Healthy Life Ad
Humour

ညံ့တယ်ဆိုတာ သေချာနေပြီ

ငါတော်ငါတတ်လို့ ကိုယ့်ကိုယ်ကိုယ်ဘ၀င်မြင့်နေတဲ့ ဒေါက်တာတစ်ယောက်ထံသို့ ရွာတစ်ရွာမှ လူနာတစ်ယောက်ရောက်လာလေသည်။
“အနာက ပိုးဝင်ပြီး တော်တော်ဆိုးနေတာပဲ. . ငါ့ဆီမလာခင် ဘယ်သူနဲ့ပြထားသေး လဲ”
“ကျွန်တော်တို့ရွာက ဆေးဆရာလေးနဲ့ပြပြီး အကြံဥာဏ်တွေယူထားပါတယ်ခင်ဗျာ”
“တော်တော်ညံ့တဲ့သူပဲ… ဒီလိုညံ့တဲ့သူပြောတဲ့ အကြံဥာဏ်တွေကလည်း ဘယ်လိုလုပ်အသုံးဝင်မှာလဲ… မင်းကို သူက ဘာတွေပြောလိုက်သေးလဲ”
“သူက ဆရာဆီသွားပါလို့ ပြောလိုက်ပါတယ်ခင်ဗျ”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top