Healthy Life Ad
Health Tips

စာကောင်းပေမွန်ဖတ်ခြင်းကြောင့် အရွယ်မရွေးရနိုင်သည့် ကျန်းမာရေးအကျိုးကျေးဇူးများ

ကိုမိုး
စာဖတ်ဝါသနာပါပြီး စာဖတ်ပေးတာက သင့်ဦးနှောက်ကို အယ်လ်ဇိုင်းမားရောဂါမဖြစ်အောင် ကာကွယ်ပေးပြီး စိတ်ဖိစီးမှုအဆင့် လျော့နည်းကာ အကောင်းမြင်အတွေးတွေကို တွေးစေပါတယ်။ စာအုပ်ကို ဖွင့်ဖတ်တာကြောင့် သင့်ဦးနှောက်နဲ့ခန္ဓာ ကိုယ်ကို အောက်ပါအကျိုးကျေးဇူးတွေ ရရှိစေပါတယ်။

 

အာရုံစူးစိုက်နိုင်စွမ်း ကောင်းမွန်စေပါတယ်
စာဖတ်တာက တီဗီကြည့်တာ၊ ရေဒီယို နားထောင်တာထက် သင့်ဦးနှောက်ကို အလုပ်မျိုးစုံလုပ်ဖြစ်စေပါတယ်။ ကော်ဖီဖျော်စက်အသုံးပြုပုံ အညွှန်းစာကအစ၊ ဗဟုသုတရှိတဲ့ စာပေတွေအဆုံးစာလုံးတွေကို မှတ်သားတာကြောင့် ဦးနှောက်ရဲ့ မြင်နိုင်စွမ်း၊ ဘာသာစကား၊ လေ့လာနိုင်စွမ်း စတာတွေကိုပါ အလုပ်လုပ်ဖြစ်စေပါတယ်။ စာဖတ်တာက ဦးနှောက်ရဲ့ တွေးခေါ်နိုင်စွမ်းနဲ့ အာရုံစူးစိုက်နိုင်စွမ်းကို ပိုမိုကောင်းမွန်စေပါတယ်။

လေ့ကျင့်ခန်းလုပ်ချင်စိတ် ထက်သန်လာပါတယ်
ကမ္ဘာကျော်အနုပညာရှင်တွေရဲ့ နုပျိုတက်ကြွတဲ့ အလှတရားနဲ့ အောင်မြင်မှုအကြောင်း ဖတ်ရတဲ့အခါ လေ့ကျင့်ခန်းလုပ်ချင်စိတ် ပိုဖြစ်ပေါ်လာပါတယ်။ ဒီစာအုပ်တွေက သင်ရဲ့ လေ့ကျင့်ခန်းကျင့်စဉ်မှာ အရေးပါတဲ့ အဖော်ဖြစ်လာသလို လေ့ကျင့်ခန်းအတွက် ခွန်အားလည်း ဖြစ်စေပါတယ်။

ဦးနှောက်ကို နုပျိုစေပါတယ်
စာအုပ်ကောင်းတစ်အုပ် ဖတ်မှတ်ရတာကြောင့် စိတ်ပျိုကိုယ်နုကာ ဥာဏ်ရည်ဥာဏ်သွေးတွေ သစ်လွင်နေတတ်ပါတယ်။ စာဖတ်တာလို တွေးခေါ်စဉ်း စားရတဲ့လုပ်ဆောင်မှု လုပ်လေ့ရှိသူတွေက စာမဖတ်သူတွေထက် အသက်ကြီးချိန်မှာ မှတ်ဥာဏ်စွမ်းအား ကျဆင်းနှုန်း ၃၂ ရာခိုင်နှုန်း ပိုမိုလျော့နည်းပါတယ်။ ဦးနှောက်သုံးရတဲ့ လေ့ကျင့်ခန်းတွေကို လုပ်တာကြောင့် အသက်အရွယ်ကြီးချိန်အထိ တွေးခေါ်နိုင်တဲ့ စွမ်းအားကောင်းမွန်စေပါတယ်။ စာဖတ်တာအပြင် ချက်စ်ကစားတာ၊ ပဟေဠိအဖြေညှိတာတို့လို ဦးနှောက်ကို စိန်ခေါ်ရတဲ့ ကစားနည်းတွေကို ပုံမှန်ပြုလုပ်တာကြောင့် အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေကို နှစ်ဆခွဲလောက် လျော့နည်းစေပါတယ်။

စိတ်ဖိစီးမှု ကင်းစင်စေပါတယ်
ခွန်အားရှိတဲ့စာတွေကို ဖတ်တာကြောင့် ကျန်းမာရေးထိခိုက်စေတဲ့ စိတ်ဖိစီးမှုဟော်မုန်း ကော်တီစောအဆင့် လျော့ကျစေပါတယ်။ ဗြိတိန်လေ့လာမှုအရ စိတ်ဖိစီးမှုများနေသူတွေကို စာဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း၊ ဂိမ်းကစားခြင်း စတာတွေကို အသီးသီးလုပ်ခိုင်းခဲ့တဲ့အခါ စာဖတ်တဲ့သူတွေက စိတ်ဖိစီးမှု အဆင့် ၆၇ ရာခိုင်နှုန်း လျော့ကျပြီး ဂိမ်းကစားသူနဲ့ သီချင်းနားဆင်သူတွေထက် ပိုလျော့ကျတာကိုတွေ့ရပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top