးတွေနဲ့ အိချောတို့က အမြဲထိတွေ့နေရတော့ အသားအရေက တခြားလူတွေထက် ပိုပြီး ပျက်စီးတော့ ကြေးချွတ်ပေါင်းတင်တာကိုတော့ မကြာခဏလုပ်ပေးဖြစ်ပါတယ်။ မျက်နှာအသားအရေ ထိန်းသိမ်းမှုကိုလည်း ပုံမှန်လေးဆိုင်မှာလုပ်ဖြစ်ပါတယ်။

– အစားအသောက်ကိုရော ကျန်းမာရေးနဲ့ညီညွတ် အောင်စားလေ့ရှိသလား။

မနက်စာကို သေသေချာချာ များများစားဖြစ်ပါတယ်။ ညစာကိုတော့ သိပ်မစားဖြစ်ပါဘူး။ ညစာကများများစားမိရင် အဆီပိုတွေ ဖြစ်စေလို့ပါ။ ညဘက်မှာ အသီးအနှံတွေကိုပိုစားဖြစ်ပါတယ်။

– စိတ်ဖိစီးမှုဖြစ်လာရင်ကော ဘယ်လိုထိန်းချုပ်ဖြစ်လဲ။

စိတ်ဖိစီးမှုတွေရှိလာရင် အိချောကစိတ်ကိုတည် ငြိမ်အောင်စုစည်းတယ်။ ဘာကြောင့်ဆိုတာကို အဖြေရှာတယ်။ ပြီးရင်အိပ်ရေး၀၀အိပ်ပစ်လိုက်တယ်။

– ဆွေမျိုးမောင်နှမတွေကို ဘယ်လိုကျန်းမာရေးအကြံ ပေးတတ်လဲ။

အပူအအေးမျှအောင်နေထိုင်ဖို့၊ ရေများများသောက်ဖို့တော့ ပြောဖြစ်တယ်။ ရာသီဥတုကလည်း အပြင်မှာဆိုရင် အရမ်းပူတယ်။ အပူအအေးမမျှရင် အပူရှပ်ပြီးဖျားတာတွေ ဖြစ်တတ်ကြတယ်လေ.. အဲ့ဒါကြောင့် ရေများများသောက်ဖို့တော့ ပြောဖြစ်ပါတယ်။

– ပရိသတ်ကို ပေးချင်တဲ့ကျန်းမာရေး အကြံဥာဏ်ရှိရင် ပြောပြပေးပါဦး။

ပရိသတ်ကြီးလည်း ကျန်းမာရေးဂရုစိုက်ပါ။ နေမကောင်းဖြစ်ရင်ဆေးခန်းသွားပြီး ဆေးကုသမှုကို သေချာခံယူပါ၊ ဆေးခန်းမကြောက်ပါနဲ့လို့ ပြောချင်ပါတယ်။ ပြီးတော့ ကျန်းမာရေးကောင်းအောင် ရေများများလည်း သောက်သင့်ပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top